အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နွမ်းနေတဲ့ဆလပ်ရွက်တွေ ပြန်လန်းလာအောင်လုပ်နည်း

နွမ်းနေတဲ့ဆလပ်ရွက်တွေ ပြန်လန်းလာအောင်လုပ်နည်း

 

ဆလပ်ရွက်ဆိုတာကလည်း ခြောက်တာမြန်မှမြန် အခုဝယ်မကြာခင် နွမ်းပဲဗျို့  နေပူချိန်ကလည်း သေးမှမသေးပဲ။

 

အဲ့ဒါနဲ့ပတ်သတ်ပြီး ဟိုးတနေ့က Heather Rodino ရေးထားတဲ့ Household Hints စာအုပ်ထဲမှာ ဆလပ်ရွက်ပြန်လန်းနည်းကို သွားတွေ့လိုက်တယ်။ ကိုယ်တိုင်စမ်းကြည့်လိုက်တော့ အဟုတ်ရှင့်။ အတော်ကိုပြန်လန်းလာတယ် ။ ဘယ်လောက်ထိ လန်းနိုင်မလဲဆိုတာ သိချင်လို့ အတော်နွမ်းကျသွားအောင် တစ်ညလောက် ထားပြီးမှ စမ်းလိုက်တာ။ နေတော့မထိပါဘူး ။ မီးဖို့ချောင်မှာက ပန်းကန်စင်လေးပေါ်မှာပဲ အပြန့်လိုက်လေးတင်ထားလိုက်တာ။ စမ်းကာနီးကျတော့ အတော်ကိုနွမ်းနေပြီ။ 

 ဆလပ်ရွက်နွမ်းနေတာကို ပြန်လန်းလာအောင် ဘယ်လိုလုပ်ရမလဲဆိုတော့..

 

(၁) နွမ်းခြောက်နေတဲ့ ဆလပ်ရွက်ကို အမှုန်အမွှား အညစ်ကြေးလေးတွေစင်သွားအောင် ရေလေးနဲ့ တစ်ထပ်ဆေးလိုက်တယ်။ 

 

(၂)  ရေခဲရေ တစ်ဘူးမအေးတအေးလေးကို ဇလုံထဲထည့်ပြီး သံပုရာသီးတစ်ခြမ်း ညှစ်ထည့်လိုက်ပါတယ်။ 

 

(၃) ပြီးတော့ ဝယ်လာတဲ့ ဆလပ်ရွက် တစ်စီးကို တစ်ရွက်ချင်းစီဖြဲပြီးတော့ ဇလုံထဲထည့်လိုက်ပါတယ်။ 

 

(၄) ရေခဲသေတ္တာထဲမှာ အဲ့ဒီဇလုံကို နာရီဝက်လောက် ထည့်ထားလာတာ တကယ်  တကယ် ပြန်လန်းလာတယ် ။

 

    တော်တော်နွမ်းသွားတာတောင် ၇၀ ရာခိုင်နှုန်းလောက်ထိပြန်လန်းလာတာကို ပုံမှာသာ ကြည့်လိုက်ကြပါတော့ရှင်။ ဒါတောင် ရေခဲသေတ္တာထဲထည့်ထားတဲ့ အချိန် ၁နာရီလောက် မီးပျက်သွားသေးတယ်။ တကယ်လို့ ဆလပ်ရွက်က အဲ့ဒီလောက်လည်း မခြောက်သွားဘူး မီးလည်းမပျက်ဘူး ပုံမှန်အတိုင်းအစီအစဉ်တကျ သွားမယ်ဆို ဒီထက်ပိုလန်းနိုင်ပါတယ်။

 

 

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

1
Said Pine Harn

Said Pine Harn

လွန်ခဲ့သော ၄ နှစ် က

အသုံးဝင်ပါတယ်

You

ဆက်စပ်မေးခွန်းများ

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။