ပူဒီနာ(ခေါ်)ပူစီနံ စိုက်ပျိုးနည်း
ပူဒီနာအပင်သည် နှစ်ရှည်သီးနှံပင်မျိုးဖြစ်ပြီး အပူချိန်အမျိုးမျိုး၌ဖြစ်ထွန်းသည်။ ဥယျာဉ်ခြံတိုင်းကစိုက်ပျိုးကြပြီး စီးပွားဖြစ်သုံးသော အနံ့များတွင် အများဆုံးသုံးသော အနံ့တစ်မျိုးဖြစ်သည်။
စိုက်ပျိုးခြင်း
နွေဦးပေါက်၌ ပျိုးပင်ကိုဖြစ်စေ၊ ကိုင်းဖြတ်၍ဖြစ်စေ စိုက်ပျိုးရသည်။ နေရောင်ခြည်အပြည့်အဝရသည့်နေရာ သို့မဟုတ် လင်းရိပ်အနည်းငယ်ရှိသောနေရာ၊ မြေသြဇာထက်သန်သောမြေကွက်၊ အစိုဓာတ်အမြဲရှိပြီး ရေမဝပ်သောအကွက်၊ အနည်းငယ်ချဉ်သောမြေကွက်တို့တွင် ပူဒီနာပင်ကို စိုက်ရသည်။ အပူချိန်မများလွန်းပဲ နေ့တာရှည်သောဒေသတွင် ပူဒီနာအဆီအကောင်းဆုံးကို ရရှိသည်။ အမြစ်ထွက်နေသော ကိုင်းအပြတ်ကိုဖြစ်စေ၊ နွယ်သွားသောအကိုင်းကိုဖြစ်စေ၊ မြေတွင် ၃ လက်မအနက်မြှုပ်၍ ၂ပေခြား စိုက်ပျိုးရသည်။ မကြာမကြာအကိုင်းဖြတ်ပေးခြင်းဖြင့် ပူဒီနာပင်တွင် ကျယ်ပြန့်လာသည်။ ပန်းပွင့်များထွက်လာလျှင် ဖြတ်တောက်ပေးခြင်းနှင့် ပင်စည်ကိုလည်း ဖြတ်တောက်ပေးခြင်းဖြင့် အပင်အုပ်ဆိုင်းလာသည်။ အပင်ခြေရှိ ပေါင်းမြက်များကို ရှင်းလင်းပေးခြင်းဖြင့် အထွက်နှုန်းကောင်းပြီး အနံ့အသက်ပါကောင်းလာသည်။ ၃-၄ နှစ်လျှင် တစ်ကြိမ်နှုန်း ပူဒီနာပင်ကို အုံခွဲပေးရသည်။ ဆောင်းဦးပေါက်နှောင်းပိုင်းတွင် မြေကြီးကပ်၍ အပင်ကိုဖြတ်ပေးရသည်။ ပူဒီနာပင်သည် အလွန်ပြန့်ပွားနိုင်သည်။ မြေကြီးတွင် အလွန်မပြန့်ပွားစေရန် အပင်ကို အိုးထဲထည့်၍စိုက်ပြီး မြေကြီးတွင် အိုးကိုမြှုပ်ထားရသည်။
ရိတ်သိမ်းခြင်း
ပန်းပွင့်စပြုလျှင် အရွက်များနှင့် ပန်းပွင့်များကို ခူးယူပြီးအစည်းလေးများစည်း၍ ဇောက်ထိုးချိတ်ဆွဲထားရသည်။ သို့မဟုတ် ဗန်းထဲတွင် ပါးပါးဖြန့်ထားရသည်။ ရိုးတံများကြွပ်ဆတ်လာလျှင် အရွက်များ၊ ပန်းပွင့်များကိုချွေယူပြီး ဘူးတွင့်ထည့်၍ လေလုံအောင်ပိတ်ရသည်။ သို့မဟုတ် အရွက်များကို အေးခဲထားလျှင် အရွက်၏တောက်ပသောအရောင်များကို ထိန်းသိမ်းထားနိုင်သည်။
ပိုးမွှားရောဂါ
ဗာတီစီလီယမ် ညှိုးသေရောဂါ၊ ပူဒီနာ သံချေးတက်ရောဂါ၊ ဒေါင့်ကွက်ရောဂါ၊ ပင့်ကူနီးပိုး၊ ဖလီးကျိုင်းကောင်၊ အမြစ်ထိုးပိုး၊ ဖြုတ်ပိုး၊ အမြစ်ထိုးဆံစေ့ထိုးပိုး၊ ပျပိုးတို့ ကျရောက်တတ်သည်။ ပင့်ကူနီနှင့်ပျပိုးကို ရေပန်းနှင့် အရွက်အောက်မျက်နှာကိုပက်၍ နှိမ်နင်းနိုင်သည်။ မြေအောင်းရောဂါများ မဖြစ်အောင်နေရာပြောင်းရွှေ့စိုက်ပျိုးရသည်။ အရွက်ရောဂါ မဖြစ်ပွားစေရန် လေဝင်လေထွက်ကောင်းအောင် စိုက်ပျိုးရသည်။
မျိုးများ
အထင်ရှားဆုံးမျိုး(၇) မျိုးရှိသည်။ အပင်အမြင့်မှာ အနိမ့်ဆုံး ၁ လက်မမှ အမြင့်ဆုံး ၂၀ လက်မရှိသည်။ အပင်ကျယ်ပြန့်မှုအနည်းဆုံး ၁၂ လက်မမှ အများဆုံး ၃၆ လက်မရှိသည်။ အပင်ဖြစ်ထွင်းသောအပူချိန်မှာလည်း မျိုးကိုလိုက်၍ (-)၄၀ ဒီဂရီဖာရင်ဟိုက်မှ အမြင့်ဆုံး ၄၀ ဒီဂရီဖာရင်ဟိုက် အတွင်းဖြစ်သည်။ အနံ့မှာ မင်သော်၊ ပက်ပါမင့်၊ ဆွိ(တ်)မင့်၊ စပီးယားမင့် စသည်ဖြင့် မျိုးစုံရှိသည်။
Marsh mint; Mint= Mentha arvensis;M,sylvestris
Spear mint = Mentha viridis
Pepper mint = Mentha piperta
Penny royal = Mentha pulegium
ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ (၂) စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကောင်းထက်အောင်
လွန်ခဲ့သော ၃ နှစ် ကပူစီနံမျိုးကောင်းကောင်းလိုချင်ပါတယါ
တင်စိုးနိုင်
လွန်ခဲ့သော ၄ နှစ် ကဖတ်စရာလဲမတြွေ
bonyan
လွန်ခဲ့သော ၅ နှစ် ကဘယ်မှာလဲဗျ
ဒေါ်သက်သက်ဝေ
လွန်ခဲ့သော ၅ နှစ် ကပူစိမျိးရိပါတဟ်
aung kyaw swar
လွန်ခဲ့သော ၅ နှစ် ကပူစီနံမျိုးစေ့ဘယ်မှာရှိလဲ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....