တစ်ပိုင်တစ်နိုင်ပြုလုပ်သင့်တဲ့ စားဖားမွေးမြူရေး
မြန်မာ့ဒေသစားဖားတွင် အသားဓါတ်၊ အဆီဓါတ်၊ ကစီဓါတ်၊ ထုံးဓါတ်၊ သံဓါတ်၊ဗီတာမင်-အေ၊ ဗီတာမင် ဘီ -၁၊ ဗီတာမင် ဘီ-၂ နှင့် ဗီတာမင်-စီ ဆိုသည့် အာဟာရဓာတ်များပါဝင်ကြပါသည်။
စားဖားသည် တောင်သူတို့အတွက် အကျိုးပြုသတ္တဝါတစ်မျိုးဖြစ်ပြီး မိမိလယ်ယာအတွက် အကျိုးပြုအနေဖြင့်လည်းကောင်း၊ စီးပွားဖြစ်မွေးမြူခြင်းအတွက်လည်းကောင်း တစ်ပိုင်တစ်နိုင် မွေးမြူသင့်သော လုပ်ငန်းတစ်ခုဖြစ်ပါသည်။
ဖားကို ကန်အတွင်းမွေးမြူခြင်း
(က) နေရာရွေးချယ်ခြင်း
၁။ အိမ်နှင့်နီးပြီး ကြည့်ရန်လွယ်ကူ၍ အန္တရာယ်ကို ကာကွယ်နိုင်သည့်နေရာ။
၂။ ရေမရောက်နိုင်သည့် ကုန်းမြင့်နေရာ။
၃။ မြေပြန့်ခြံနှင့် ခြံထဲ၌ရေကန်ကို လွယ်ကူစွာဆောက်နိုင်သည့်နေရာ။
၄။ ရေရရှိနိုင်မှု နီးသည့်နေရာ။
၅။ လမ်းမကြီးနှင့်ဝေးပြီး တိတ်ဆိတ်သည့်နေရာ။ (ဖားများသည်ငြိမ်နေမှ အကောင်ကြီးမြန်ကြသောကြောင့်ဖြစ်သည်။)
(ခ) မွေးမြူရန် ဖားမျိုး
- လယ်ထဲမှ ဖားမျိုးဖြစ်ပြီး စနစ်တကျမွေးမြူပါက (၄-၅) လ အတွင်း တွင်းဖား(၄-၅)ကောင်၏ အလေးချိန်မှာ ၁ ကီလိုဂရမ်ထိ ရှိလာနိုင်ပါမည်။
- အထီးမှာ အမထက် သေးငယ်၏။ အထီးကို ပက်လက်လှန်လိုက်ပါက အသံအိုးများကို ပါးချိတ် ၂ ဖက်အောက်တွင် အတန်းလိုက်တွေ့ရပါမည်။
- မိတ်လိုက်သည့်အချိန်တွင် ဖားအဖိုသည် အသံအိုးပါးလွှာလာပြီး အကြည်ရောင်ရှိသည်အထိ ဖောင်းလာအောင် အသံကို ကျယ်လောင်စွာအော်ပါသည်။
(ဂ) ဖားမွေးမြူရေးကန်တစ်ကန်တွင် မွေးမြူနိုင်သော ဖားအရေအတွက်
- ကန်အရွယ်အစား ၁ စတုရန်းမီတာတွင် ဖားကောင်ရေ (၅၀-၁၀၀)ထိ မွေးနိုင်ပါသည်။
- မွေးသည့်အခါ ဖားအရွယ်အစား တစ်ရွယ်တည်းဖြစ်ရပါမည်။ အရွယ်မညီပါက ဖားအငယ်များ ဆုံးရှုံးတတ်၍ဖြစ်သည်။
(ဃ) အစာကျွေးခြင်း
- အစာစိမ်း ---ခူကောင်၊ ခြ၊ ငါးအူ၊ ကြက်အူ နှင့်
- အစာခြောက်---ငါးခူစာနှင့် ဖားစာတို့ကို တစ်နေ့ ၂ ကြိမ် (နံနက်နှင့် ည) ကျွေးရပါမည်။
- ကန်တွင် အစာဟောင်းများကျန်နေပါက ရေပုပ်တတ်ပါသည်။
(င) ဖားမွေးမြူရန် လိုအပ်သည်များမှာ
- ၁ လက်မအရွယ် ဖားများ
- ငါးခူအလတ်စာ
- ငါးခူကြီးစာ
- အခင်းပလတ်စတစ် (3.6 m×6 m) ၁စ
- အကာပလတ်စတစ် (3.6 m×12 m) ၁စ
- EM (၁) လီတာ
- ဆားခဲ ၁ထုပ်
- ပိုက်စိမ်း ၁ လိပ် တို့ လိုအပ်ပါသည်။
(စ) အကျိုးရလာဒ်
- ဖားကောင်ရေ (၅၀၀) မွေးမြူလျှင် ၈၀ %ခန့် အောင်မြင်နိုင်ပြီး အကောင် (၄၀၀) ခန့် ကျန်ပါမည်။
- မွေးမြုကာလ (၄-၅) လ အတွင် ဖား (၄-၅) ကောင် အလေးချိန်မှာ ၁ ကီလိုဂရမ်ထိ ရှိလာနိုင်ပါသည်။
(ဆ) ကန်သန့်ရှင်းရေး
- တစ်နေ့တစ်ကြိမ် ရေလဲလှယ်ပေးပါ။
- အသုံးအဆောင်များကို ပိုးသတ်ပါ။
- ကရိုရင်းဆေး (chlorine 0.51 ppm) ကို ရေလဲတိုင်း ထည့်ပေးပါ။
- ကန်အတွင်း ဖားအကောင်ရေများလျှင် ကန်ခွဲပြီးထားပါ။ အကောင်ရေကြပ်လျှင် ရောဂါများ ဖြစ်ပွားနိုင်ပါသည်။
- သုံးသောရေ သန့်ရှင်းရေး အထူးဂရုပြုရပါမည်။
ဖားရောဂါနှင့် ကာကွယ်ကုသနည်း
၁။ ဖားဗိုက်ပွရောဂါ
နေရာကြပ်ခြင်း၊ လိုသည်ထက်ပို၍ အစာကျွေးခြင်း၊ ရေပုပ်ခြင်းတို့ကြောင့်ဖြစ်ရပြီး ကန်အတွင်း နနွင်းမှုန့်ထည့်ပေးပါ။
၂။ ဖားဦးခေါင်းနှင့် ကျောတွင် အနာဖြစ်ခြင်း
ကန်ရေမသန့်ခြင်းကြောင့်ဖြစ်ပြီး EM ကို ကန်အတွင်းထည့်ပေးပါ။
၃။ ဖားခြေထောက်နီရောဂါ
အစာမစားခြင်း၊ အလေးချိန်လျော့သွားခြင်း၊ အရေခွံအရောင်ပြောင်းသွားခြင်း၊ ပိန်လှီသွားခြင်း၊သွေးဥများ ဖားတစ်ကောင်လုံးအပေါ်တွင် တွေ့ရှိရခြင်းနှင့် အနာများပေါက်နေခြင်း၊ ဖားပေါင်အနောက်ဘက်တွင် အနီကွက်များဖြစ်ခြင်း၊ ကိုယ်တွင်း သွေးထွက်ခြင်းများ ဖြစ်ပွားပါက တက်ထရာဆိုက်ကလင်း Tetracycline(50-100) mg ကို ဖားအလေးချိန် 1kg ရှိသော အစာနှင့် ရောကျွေးပါ။
၄။ ဖားမျက်စိဖြူ လည်လိမ် ဖျင်းရောဂါ
မျက်စိမှုန်ခြင်း၊ မမြင်ရခြင်း၊ မျက်စိတွင် အနာပေါက်ခြင်း၊ အကြောများဆွဲပြီး ပက်လက်လန်နေခြင်း၊ ပတ်ချာလည် လည်နေခြင်းများ ဖြစ်ပွားပါက ရောဂါဖြစ်နေသောဖားများကို ခွဲပြီးထားရမှာဖြစ်ပြီး အိုင်အိုဒင်းပိုးသတ်ဆေး (သို့) ဖန်ဆေးမှုန့် (potassium permanganate) ကို ရေ ၁ လီတာဖြင့်ရောစပ်ပြီး စိမ်ထားပေးပါ။
ပင်လယ်ပြာ(ငါးဦးစီး)
Ref: Lugyan Gyi ၏ “ဖားမွေးမြူရေး စာမျက်နှာ“။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ဖားမွေးမြူနည်း
kyawmin
လွန်ခဲ့သော ၄ နှစ် ကမွေးချင်တယ်
U Tin Tun Naing
လွန်ခဲ့သော ၄ နှစ် ကလိုအပ်လျှင်ကူညီကြပါအုံးဗျ
U Tin Tun Naing
လွန်ခဲ့သော ၄ နှစ် ကလားရှိုးမှာစမွေးကြည့်နေပါတယ်ဗျ
San Lin Kyi
လွန်ခဲ့သော ၄ နှစ် ကဖားသားပေါက်တွေရပါတယ်ဗျ နယ်ဝေးသမားတွေ အဆင်ပြေအောင် အဝေးပြေး ကားတင်ပေးပါတယ်ဗျ သန်လျင်မြို့နယ်။ 09778044883,09665565171
နှင်းဖြူဖြူ
လွန်ခဲ့သော ၄ နှစ် ကအပေါ်က ဖုန်းနံပါတ်တွေ ကို ဆက်ပီး မေးကြည့်ပါ
ဆက်စပ်မေးခွန်းများ
မွန်ပြည်နယ်မုတ္တမတွင်ငါမွေးမည်ဆိုပါကဘယ်ငါးအမျိုးစားကအသင့်တော်ဆုံးလဲဘယ်ငါးအမျိုးစားကဈေးပိုကောင်းလဲဈေးကွက်ကိုရောဘယ်လိုရောင်းရလဲ
Win Min Htwe • ဖြေကြားချက် 2 ခု
မွေးမြူရေ
aung zin oo • ဖြေကြားချက် 0 ခု
ငါး.ဘယ်လိုပုံစံနဲ့မွေးမြူရမလဲဆိုတာသိချင်လို့ပါ
sawkyawshwe • ဖြေကြားချက် 0 ခု
ဒီနေ့ ငါးဈေးနှုန်းတွေသိချင်ပါတယ်
Tun Wanna Kyaw • ဖြေကြားချက် 1 ခု
တာပေါ်လစ်နဲ့ ငါးရှဥ့် အကောင်ရေ ၅ ရာ မွေးချင်လို့ပါ ငါရှဥ်ကန်လုပ်နည်းလေးပြေားပြပေးပါ သားပေါက်ရောင်းမဲ့သူရှိလဲ လမ်ညွှန်ပေးပါ ဧရာဝတီတိုင်း ဘိုကလေး ကပါ
ခိုင်ဇော် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026