ငါးနက်ပြာငါး မွေးမြူနည်း
ငါးနက်ပြာငါးသည် ငါးကြင်းမျိုးနွယ်အုပ်စုတွင် ပါဝင်သဖြင့် ငါးကြင်း၊ ငါးမြစ်ချင်းတို့နှင့် မျိုးနွယ်တူသည်။ ငါးနက်ပြာကို ငါးနံဟူ၍လည်း အမည်တစ်မျိုးဖြင့် ခေါ်ဝေါ်ကြသေးသည်။ အချို့အရပ်တွင် ငါးနက်ပြာ အနည်းငယ် ပုံသဏ္ဌာန် ကွဲပြားသွားသောငါးများနှင့် ငါးနက်ဖူး၊ငါးအုံတုံ၊ ငါးတိန်းတို့ကိုလည်း တွေ့နိုင်ပေသည်။
ငါးနက်ပြာနှင့် မျိုးချင်းနွယ်သည့် အချို့သောငါးတွင် အကြေးခွံမှာ ရွှေရောင်သန်းနေတတ်သောကြောင့် ငါးရွှေ (ရခိုင်ပင်လယ်ဘက်မှာရှိသည့် ကိုယ်ထည်ရှည်လျားလျားနှင့် ပင်လယ်ငါးဖြစ်သော ငါးရွှေမဟုတ်ပါ) ဟူ၍လည်း ဟင်္သာတဘက်တွင် ခေါ်ဝေါ်ကြသေးသည်။ ငါးနက်ပြာသည် ကိုယ်ထည်တောင့်တင်းကြံ့ခိုင်၍ ပါးစပ်ပေါက်ကျဥ်းလေသည်။ နှာတံနှင့် အထက်နှုတ်ခမ်းတို့တွင် အပေါက်ကလေးများ ရှိသည်။နှုတ်ခမ်းမွေးနှစ်စုံပါသည်။ အမြီးခွစောက်နက်သည်။
ငါးမြစ်ချင်းနှင့် ငါးနက်ပြာကွာခြားချက်မှာ ငါးနက်ပြာ၏ ကျောရိုးဆူးတောင်တွင်ဆူးတက်များ ပိုမိုပါရှိသည်။ အရိုးအမျှင်များ ပိုမိုများပြားစွာ ပါဝင်ခြင်း ဖြစ်လေသည်။ ငါး၏အရောင်မှာ မည်းညစ်ညစ်ဖြစ်၍ ဆူးတောင်များမှာလည်း အမည်းရောင်ပင်ဖြစ်သည်။ တစ်ခါတစ်ရံ အမြီးဆူးတောင်၏ အထက်ခြမ်းအဖျားတွင် အဖြူရောင်ရှိတတ်သည်။
ငါးနက်ပြာငါးကို မြန်မာနိုင်ငံတွင် သီးသန့်မွေးမြူကြခြင်း မရှိကြသေးပေ။ သီးသန့်မွေးမြူရန်အတွက်လည်း ငါးနက်ပြာသားပေါက်ကလေးများ မြောက်များစွာ ရရှိနိုင်ရန် မလွယ်ကူသေးပါ။ သို့အတွက် ဖမ်းဆီးရမိသော ငါးနက်ပြာသားပေါက်ကောင်ကလေးများကို မျိုးရင်းတူ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးခေါင်းပွတို့နှင့် ရောနှောမွေးမြူနိုင်ပေသည်။ အကယ်၍ ငါးနက်ပြာသားပေါက်ကလေးများသီးသန့်ရရှိသဖြင့် မွေးမြူမည်ဆိုပါက အောက်ပါမွေးမြူနည်းအတိုင်းမွေးမြူနိုင်ပါသည်။
အရေးပါသော မြေနေရာရွေးချယ်ခြင်းအကြောင်း
ငါးနက်ပြာ မွေးမြူမည့် မြေနေရာသည် သဲဆန်သောမြေ မဖြစ်စေဘဲ မြေစေးအမျိုးအစားကို ရွေးချယ်ရပါမည်။ မြေစေးဖြစ်သောကြောင့် ကန်အတွင်း ရေမခမ်းဘဲ ထိုငါးအတွက် သင့်လျော်ပါသည်။ လမ်းပန်းဆက်သွယ်ရေးကောင်း၍ စျေးကွက်ရှိသော နေရာကို ရွေးချယ်ရပါမည်။ 
ရေအမျိုးအစား
ငါးနက်ပြာမွေးမြူရန် ကန်အတွင်းရှိ ရေသည် ထုံးဓာတ်များသောရေ မဖြစ်စေရန် ဂရုပြုရပါမည်။ ထုံးဓာတ်များသော ရေဖြစ်နေပါက ပြုပြင်ရန်မှာမူ စရိတ်အလွန်ကြီးသဖြင့် တွက်ချေကိုက်မည် မဟုတ်ပါ။ အကယ်၍ ဂဝံမြေဖြစ်သဖြင့် အချဉ်ပေါက်နေသောရေ ဖြစ်နေပါက ပြုပြင်ရန် ဖြစ်နိုင်ပါသည်။
မွေးမြူကန်
ငါးနက်ပြာမွေးမြူရန်ကန်ကို အနည်းဆုံး အလျားပေ-၂၀၀၊ အနံပေ-၁၀၀ ရှိ ဧကဝက်ခန့် အကျယ်ဖြစ်အောင်တူးပါ။ ကန်ကို တစ်နှစ်ပတ်လုံး ရေအနက် (၄)ပေ ရှိနေစေရန် (၆) ပေခန့်နက်အောင် တူးထားရပါမည်။
ကန်ဘောင်ဖို့လျှင်လည်း ကန်နှုတ်ခမ်းမှ နေ၍ နောက်သို့ (၅) ပေဆုတ်ပြီးကန်ဘောင် ဖို့ထားပေးပါ။ ကန်ဘောင်ထိပ်မှနေ၍ အောက်တည့်တည့်သို့ (၁)တောင် (သို့မဟုတ်) (၁၈) လက်မ အကွာတွင် ရေလျှံပေါက်တစ်ခု တပ်ထားပြီး ကန်ဘောင် မပြိုရန် ကန်ဘောင်တွင် မြက်များအပြည့်ကပ်၍ စိုက်ထားပေးပါ။
ကန်ကို ရေမထည့်မီ ထုံးမှုန့်ပိဿာ (၁၅၀) ကို ဖြန့်ပြီး ဖြူးပေးပါ။ ထုံးမှုန့်ထည့်ပြီးလျှင် ရေထည့်ပါ။ ရေထည့်ပြီး (၁)ပတ်ကြာလျှင် နွားချေး၊ ကျွဲချေး၊ ဝက်ချေး၊ ကြက်ချေး၊ ဘဲချေးစသော မည်သည့်တိရစ္ဆာန်ချေးများကို ဖြစ်စေ (၄)ဂါလံဝင်ပုံးနှင့် ပုံး(၁၅၀) ထည့်ပေးပါ။
တစ်ပတ်ကြာလျှင် ကန်ရေသည် စိမ်းလာပါမည်။ ကန်ရေစိမ်းလာသောအခါ ငါးနက်ပြာငါးသားပေါက်များ ထည့်နိုင်ပါသည်။
ငါးသားပေါက်ထည့်သွင်းနှုန်း
ငါးနက်ပြာ ငါးသားပေါက်များ ဝယ်ယူထည့်သွင်းသည့်အခါ အရွယ်(၄)လက်မအောက် ဖြစ်ပါက ပိုမိုသင့်လျော်ပါသည်။ ငါးသားပေါက် အရွယ်ငယ်လေ သယ်ယူရလွယ်လေ ဖြစ်ပါသည်။ သယ်ယူသောအခါ ပလပ်စတစ်အိတ်တွင် ရေထည့်ပြီး အောက်ဆီဂျင် ဓာတ်ငွေ့ဖြင့် သယ်ယူလျှင် အနည်းဆုံး (၁၂) နာရီခန့်ကြာသည်အထိ ခံပါသည်။
ငါးနက်ပြာမွေးလျှင် ငါးသားပေါက်တစ်မျိုးတည်းကို ကန်အတွင်း၌ ထည့်၍ မွေးမြူပါ။ အလျားပေ (၂၀၀)၊ အနံပေ (၁၀၀) ရှိ ဧကဝက်ခန့် ကျယ်သော ငါးကန်တစ်ကန်တွင် ငါးသားပေါက်ကောင်ရေ (၁၆၅၀) ကောင် ထည့်၍ မွေးမြူနိုင်ပါသည်။
အစာကျွေးနှုန်း
ငါးနက်ပြာ ငါးသားပေါက်များကို အစာကျွေးလျှင် နံနက် (၇) နာရီ မထိုးမီကျွေးပါ။ ငါးတစ်ကောင်လျှင် (၁) ကျပ်သားအရွယ်ရှိသော ငါးကောင်ရေ (၁၆၅၀) အတွက် တစ်နေ့ကို ဖွဲနုနှင့် နှမ်းဖတ် ရောထားသော အစာ (၆၅) ကျပ်သားကို ကျွေးရမည် ဖြစ်သည်။
ငါးသားပေါက်အစာကျွေးနှုန်း အချိုးအစား
ငါးနက်ပြာ သားပေါက်လေးများအား ဖွဲနု (၅၀) ကျပ်သားနှင့် နှမ်းဖတ် (၁၅) ကျပ်သားကို ရေနှင့် ရောနယ်ပြီး အလုံးများလုပ်၍ ကျွေးပါ။ ဤအချိုးအစားအတိုင်း ငါး၏ အလေးချိန်များလာသည်နှင့် အမျှ အစာကို တိုး၍ ကျွေးပါ။ အစာစိမ်းရရန်အတွက်လည်း ဘဲစာပင်ကို (၁)လ (၁)ကြိမ် တင်း (၁)စိတ်ခန့် ကျွေးပေးပါ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
Biofloc System နဲ့ ငါးမွေးမြူရေးမှာ biofloc စတင်ဖြစ်ဖို့ ဘယ်လိုဆောင်ရွက်ရမလဲ နည်းလမ်းအဆင့်ဆင့်သိချင်လို့ပါရှင်
May Myat Noe Khin • ဖြေကြားချက် 1 ခု
Green Way. က ငါးမွေးမြူရေးနဲ့ပါတ်သတ်ပြီး ဆွေးနွေးကြတာသိပ်မရှိကြဖူးလား?
YS • ဖြေကြားချက် 3 ခု
စိုက်ပျိုးရေးတွက်သုံးရေကန်ပါ ငါးထည့်မွေးချင်လို့ဘာငါးမွေးရင်အဆင်ပြေလဲဗျ
ဉီးထွန်း၀င်း • ဖြေကြားချက် 1 ခု
ရွှံ့ဂဏန်းဘယ်လိုမွေးလည်း။အကြယ်အဝန်းဘယ်လောက်ဆိုရလည်း။
အောင်ပိုင်ထွေး • ဖြေကြားချက် 1 ခု
ငါး
Zaw Win Htut • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
More from နှင်းဖြူဖြူ
အားလုံးငါးဗျားငါး၏ ထူးခြားသောသဘာဝနှင့် ဂေဟစနစ်အတွက် အကျိုးပြုပုံ
04/11/2026
စူပါအယ်လ်နီညို၏ ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်မှုများ
19/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026