ဒေသထွက်ဇီဝထွက်ကုန်များ ကုန်သွယ်ခြင်းဆိုသည်မှာ
ဒေသတွင်းဇီဝထွက်ကုန်များကုန်သွယ်ခြင်းဆိုသည်မှာပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးရာနှင့်စီးပွားရေးဆိုင်ရာ ရေရှည်တည်တံ့မှုစံနှုန်းသတ်မှတ်ချက်များအောက်တွင် ဒေသရင်းဇီ၀မျိုးကွဲစုံလင်သည့်နေရာမှပစ္စည်းများနှင့် ၀န်ဆောင်မှုများအားစုဆောင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်းနှင့်စီးပွားဖြစ်ရောင်းဝယ်ခြင်းများကိုဆိုလိုပါသည်။ဇီ၀ထွက်ကုန်များကုန်သွယ်ခြင်းအား ကုလသမဂ္ဂ၏ကုန်သွယ်မှုဖွံ့ဖြိုးရေးကွန်ဖရင့်မှ ဇီ၀မျိုးကွဲစုံလင်မှုဆိုင်ရာစာချုပ်ကိုအကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန် ဦးဆောင်ဦးရွက်ပြုပါသည်။ အခြေခံမှု (၇)ချက်အား လိုက်နာကျင့်သုံးပါသည်။ ၄င်းတို့မှာ
- ဇီဝမျိုးကွဲ စုံလင်မှုအား ထိန်းသိမ်းကာကွယ်ခြင်း
- ဇီဝမျိုးကွဲစုံလင်မှုများအား ရေရှည်တည်တံ့စေသည့်နည်းလမ်းဖြင့် အသုံးချခြင်း
- ဇီဝမျိုးကွဲစုံလင်မှုအားအသုံးချရာမှရရှိလာသောအကျိုးအမြတ်များအားမျှတစွာ၊တန်းတူရည်တူရှိစွာခွဲဝေခြင်း
- လူမှု-စီးပွားရေရှည် တည်တံ့ ခိုင်မြဲမှုရှိခြင်း(ထုတ်ကုန်မှု၊ဘဏ္ဍာ ရေးနှင့် ဈေးကွက်စီမံခန့် ခွဲခြင်း)
- ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ စည်းမျည်းစည်းကမ်းများအားလိုက်နာဆောင်ရွက်ခြင်း
- ဇီဝထုတ်ကုန်များ ကုန်သွယ်မှုတွင် အဓိကပါ၀င်သူများ၏အခွင့်အရေးကို လေးစားခြင်း
- မြေယာပိုင်ဆိုင်မှု၊မြေယာအသုံးချမှု၊ သဘာ၀အရင်းအမြစ်အသုံးချခြင်းနှင့် အသိပညာများရှင်းရှင်းလင်းလင်းရှိခြင်းတို့ဖြစ်သည်။
Helvetas Myanmar
အရှေ့တောင်အာရှဒေသဇီဝထုတ်ကုန်များ ကုန်သွယ်ခြင်းစီမံကိန်း(Bio Trade) စာစောင်မှကူးယူဖော်ပြသည်။
နည်းပညာမိတ်ဖက်အဖွဲ့
Helvetas မြန်မာ
Helvetas သည် ဆွစ်ဇာလန်နိုင်ငံနှင့် ဂျာမဏီနိုင်ငံတို့တွင် မှတ်ပုံတင်ထားရှိပြီး အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အရှေ့ဥရောပတိုက်များရှိဖွံ့ဖြိုးဆဲနိုင်ငံပေါင်း (၃၀) တွင် လုပ်ကိုင်လျက်ရှိပါသည်။ Helvetas အဖွဲ့အစည်းသည် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှစတင်ကာ လူမှုအကျိုးပြုစီမံကိန်းများကို စတင်လုပ်ဆောင်ခဲ့ပါသည်။ ကနဦး လုပ်ဆောင်မှုအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်းရေရှားရပ်ဝန်းဒေသများတွင် စိုက်ပျိုးရေးနှင့် ကျေးလက် ပြည်သူများ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ၊အသက်မွေးမြူရေးဆိုင်ရာ အခန်းကဏ္ဍများ၌ အလေးပေးဆောင် ရွက်ခဲ့ပါသည်။ မုတ္တမပင်လယ်ကွေ့ရှိ သဘာဝသယံဇာတစီမံခန့်ခွဲမှုတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ မုတ္တမပင်လယ်ကွေ့၏ တမူထူးခြားသော ဇီဝမျိုးစိတ်များအား ထိန်းသိမ်းစောင့်ရှောက်ကာ ရေရှည်ဖွံ့ ဖြိုးလာစေရန်ဆောင်ရွက်လျက်ရှိပြီး ယင်းတို့ကို အမှီပြုလျက်ရှိသော လူသားမျိုးနွယ်စုကို အကျိုးပြုရန် ရည်ရွယ်၍ မုတ္တမပင်လယ်ကွေ့ဒေသရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများပါဝင်သည့် ရပ်ရွာအခြေပြုကမ်းရိုးတန်းစီမံခန့်ခွဲမှု စီမံချက်ကိုဆောင်ရွက်လျက်ရှိသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026