ရေကန်ဇွန်းစိုက်ပျိုးခြင်း
၁။စိုက်ပျိုးခြင်း
ကန်ဇွန်းကိုအညွှန့်ဖြတ်ကာစိုက်ကပို၍ရှင်သန်သည်။အဆစ်အနည်းဆုံး(၄)ဆစ်ပါသောကိုင်းများကို(၈-၁၀) လက်မအရှည်ခန့် ဖြတ်ယူ၍ စိုက်ကျင်းတစ်ကျင်းလျှင်(၂-၃)ပင်စိုက်ပါ။စိုက်ရာတွင်စပါး စိုက်သကဲ့ သို့လက် ဖြင့်အောက်ခြေပိုင်းကို မြေထဲသို့ အဆစ်(၂)ဆစ်ထိ ဝင်အောင်ထိုးစိုက်ပါ။တန်းကြား၊ ပင်ကြား(၁၂x၁၀)လက်မထား ၍စိုက်ပါ။ မိုးတွင်း၌စိုက်ပါက အပင်ခြေတွင် တုတ်စိုက်ပြီး ချည်ထားပေးရန် လိုသည်။တစ်ဧကလျှင်ကန်ဇွန်းပင်ဖြတ်ပိုင်း(၁၀၀၀၀-၁၅၀၀၀)ထိလိုအပ်သည်။
၂။အပင်ပြုစုခြင်း
အပင်ချစိုက်ပြီးလျှင်ပြီးချင်း(၃)လက်မအနက်ရအောင်ရေသွင်းပေးပါ။အခင်းထဲတွင်ရေ(၃-၆)လက်မရှိနေစေရန် ထိန်းသိမ်းပါ။ နွေရာသီ ပူပြင်းလာပါကတစ်ပတ်တစ်ကြိမ်ရေလဲပေးသင့်သည်။သို့မှသာ စိုက်ခင်းရှိရေများပူလာ ခြင်းကြောင့် အပင်ကို ထိခိုက်ခြင်းမှ ကာကွယ်နိုင်မည်။စိုက်ပြီး(၁)လအတွင်းပေါင်းမြက်ပေါက်ပါက ရှင်းပေးပါ။ ထို့ နောက်ရွက်ဖြန်းဆေး ပက်ဖြန်းပေးပါ။
၃။မြေဩဇာကျွေးခြင်း
(၂၀x၃)ပေစိုက်ဘောင်တစ်ဘောင်လျှင်-
- မြေပြုပြင်ချိန်တွင်နွားချေးတစ်တင်း
- မစိုက်မီ(၁-၂)ရက်အလိုတွင် ပုလဲဓါတ်မြေဩဇာနို့ဆီဗူး၁/၂ဗူး၊ တီစူပါဓါတ်မြေဩဇာနို့ဆီဗူး၁/၂ ဗူးနှင့်ပို တက် ရှ် ဓါတ်မြေဩဇာနို့ဆီဗူး၁/၂ဗူး
- စိုက်ပျိုးပြီးတစ်လအကြာတွင်ပုလဲဓါတ်မြေဩဇာနို့ဆီဗူး၁/၂ဗူး
၄။ ရိတ်သိမ်းခြင်း
ရိတ်ခါနီးတွင်ရေကို အခင်းအတွင်း(၅)လက်မသို့လျှော့ချပြီး၊ ကန်ဇွန်းညွှန့်များကို ရိတ်သိမ်းရမည်။ ကျန်နေသော ကန်ဇွန်းငုတ် များသည် ရေပေါ်တွင်(၂-၃) ပေါ်နေရမည်။ ကန်ဇွန်းပင်များကိုစိုက်ပြီး(၆၀-၁၂၀)ရက်ကြာလျှင်ရိတ် သိမ်းနိုင်သည်။ တစ်ဧကလျှင် ကန်ဇွန်းပိတ်ဿချိန်(၅၀၀-၁၀၀၀)အထိထွက်နိုင်သည်။ရိတ်သိမ်းပြီး(၁-၂)ရက် အတွင်းရောင်းရပါမည်။
Greenway
zawmoe
လွန်ခဲ့သော ၅ နှစ် က% Pa
mg myo
လွန်ခဲ့သော ၆ နှစ် ကကန်ဇွန်ပင်အရှည်ကြီးနဲ့အရိုးပွပွကြီးနဲ့အပင်ကိုဘယ်လိုစိုက်ရသလဲခဗျ
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
မတ်ပဲပက်ထားတာစိတ်နေသလားလို့ဗျဘာလုပ်သင့်သလည်းဖြေပေးကြပါအုံး
ဦးဇာနည် • ဖြေကြားချက် 1 ခု
ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....