အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငါးတန်ငါး မွေးမြူနည်း

ငါးတန်ငါး မွေးမြူနည်း

တောင်ဗီယက်နမ်မှ ပန်ကားဆပ် ငါးခူမျိုးဝင် ငါးတန်သည် အများဆုံးမွေးမြူထုတ်လုပ်နေသည့် ငါးတန်ငါးအမျိုးအစား ဖြစ်သည်။ငါးတန်ကို ကန်ဖြင့်သော်လည်ကောင်း၊ ခြံလှောင်ကန်ဖြင့်သော်လည်းကောင်း မွေးမြူနိုင်ပါသည်။ အပင်ထွက် အစေ့ အဆန်များကိုအခြေခံကာ အသားဓာတ်ဖြစ်သော ငါးပေါင်းမှုန့် သို့မဟုတ် တိရစ္ဆာန်အသားဘေးထွက်ပစ္စည်းအနည်းငယ်ပါရုံမျှ ထည့်သွင်းထားသောစပ်စာကို ကျွေးမွေးနိုင်သည်။ ငါးတန်သည် လေကိုမြိုချရယူပြီး အသက်ရှူနိုင်သောငါးမျိုး ဖြစ်သည်။

မွေးမြူရေးတွင်အသုံးပြုနေသော ငါးတန်မှာ မျိုးစိတ်(၃)မျိုး ရှိပါသည်။ လမ်းလျှောက်ငါးတန်(Walking Catfish)တွင် နှစ်မျိုးရှိပြီး သိပ္ပံအမည်အားဖြင့် Clarias batrachus နှင့် Clarias macrocephalus ဟု ခွဲခြားမှည့်ခေါ်ထားပါသည်။ အခြားငါးတန်တစ်မျိုးမှာ ငွေရောင်ငါးတန်(Silver striped catfish) ဟု ခေါ်ဆိုကြပြီး သိပ္ပံအမည်မှာ Pangasius sutchi ဖြစ်ပါသည်။ ငွေရောင်ငါးတန်သည် လမ်းလျှောက်ငါးတန်ထက် ရောဂါကျရောက်မှုကို ပိုမိုခံနိုင်ရည်ရှိပါသည်။

ငွေရောင်ငါးတန်အား အသားတိုးမွေးမြူရာတွင် အများအားဖြင့် ၀.၄ မှ ၀.၆ ဧကခန့် ကျယ်ဝန်းသောကန်များကို အသုံးပြုလေ့ရှိပါသည်။သားပေါက် မထည့်သွင်းမီကန်အား ကြိုတင်ပြင်ဆင်မှုအဖြစ် သားစားငါးရိုင်းများအား ရှင်းလင်းခြင်းကို ဆောင်ရွက်သော်လည်း ကန်၏ရေသြဇာဓာတ် အတွက် မြေသြဇာအား ထည့်သွင်းလေ့မရှိပါ။

သားပေါက်ထည့်သွင်းနှုန်းမှာ တစ်ဧကလျှင် သားပေါက်ကောင်ရေ ၁၂၀၀၀ မှ ၂၀၀၀၀ ခန့်အထိ ထည့်သွင်းမွေးမြူလေ့ရှိပါသည်။ ငါးနုတ်၊ ငါးဖွဲများနှင့် ငါးပေါင်းမှုန့်များအား ဖြည့်စွက်စာအ​ဖြစ် ကျွေးမွေးလေ့မရှိဘဲ မီးဖိုချောင်မှ စွန့်ပြစ်အသီးအရွက်များကိုသာ အသုံးပြုလေ့ရှိပါသည်။ 

ငါး၏ကြီးထွားနှုန်း၊ သားပေါက်ထည့်သွင်းနှုန်းနှင့် စျေးကွက်ပေါက်စျေး အနေအထားပေါ်မူတည်ပြီး မွေးကာလ ၈ လ မှ ၁ဝ လခန့်တွင် ကန်ဖော်ဖမ်းဆီး ထုတ်လုပ်လေ့ရှိပါသည်။ သာမန်အားဖြင့် ငါးတန်များသည် မွေးကာလ ၈ လမှ ၁၀ လအတွင်း ၁ပိဿာကျော်ခန့်အထိ ကြီးထွားလေ့ရှိပါသည်။

ငါးတန်များအား ရေဝင်ဆံ့မှုပမာဏ ၁၅ တန်( ၁တန်= အလျား ၃.၃ ပေ၊ အနံ  ၃.၃ ပေနှင့် အနက် ၃.၃ ပေ)မှ တန် ၂၀ ရှိသော သစ်သားလှောင်အိမ်များဖြင့်လည်း မွေးမြူနိုင်ပါသည်။ လှောင်အိမ်များအား ဝါးပိုးဝါးများဖြင့် ဖောင်ဖွဲ့ပြီးမြစ်၊ ချောင်းများအတွင်း ချထားပြီး မွေးမြူနိုင်ပါသည်။ သားပေါက်ထည့်သွင်းနှုန်းမှာ ရေ ၁ တန်လျှင် ၃ လက်မ မှ ၄ လက်မ အရွယ် သားပေါက်ကောင်ရေ ၅၀ နှုန်းဖြင့် ထည့်သွင်းမွေးမြူပါသည်။

ငါးများအား နွားချေး၊ ကြက်ချေး နှင့် ဖွဲနုအား ၃း၁ ဖြင့် ရောစပ်ထားသော ဖော်စပ်အစာ(အစို) အား ကျွေးမွေးပါသည်။ ငါးများ၏ရှင်သန်နှုန်းမှာ ၈၀ % မှ ၉၀ % ခန့်အထိ မြင့်မားပြီး မွေးမြူကာလ ၁၂ လမှ ၁၅ လအတွင်းတွင် ၆၅ ကျပ်သားအရွယ်ခန့်အထိ ကြီးထွားလေ့ရှိပါသည်။ထွက်ရှိမှုနှုန်းထားမှာ အလျား ၃.၃ ပေ၊ အနံ ၃.၃ ပေနှင့် အနက် ၃.၃ ပေရှိသော ရေထုတစ်တန်လျှင် ၂၅ ပိဿာခန့် ထွက်ရှိနိုင် ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

nay lay

nay lay

လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးဗျာ ငါခူစမွေးချင်လို့ပါ အိမ်မာအသေးဖွဲ 100လောက်ကစချင်တာ ဘယ်လိုစရမလဲ မသိသေးလို့ပါ

နှင်းဖြူဖြူ

နှင်းဖြူဖြူ

လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးတင်ပါတယ်ရှင့်...

MR FISH

MR FISH

လွန်ခဲ့သော ၂ နှစ် က

ဟုတ်ကဲ့ပါခင်ဗျ။ မျှဝေတာပါဗျ။ တင်ဆက်ပေးတာတွေလဲ ပညာရပါတယ်ဗျ

နှင်းဖြူဖြူ

နှင်းဖြူဖြူ

လွန်ခဲ့သော ၂ နှစ် က

ဟုတ်ကဲ့ပါရှင့်။ မှတ်သားထားပါမယ်

MR FISH

MR FISH

လွန်ခဲ့သော ၂ နှစ် က

walking catfish, Clarias batrachus က လယ်ငါးခူကိုခေါ်တာပါဗျ။ အကြံပြုတာပါ။ ငါးတန်တွေအတွက် nutritional requirements အတိုင်း တွက်ချက်ပြီး formulated feed ကျွေးတာက fcr ကောင်းစေနိုင်သလို အချိန်တိုအတွင်း ထြတ်လုပ်နိုင်မယ်ဗျ။ အစာမှာ ကြက်ချေးကျွေးရင်က poultry feed တွေမှာက အခြားသော antibiotics တွေပါဝင်တဲ့အတွက်ကြက်ချေးကျွေးတဲ့ ငါးတွေကို လူတွေစားသုံးမိရင် ဆေးယဉ်ပါးြခင်း antibiotics resistance ြဖစ်လာနိုင်ပါတယ်။ ထို့အတူ ငါးတွေအစာမှာလဲ အာဟာရမပြည့်ဝရင် nutritional deficiency signပြလာနိုင်ပါတယ်။ ဖော်စပ်စာ formulated feedကျွေးရင်ပိုကောင်းမယ်လို့ တင်ပြပါရစေဗျ။

You

ဆက်စပ်မေးခွန်းများ

ရွှံ့ဂဏန်းဘယ်လိုမွေးလည်း။အကြယ်အဝန်းဘယ်လောက်ဆိုရလည်း။

အောင်ပိုင်ထွေး • ဖြေကြားချက် 1 ခု

ငါး

Zaw Win Htut • ဖြေကြားချက် 0 ခု

ငါးမွေးမြူဖို့ဘာတွေသိထားသင့်လဲ အခုမှစလုပ်မှာမို့လို့ပါ

Shine Trading And Manufacturing • ဖြေကြားချက် 3 ခု

ငါးခူမွေးချင်တယ် တာပေါ်လင်ကန်နဲ့ပါ မွေးမြူရေးနည်းပညာနဲ့ စနစ်တကျမွေးမြူပြီး ရေအနေအထားတွေဘယ်လိုပြင်ဆင်ရမလဲ သိချင်ပါတယ်။

Aung Lay • ဖြေကြားချက် 1 ခု

တစ်ပိုင်တစ်နိုင် ငါးခူမွေးချင်လို့ပါ။ အခုမှစမွေးမှာမို့ တာပေါ်လင်ကန်ဖြင့်မွေးချင်ပါတယ်။ ငါးခူသားပေါက် အစာ ဆေး အစရှိတာတွေကို ဘယ်မှာဝယ်ယူရရှိနိုင်ပါသလဲခင်ဗျာ့။ ပုသိမ်မြို့နှင့်အနီးတဝိုက်ဆိုပိုအဆင်ပြေပါတယ်ခင်ဗျာ့။

wai lwin oo • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။