ကုလားပဲ စိုက်ပျိုးနည်း
စိုက်ပျိုးချိန်
မြန်မာတစ်နိုင်ငံလုံးရှိ ကုလားပဲစိုက်ပျိုးသော ဒေသများတွင် (အောက်တိုဘာလလယ်မှ ဒီဇင်ဘာလ ပထမပတ်အထိ ) စိုက်ပျိုးနိုင်ပါသည်။
မြေပြုပြင်ခြင်း
- ထယ်ရေးနက်၍ ထွန်ရေးညက်စေရန် ထွန်စက်ဖြင့် ၂ စပ်ထွန်ပါ။ မြေအမျိုးအစားအလိုက် ထယ် ၃ – ၄ စပ် လိုအပ်ပါသည်။
- မြေပြုပြင်ချိန်တွင် နွားချေးမြေသြဇာ - တစ်ဧကလျှင် ၁၀၀ တင်းနှင့် မြေအမျိုးအစားအလိုက် တီစူပါ (၈ – ၂၄) ပြည်နူန်းထည့်ပါက အထွက်နူန်း ကောင်းမွန်စေပါသည်။
- ထယ်ရေးနက်နက် (၈ လက်မ – ၁၀ လက်မ) ထွန်ယက်ခြင်းဖြင့် လေဝင်လေထွက်ကောင်းမွန်စေပြီး ပင်ညှိုးရောဂါ ကျရောက်မှုကို ကာကွယ်နိုင်ပါသည်။
ကုလားပဲမျိုးများ
၁။ ရေဆင်း - ၈
တစ်ဧက – ၂၅ – ၃၀ တင်း/ ၈၀ – ၈၅ ရက်
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း
၂။ ရေဆင်း - ၁၁
တစ်ဧက ၂၅ – ၃၀ တင်း / ၈၀ – ၈၅ ရက်
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း
၃။ ရေဆင်း - ၅
တစ်ဧက – ၁၅ တင်း / ၈၅- ၉၀ ရက်
မကွေးတိုင်း
၄။ ကရာချိ
တစ်ဧက – ၁၂ တင်း / ၉၀ – ၉၅ ရက်
ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း
၅။ ရေဆင်း - ၆
တစ်ဧက – ၁၆ တင်း/ ၈၅-၉၀ ရက်
ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း
မျိုးစေ့နူန်းထား
အတန်းလိုက်စိုက်ခင်းတွင် တစ်ဧက ပျမ်းမျှ (၁၆) ပြည်နှုန်းအားလည်းကောင်း၊ ကြဲပက်သည့် စိုက်ခင်းတွင် တစ်ဧကပျမ်းမျှ (၂၄) ပြည်နှုန်းသုံးစွဲပါ။
စိုက်နည်းစနစ်
- မျိုးစေ့များကို နာရီဝက်ခန့် ရေစိမ်ပြီး ပဲမြစ်ဖု ဇီဝမြေသြဇာ တစ်ထုပ်နှင့် သမအောင်ရောမွှေစိုက်ပါ။
- အပင်အစိပ်အကျဲညီအောင် မျိုးစေ့ကို ကြဲပါ။
- မျိုးစေ့ကြဲပြီးပြီးချင်း ကြမ်းဖြင့် နှစ်ပြန်အုပ်ပေးပါက အစိုဓာတ် လုံလောက်စွာ ရရှိ၍ အပင်ပေါက် ညီညာပြီး လိုအပ်သော အပင်ဦးရေ ရရှိနိုင်ပါသည်။
- အတန်းလိုက်စိုက်မည်ဆိုပါက တန်းကြား x ပင်ကြား (၁၂ လက်မ x ၄ လက်မ)
- မျိုးစေ့အနက် ၃ လက်မခန့်ဖြင့် စိုက်ပျိုးပါ။

ပေါင်းနှိမ်နှင်းခြင်း
- အပင် - ၂ ပတ်သားမှ သီးကင်းဝင်ချိန်အထိ ပေါင်းမြက်ကင်းစင်အောင်ဆောင်ရွက်ပါ။
- စိုက်ပြီး တစ်ပတ်အတွင်း ပထမအကြိမ် ပေါင်းရှင်းပြီး ဒုတိယအကြိမ်ကိုနှစ်ပတ်ကြာလျှင် ဆောင်ရွက်ပါ။

Source - ACARE
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကုလားပဲစိုက်ပျိုးနည်း
myothant
လွန်ခဲ့သော ၂ နှစ် ကခုချိန်စိုက်မှာဆိုရင် ဘယ်ဒေသမှာပဲဖြစ်ဖြစ်နောက်ကျနေပါပြီဗျ
ဇေယျာထွန်း
လွန်ခဲ့သော ၅ နှစ် ကပဲမြစ်ဖု ဇီဝမြေဩဇာက ဥချဆေးလား
U Myo Thant
လွန်ခဲ့သော ၅ နှစ် က၉၂၉ မျိုးကို ဒီဇင်ဘာလကုန် စိုက်ရင် ရသေးလားခင်ဗျေ
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
ACARE
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ရည်ရွယ်ပြီး စီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရွက်နေပါသည်။ ဗီဇအရင်းအမြစ်များဖွံ့ဖြိုးမှု၊ ရိတ်သိမ်းချိန်လွန်နည်းပညာ၊ အများပူးပေါင်းပါဝင်နိုင်သည့် ဗဟုသုတ စီမံခန့်ခွဲမှုနှင့် စွမ်းဆောင်မြှင့်တင်ခြင်းဆိုင်ရာ အရေးပါသည့် နယ်ပယ် လေးခု ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဘွဲ့လွန်ပညာရေး အရည်အသွေးတိုးတက်လာစေရန် ရည်ရွယ်ပါသည်။ အများပူးပေါင်းပါဝင်နိုင်သည့် ဗဟုသုတ စီမံခန့်ခွဲမှု အစီအစဉ်သည် တောင်သူများနှင့် တောင်သူကဏ္ဍနှင့် ပါဝင်ပတ်သက်နေသူများထံ အကျိုးရှိသည့် အသုံးချနည်းပညာရပ်များ ထိထိရောက်ရောက် ပြန်နှံ့သွားစေမည့် လုပ်ဆောင်များ အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။ အကျိုးပြုနည်းပညာရပ်များနှင့် သတင်းအချက်အများကို ရပ်ရွာတွင်ထားရှိသည့် ကွန်ပျူတာဖန်သားပြင်နှင့် ဖုန်းအက်ပလီကေးရှင်းမှ တောင်သူများအလွယ်တကူ ရရှိစေမည် ဖြစ်ပါသည်။ စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွက်တိုးရေး၊ ထိရောက်သည့် ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲမှု၊ အများပူးပေါင်းပါဝင်နိုင်သည့် ဗဟုသုတ စီမံခန့်ခွဲမှုမှတစ်ဆင့် နည်းပညာဖြန့်ဖြူးရေး၊ ဘွဲ့လွန်ပညာရေးမှတစ်ဆင့် စွမ်းဆောင်ရေ မြှင့်တင်ရေး၊ တက္ကသိုလ်ပညာသင်ကြားရေး စသည်တိုတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ထိုလုပ်ဆောင်ချက်များမှ မြန်မာနိုင်ငံအတွက် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုမြှင့်ခြင်း၊ စိုက်ပျိုးရေးမှ ဝင်ငွေများ တိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်လမ်းများ တိုးပွားလာခြင်း နှင့် စွမ်းဆောင်ရည် ပြည့်ဝသည့် စိုက်ပျိုးရေးပညာရှင်များ မွေးထုတ်ပေးရန် များစွာအထောက်အကူပြုလာမည် ဖြစ်ပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
မတ်ပဲပက်ထားတာစိတ်နေသလားလို့ဗျဘာလုပ်သင့်သလည်းဖြေပေးကြပါအုံး
ဦးဇာနည် • ဖြေကြားချက် 1 ခု
ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....