အလှကုန်ထုတ်လုပ်ငန်းအတွက်အသုံးဝင်တဲ့ ခရုအချွဲ
စိုက်ပျိုးရေးလုပ်ငန်းတွင် ဖျက်ပိုးအပြင် ခရုနှင့် ပက်ကျိများသည်လည်း တောင်သူများအား နှောင့်ယှက်သော အရာများဖြစ်ပါသည်။ မိုးရာသီတွင်အကျများကာ သီးနှံများကိုကိုက်ဖြတ်သော ခရုကြီးများကို အိမ်နီးချင်းနိုင်ငံများတွင် အလှကုန်အတွက်အသုံးချနေပြီဖြစ်ပါသည်။
Giant African Snail ဟုခေါ်သည့် ထိုခရုများမှရသော အချွဲများကို စနစ်တကျထုတ်ယူကာ ထိုအချွဲကို အဆင့်ဆင့်သန့်စင်ပြီး မျက်နှာလိမ်း Snail cream များ snail slime ပါသော serum များပြုလုပ်နိုင်ပါသည်။ ထိုခရုကြီးများကို စနစ်တကျမွေးမြူကာ ထိုခရုများအား pipette ဖြင့် ရေစက်လေးများ တစ်စက်ချင်းချကာ ထိုအရည်ကိုပြန်ခံထား၍ မနာကျင်စေဘဲ အချွဲထုတ်နိုင်ပါသည်။ အချွဲများများရရန် ခရုများအား သက်တောင့်သက်သာ အခြေအနေရအောင်ထားရပါမည်။ သို့မှသာ ခရုများမှ အချွဲများစွာထွက်နိုင်မည်ဖြစ်၍ happy snail ဟု တင်စားကြပါသည်။ မိမိတို့နိုင်ငံတွင် ခရုအချွဲကို ဝယ်ယူသည့် စျေးကွက်ရှိပါက သို့မဟုတ် cosmetic များကိုယ်တိုင်ထုတ်နိုင်ပါက တောင်သူများအနေဖြင့် မိမိတို့သီးနှံတွင်ကျသောခရုများကို အကောင်လိုက်ရောင်းနိုင်သကဲ့သို့ အချွဲထုတ်ယူ၍လည်း ရောင်းနိုင်ပါသည်။ မိမိတို့ လယ်ယာလုပ်ငန်းလုပ်ကိုင်ရာတွင် ခရုများကို ခရုမွေးအိမ်ဖြင့် သီးခြားခွဲမွေးကာ အရွက်ကြမ်းများခရုကျွေး၍ integrated farming စနစ်အသွင် ပြုလုပ်နိုင်ပါသည်။
ခရုမှရသော အချွဲသည် hyaluronic acid ပါသောကြောင့် အသားရည်ကို စိုပြည်စေပါသည်။ Vitamin A နှင့် E တို့သည် အသားရည်ကိုတင်းရင်းစေကာ အရေးကြောင်းများကို သက်သာစေပါသည်။ ဝက်ခြံများအထွက်များပါက ခရုအချွဲသည် ရောင်ရမ်းမှုသက်သာစေသော အရာများပါသောကြောင့် ဆရာဝန်ညွှန်ကြားပါက သုံးနိုင်ပါသည်။
ခရုအချွဲကို ချီလီနိုင်ငံမှ စတင်တွေ့ရှိခဲ့ပါသည်။ ထိုနိုင်ငံမှ လယ်သမားမိသားစုသည် 1980 အစောပိုင်းကာလတွင် ခရုကို စားသုံးမှုအတွက် ဥရောပသို့တင်ပို့ရာမှ ခရုအချွဲများသည် အလုပ်ကြမ်းလုပ်ကိုင်ရသော ၎င်းတို့လက်ကို ပိုးသားကဲ့သို့ ချောမွေ့စေသည်ကို သတိပြုမိရာမှ နောက်ပိုင်းတွင် ကမ္ဘာ့နိုင်ငံ ၄၅ ခုသို့ အလှကုန်အတွက် တင်ပို့ခဲ့ပါသည်။ အရှေ့တောင်အာရှတွင် ခရုအချွဲထုတ်လုပ်မှု၌ မလေးရှား၊ ထိုင်းနှင့် စင်ကာပူတို့ ထိပ်ဆုံးမှပါဝင်ပါသည်။ အာရှတွင်မူ ကိုးရီးယားနှင့် ဂျပန်သည် ခရုမှထုတ်သော အလှကုန်စျေးကွက်တွင် နာမည်ကြီးပါသည်။
နောင်တစ်ချိန်တွင် တောင်သူများတွင် ခရုအချွဲကို ပြည်တွင်းအတွက်ဖြစ်စေ ပြည်ပသို့ဖြစ်စေ တင်ပို့နိုင်မည့်အခွင့်အလမ်းရှိလာခဲ့လျှင် တောင်သူများအသုံးချတတ်စေရန်ရည်ရွယ်၍ ရေးသားလိုက်ရပါသည်။
Lin
လွန်ခဲ့သော ၄ နှစ် ကခရု အစီးတွေက ဦးနှောက်အမှေးယောင်ရောဂါဖြစ်တယ်လို့ကြားဖူးလို့ ဟုတ်လားဗျ
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from စုမြတ်မြတ်မိုး
အားလုံး
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022