ပန်းချီကားနဲ့တူပြီး လှပတဲ့ အဝါရောင် ပန်းနှမ်းပင်များစိုက်ပျိုးနည်း
ခရီးသွားရင်းနဲ့ လမ်းဘေးဝဲယာမှာ အဝါရောင် အပွင့်တွေ တစ်ခင်းလုံးပြည့်နေပီး အရမ်းလှတဲ့ စိုက်ခင်းတွေကို သတိထားမိကြရဲ့လား ခင်ဗျ။ တချို့ ခရီးသွားတွေဆို ကားတွေရပ်ပြီး စိုက်ခင်းထဲဝင် ဓာတ်ပုံရိုက်နေကြတာတောင် တွေ့ရပါလိမ့်မယ်။ အဲ့ဒီအပင်တွေကတော့ နေကြာနဲ့မျိုးရင်းတူ အပင်ဖြစ်တဲ့ ပန်းနှမ်းအပင်တွေပဲ ဖြစ်ပါတယ်။ ယခုဆောင်းပါးလေးမှာတော့ ကျန်းမာရေးအတွက် အထောက်အကူပြုပြီး စားသုံးဆီ ထုတ်လုပ်နိုင်တဲ့ ပန်းနှမ်းပင်တွေရဲ့ အကြောင်းကို လေ့လာဖတ်ရှုရမှာ ဖြစ်ပါတယ်။
ပေါက်ရာဒေသ
ပန်းနှမ်းပင်များ၏ မူရင်းဒေသမှာ အာဖရိကနိုင်ငံများဖြစ်သော အီသီယိုးပီးယား နဲ့ မာလာဝီနိုင်ငံများ ဖြစ်ပါသည်။ ပန်းနှမ်းအစေ့များသည် နေကြာစေ့နှင့် ဆင်တူပြီး အရွယ်အစားအားဖြင့်ငယ်ကာ အမဲရောင်ရှိသော အစေ့များ ဖြစ်ပါသည်။ ပန်းနှမ်းအစေ့တွင် ထူထပ်ပြီး ကပ်နေသော အစေ့ခွံပါရှိသောကြောင့် အစေ့များကို တစ်နှစ်အထိ မပျက်မစီးဘဲ သိုလှောင် သိမ်းဆည်းထားနိုင်ပါသည်။
ရေမြေရာသီ ဥတု
မြန်မာနိုင်ငံတွင် ပန်းနှမ်းပင်များကို ယခင်က တောင်ပေါ်ဒေသများတွင်သာ အများဆုံး စိုက်ပျိုးကြပြီး ယခုအချိန်တွင် မြန်မာနိုင်ငံအနှံ့ စိုက်ပျိုးနေကြပြီဖြစ်ပါသည်။ ပန်းနှမ်းသီးနှံပင်သည် သဘာဝအရ ရေကြမ်း၊ မြေကြမ်းဒဏ် ခံနိုင်သောကြောင့် မြန်မာနိုင်ငံအနှံအပြားတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ ပန်းနှမ်းပင်များသည် ဆောင်းရာသီဖြစ်သော ဒီဇင်ဘာ၊ ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ များတွင် ပန်းပွင့်ကြပါသည်။ အလင်းရောင် တုန့်ပြန်မှုရှိသော သီးနှံဖြစ်၍ စိုက်ချိန် နောက်ကျပါက အပင်ကြီးထွားမှုကို ထိခိုက်စေပြီး ပန်းပွင့်မှု အားနည်းခြင်း၊ အစေ့အဆံမအောင်မြင်ခြင်း၊ အထွက်နှုန်းလျော့ခြင်းများ ဖြစ်တတ်ပါသည်။ တောင်ပေါ်ဒေသတွင် နေထိုင်ကြသောသူများအနေဖြင့် စားသုံးဆီကို နေကြာနှင့် ပန်းနှမ်းပင်များမှ ရယူစားသုံးကြပါသည်။ ပန်းနှမ်းသီးနှံသည် သမပိုင်းဒေသတွင် ဖြစ်ထွန်းသော သီးနှံဖြစ်သော်လည်း ပူနွေးသော ဒေသများတွင်ပါ စိုက်ပျိုးနိုင်ပါသည်။ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၆၀၀ မှ ၇၅၀၀ အထိ ရှိသော ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ အပူချိန် ၁၈ ဒီဂရီစင်တီဂရိတ် မှ ၂၃ ဒီဂရီစင်တီဂရိတ်အတွင်း ကောင်းစွာ ဖြစ်ထွန်းသည်။ အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ပါက အပင်ကြီးထွားဖွံ့ဖြိုးမှု၊ ပန်းပွင့်မှုကို လျော့ကျစေသည်။ နှစ်စဉ်မိုးရေချိန် ၄၀ မှ ၅၀ လက်မ ရှိသော ဒေသများတွင် အပင်ကောင်းစွာ ဖြစ်ထွန်းသော်လည်း ၈၀ လက်မထက် ကျော်လွန်ပါက အပင်ကြီးထွား ဖြစ်ထွန်းမှုကို ထိခိုက်နိုင်ပါသည်။
စိုက်ပျိုးခြင်း
ပန်းနှမ်းသီးနှံပင်နှစ်သက်သော မြေအချဉ် အငံဓာတ် (pH) မှာ ၅.၂ မှ ၆.၅ ဖြစ်ပါသည်။ ပန်းနှမ်းသီးနှံအား လက်ရှိတွင် ဒေသမျိုးများသာ ကျယ်ပြန့်စွာ စိုက်ပျိုးနေကြပါသေးသည်။ ဒေသမျိုးများတွင် သက်ကြီးမျိုးများနှင့် သက်ငယ်မျိုးများဟူ၍ (၂) မျိုးရှိရာ သက်ကြီးမျိုးများမှာ သက်တမ်း (၁၂၀-၁၅၀) ရက်ရှိပြီး သက်ငယ်မျိုးများမှာ သက်တမ်း(၉၀-၁၂၀) ရက်ရှိပါသည်။ မျိုးနှုန်းထား အနေဖြင့် ပန်းနှမ်းအားသီးသန့် စိုက်ပျိုးပါက ၁ ဧကလျှင် ၂ ပြည် အသုံးပြုရမည် ဖြစ်ပြီး၊ အခြားသီးနှံ တစ်ခုခုဖြင့် သီးညှပ်စိုက်ပျိုးပါက ၁ ဧကလျှင် ၁ ပြည် အသုံးပြုရမည် ဖြစ်ပါသည်။ ပင်ကြားဝတ်မှုန်ကူးသော သီးနှံဖြစ်၍ မျိုးသန့် ရရှိရန်အတွက် တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးရန် လိုပါသည်။ ပန်းနှမ်းအား သီးထပ်စိုက်ပျိုးပါက ယာစပါး၊ မိုးနှမ်း၊ မိုးမြေပဲ၊ အစေ့ထုတ်ပြောင်း စသည့်သီးနှံများ ရိတ်သိမ်းပြီးချိန်တွင် လည်းကောင်း၊ သီးညှပ်စိုက်ပျိုးပါက ဥယျာဥ်ခြံနှင့် ရာဘာစိုက်ခင်းများတွင်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ တောင်တန်းဒေသများတွင် စိုက်ပျိုးပါက သြဂုတ်လမှ စက်တင်ဘာလကုန် ၌လည်းကောင်း၊ အထက်မြန်မာပြည်တွင် စိုက်ပျိုးပါက စက်တင်ဘာ လလယ်မှ အောက်တိုဘာ လလယ် ၌လည်းကောင်း၊ အောက်မြန်မာပြည်တွင် စိုက်ပျိုးပါက နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း၌လည်းကောင်း စိုက်ပျိုးရမည် ဖြစ်ပါသည်။ ထယ်ရေးနက်၊ ထွန်ရေးညက်ပြီး စိုက်ခင်းမြေပြင်ညီညာရန် လိုအပ်ပါသည်။ မစိုက်ခင်ကာလတွင် ၁ ဧကလျှင် နွားချေး၊ မြေဆွေး ၄ မှ ၆ စီး၊ ပုလဲ ၁၆ ပြည်၊ တီစူပါ ၁၆ ပြည် ထည့်သွင်းရမည် ဖြစ်ပါသည်။ တန်းကြား (၁၄ မှ ၁၈) လက်မ နှင့် ပင်ကြား (၄ မှ ၆) လက်မဖြင့် စိုက်ပျိုးနိုင်ပါသည်။ မျိုးစေ့အနက် ၁ လက်မထက် မပိုစေရန် သတိပြုရမည် ဖြစ်ပါသည်။
အပင်ပြစုခြင်းနှင့် ရိတ်သိမ်းခြင်း
စိုက်ပြီး အပင်သက်တမ်း ၂၀ ရက်သားတွင် တစ်ပင်နှင့် တစ်ပင် (၄ မှ ၆) လက်မခန့်ထားပြီး သားခွဲခြင်းနှင့် အပင်မှုန်းခြင်းများ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အပင်အမြင့် ၄ လက်မခန့်တွင် တစ်ကြိမ်၊ အဖူးများ မထွက်ခင်တွင် တစ်ကြိမ် ပေါင်းမြက်ရှင်းခြင်းကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အရွက်များဝါ၍ ခြောက်သွေ့လျှင် ရိတ်သိမ်း၍ စိုက်ခင်းထဲတွင် ၂ ရက်မှ ၃ ရက် ကြာနေလှန်းရမည် ဖြစ်ပါသည်။ နင်းနယ်ခြွေလှေ့ပြီးသော မျိုးစေ့များကို ခြောက်သွေ့အောင် နေလှန်းပြီးမှ သိုလှောင်ရမည် ဖြစ်ပါသည်။
အသုံးဝင်ပုံ
ပန်းနှမ်းအစေ့တွင် အသားဓာတ်၊ အဆီဓာတ် နှင့် ပျော်ဝင်သကြားဓာတ်များ ပါဝင်ပါသည်။ ပန်းနှမ်းအစေ့များအား ဆီထုတ်လုပ်ရန်အတွက် စိုက်ပျိုး ထုတ်လုပ်ကြသကဲ့သို့ အနောက်နိုင်ငံများတွင် ငှက်စာ အဖြစ်တင်ပို့ရောင်းချ ကြပါသည်။ ပန်းနှမ်းပင်သည် ကိုင်းများစွာ ဖြာထွက်ကာ ကိုင်းအားလုံးမှ အဝါရောင် အပွင့်ငယ်များမှာ နေကြာပွင့်ကဲ့ရှိပြီးသို့ အပြင်ဘက် နှုတ်ခမ်းသား ပတ်လည် အပွင့်များသည် သက်တမ်းရင့်လာပါက အဝါရောင်မှ ရွှေရောင်တောက်လာလေဖြစ်ပါသည်။ ပန်းနှမ်းပင်၏ အပွင့်များမှာ တောက်ပသော ရွှေဝါရောင် ဖြစ်သည့်အတွက် ပျားနှင့် ဝတ်ရည်စုပ် အင်းဆက်များအား ဆွဲဆောင်နိုင်ပါသည်။ အိန္ဒိယနိုင်ငံတွင် နေကြာနှင့် ပန်းနှမ်းကို သီးညှပ်စိုက်ပျိုးရာ အထွက်နှုန်း ၂ ဆ ထွက်ရှိကြောင်း သုတေသီ တစ်ချို့မှ ပြောကြားခဲ့ကြပါသည်။ ပန်းနှမ်းစေ့ကို ကြိတ်ကာ စားသုံးဆီအဖြစ်လည်း စားသုံးနိုင်ပါသည်။ ပန်းနှမ်းဆီသည် ဈေးကွက်ထဲတွင် ရောင်းချနေသော ပြည်ပမှ တင်သွင်းလာသော စားအုန်းဆီများနှင့် ယှဥ်လျှင် ကျန်းမာရေးအတွက် ကောင်းစေပြီး ဈေးကွက်အလားအလာရှိသော သီးနှံတစ်ခုဖြစ်ပါကြောင်း။
ဇင်ထူးနိုင်
ကိုးကားချက်
ပန်းနှမ်းသီးနှံ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ လက်ကမ်းစာစောင်၊ စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
https://en.wikipedia.org/wiki/Guizotia_abyssinica
https://www.industrialdirectory.com.mm/articles/item/224-sesame.html
https://www.thefarmermedia.com/news/2618
( ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့် )
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....