တရုတ်နိုင်ငံက ထူးထူးဆန်းဆန်း လမ်းဘေးအစားအစာများ (၁)
မြွေသားစွပ်ပြုတ်၊ ကြောင်ကင်၊ နှစ်တစ်ထောင်ကြက်ဥ၊ ပုတ်သင်ပျံကြော်တွေစားမလား..ဒါဆိုရင် တရုတ်ကိုသွား..ပါ။
ခရီးပတ်သွားနေရတာကို နှစ်သက်တဲ့ တချို့လူတွေရဲ့ရည်ရွယ်ချက်မှာကိုက ကမ္ဘာတလွှားက ထူးထူးဆန်းဆန်းအစားအစာတွေကို စားဖူးချင်လို့၊ ဒေသတွင်း ယဉ်ကျေးမှုတွေကို စူးစမ်းချင်လို့ပဲမလား..။ စိတ်လှုပ်ရှားစရာကောင်းလိုက်တာ ဆိုတာ ကိုယ့်ရဲ့ထမင်းစားပွဲမှာ ကိုယ််ကြိုက်တဲ့၊ ကိုယ့်ကိုဆွဲဆောင်နိုင်မယ့်အစားအသောက်တွေ ရှိနေတာမျိုး..ဆိုတဲ့လူတွေလေ..။
ဒါဆိုရင်တော့ တရုတ်ကိုသွားပြီး လမ်းဘေးအစားအသောက်တွေ လိုက်စားကြည့်ပေတော့ဗျို့။ ထူးပေ့၊ ဆန်းပေ့ဆိုတဲ့ အစားအသောက်တွေကို တွေ့မြင် ထိတွေ့ ခံစားခွင့် ရသွားပါလိမ့်မယ်..။
အဲ့ဒါတွေထဲက အထူးဆန်းဆုံးဆိုတဲ့ အစားအသောက်တချို့ကို ကြည့်လိုက်ကြရအောင်။
(၁) ပိုးစာကောင်ကြော်

သင်က ပိုးချည်မျှင်တွေ ထုတ်ပေးတဲ့ ပိုးစာကောင်လေးတွေကို ချစ်တဲ့သူတယောက်ဆိုရင်တော့ ဒါကို ဝေါင်ဝေါင်ရွှေး ဝေးဝေးရှောင်ပေါ့လေ။ တရုတ်ဟင်းလျာတွေထဲမှာတော့ ဒီ အကောင်လေးတွေကို ပိုးတုံးလုံးဘဝမှာ ကြော်စားတဲ့ဟာက ရိုးရာဟင်းကောင်းတစ်မျိုးပါတဲ့။
သူ့အရသာက ဘယ်လိုမျိုးလဲဆိုတော့..။ အင်း ပြောကြတာကတော့ ပုစွန်အရ သာမျိုးတဲ့ဗျ။ ဒီကောင်လေးတွေကြော်ရင် ထည့်ရတဲ့ ဟင်းခတ်အမွှေးအကြိုင် ကတော့ များတယ်တဲ့။ ဆိုတော့ အနည်းဆုံးတော့ စားနေရင်းနဲ့ကို သင် ဘာစားလို့ စားနေမှန်းမသိအောင် ဖြစ်နေစေမှာပေါ့လေ။
(၂) ပုတ်သင်ပျံကြော်

Flying Lizard ဆိုတာ အိမ်မြှောင်၊ ပုတ်သင်၊ ကင်းလိပ်ချော၊ ဖွတ်တို့လို အုပ်စုထဲမှာ ပါပြီး ခုန်ပျံနိုင်တဲ့ သတ္တဝါတစ်မျိုးပဲ။ ဆိုတော့ ပုတ်သင်ပျံလို့ပဲ ဆိုကြပါတော့လေ။ တချို့လူတွေကတော့ ဒီအကောင်တွေကို သိချင်မှတောင် သိမှာ။ ဒါပေမဲ့ တရုတ်မှာတော့ ဒီကောင်က စားစရာတစ်မျိုးပဲ။ ဟုတ်တယ်။ လမ်းဘေး တရုတ်တန်းမှာ တွေ့နိုင်တယ်။
ပိုးစာပိုးတုံးလုံးကြော်လေးတွေမျိုးပဲ ဒီအကောင်ကြော်လေးတွေကိုလည်း တုတ်တံလေးတွေနဲ့ တံစို့ထိုးကြော်ထားတာ။ အကြွပ်ကြော်ပြီး ဆားလေးဖြူးပေးထားတယ်။ စားမိလို့ ကြိုက်မိသွားရင်တော့ ဒီအကောင်ကြော်လေးတွေကို ဟောင်ကောင်မှာကော၊ တခြားတရုတ်လူမျိုးတွေရှိတဲ့ ဒေသတွေမှာကော ရနိုင် သုံးဆောင်နိုင်ပါသေးတယ်။
(၃) မြွေသားစွပ်ပြုတ်

ဟုတ်ပ။ သင်မှားဖတ်မိတာဟုတ်ဘူးရယ်။ တကယ် တကယ်။ ချမ်းအေးတဲ့ ညနေခင်းလေးတွေဆို အရသာရှိတဲ့ စွပ်ပြုတ်ပူပူလေးတခွက်လောက် သောက်ချင်လိုက်တာလို့ တွေးဖူးလား။ ဒါပေမဲ့ အဲ့ဒါက မြွေသားနဲ့လုပ်ထားမယ်လို့တော့ ဘယ်စဉ်းစားမိပါ့မလဲပေါ့နော်။
ဒီမြွေသားစွပ်ပြုတ်လေးကိုဆိုရင်...။ နုပ်နုပ်စင်းထားတဲ့ မြွေသားလေးတွေနဲ့ ပြုတ်ထားတာ။ အရိုးလေးတွေတောင် ပေါလောလေး ပါနေသေး။ ဒီစပါယ်ရှယ် ဟင်းလျာရဲ့အစက တရုတ်တောင်ပိုင်းက လာတာ။ တရုတ်စားသောက်ဆိုင်တွေမှာတော့ ဒါကို Se Wong (ဆီးဝန်း) လို့ ခေါ်တယ်။ အဓိပ္ပာယ်ကတော့ ‘မြွေဘုရင်' ပါတဲ့။
(၄) နှစ်တစ်ထောင်ကြက်ဥ

နှစ်တစ်ထောင်ကြက်ဥဆိုတော့ သင် ခေါင်းရှုပ်သွားပြီမလား။ သူ့သက်တမ်းက တော့ တကယ်နှစ်တစ်ထောင်မရှိပါဘူး။ သူ့ပုံစံကိုက အထဲမှာ သက်တမ်းထောင်ချီရှိနေတဲ့ပုံမျိုးပေါက်နေလို့ အဲ့လိုခေါ်တာတဲ့။ တရုတ်ဈေးတန်းကို သွားလို့ ထူးထူးဆန်းဆန်း ကြက်ဥမျိုးတွေ့ရင် ‘ ပီဒန်’ လို့ ပြောလိုက်။ သင့်ကို အဲ့ဒီ ကြက်ဥ ပေးပါလိမ့်မယ်။
ဒီဥတွေကိုတော့ ရက်သတ္တပတ်ပေါင်းများစွာ ဒါမှမဟုတ် လပေါင်းများစွာကြာတဲ့ထိ အချဉ်ဖောက်ထားတာပါ။ တာရှည်ခံဖို့ ပြာတွေ၊ ရွှံ့စေးတွေ၊ ဆားတွေ၊ ထုံးတွေနဲ့ မံထားရတယ်။ စားဖူးသူတွေပြောတာတော့ အထဲမှာ ဒိန်ခဲနဲ့ ရှာလကာ ရည်အနံ့စူးစူးလိုမျိုး ရတယ်တဲ့။ ဆိုတော့ သိပ်တော့ ဆိုးမယ့်ပုံမရှိလောက်ဘူးမလား..။
(၅) ကြောင်ကင်

တရုတ်နိုင်ငံမှာ ခွေးသားစားတာကို သင့်အနေနဲ့ အော်ဂလီဆန်တာမျိုး ဖြစ်ဖူးလား။ ဒါနဲ့မှ မလုံလောက်သေးဘူးဆိုရင် ကြောင်သားကင်စားတာကို ထပ်ပြီးစောင့်ကြည့်လိုက်ပါဦး။ ကမ္ဘာမှာတော့ ခွေးလေး၊ ကြောင်လေးတွေဆိုတာ တန်ဖိုးထားစရာ အိမ်မွေးတိရစ္ဆာန်လေးတွေလို့ ယူဆကြပါတယ်။ ဒါပေမဲ့ အဲ့ဒီထဲမှာ တရုတ်နိုင်ငံကိုတော့ ဖယ်ထားလိုက်။ ဘာလို့ဆိုတော့ သူတို့နိုင်ငံက စားသောက်ဆိုင် တော်တော်များများမှာ အဲ့ဒီဟင်းလျာတွေ ရနိုင်လို့ပါပဲ။
သင့်ရှေ့တည့်တည့်က ပန်းကန်ပြားထဲမှာ ကြောင်ကင်လေး ထည့်စားကြည့်မလား? ဒါက တော်တော်လေးထူးဆန်းမယ်နော်။ စားဖူးသမျှထဲ အဆိုးရွားဆုံး တောင်ဖြစ်ချင်ဖြစ်နေမှာ။ ဒါပေမဲ့ တရုတ်မှာတော့ ဒါက အေးဆေးသာမန်ပဲ။ ဘာမှမထူးဆန်းဘူးတဲ့။
ဆိုတော့ သွားဖူးစားဖူးသွားချင်ကြပြီလား။ ဒါတွေတင်မပြီးသေးပါဘူး။ ကျန်သေးတယ်။ တခြားထူးဆန်းတာတွေ။ နောက်တစ်ပိုင်းမှာ ထပ်ပြောပြပေးသွားပါဦးမယ်။
Ref; https://bigglobaltravel.com/cuisine/chinese-street-food
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဇင်ဘိုလွင်
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....