ဂျပန်နိုင်ငံက ကမ္ဘာ့ဈေးအကြီးဆုံး ဖရဲနက် (သို့) ဒန်ဆူခဲ
ဖရဲသီးကို အရောင်ဘယ်နှစ်မျိုးရှိတယ်ထင်ပါလဲ။ အတွင်းသားနီနီနဲ့ ပန်းရောင်မကျတကျ ရှိပြီး အစေ့မဲမဲတွေက ကျွန်မတို့နဲ့ အကျွမ်းဝင်ရှိပြီးသားဖြစ်မှာပါနော်။ တစ်ခါတစ်လေမှာ အဝါသီးတွေကိုလည်း တွေ့ဖူးမှာပါ။
ဒီအရောင်တွေပဲရှိတယ်လို ထင်ပါသလား။ မဟုတ်ပါဘူး။ ဖရဲသီးက အဖြူရောင်၊ ပန်းရောင်၊ အစိမ်းရောင်၊ ခရမ်းရောင် လိမ္မော်ရောင်နဲ့ အစေ့ပါတာ၊ မပါတာဆိုပြီး အရောင်သွေးစုံစုံလင်လင်နဲ့ကို ရှိပါတယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပြန်ဘူး။ အနက်ရောင်ဆိုတာလည်း ရှိပါသေးတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ အနက်ရောင်ဖရဲသီးကိုတော့ ဒန်ဆူခဲလို့ခေါ်ပါတယ်။ ဒန်ဆူခဲဟာဆိုရင် အလေးချိန် ၈ ပေါင်လောက်ထိရှိပါတယ်။ ဒါဟာ ဥရောပနဲ့ အမေရိကမှာ ရောင်းချနေတဲ့ ဖရဲသီးအလေးချိန်နဲ့ယှဉ်ရင် သေးတယ်ဆိုနိုင်ပေမယ့် ဈေးကတော့ အလေးချိန်နဲ့ မတန်အောင်ပါပဲ။
ဒါဟာအလွန်ရှားပါးတဲ့ အသီးဖြစ်သလို တစ်နှစ်ကို အလုံး၁၀၀ လောက်သာ ထွက်ပါတယ်။ ဒန်ဆူခဲ (အမဲရောင်ဖရဲသီး) ကို မတ်လမှာ စိုက်ပျိုးကြပြီး မေလမှာ ခူးဆွတ်ကြပါတယ်။

ဒန်ဆူခဲကို ဟော့ကိုင်းဒိုးပြည်နယ် မြောက်ဖက်မှာပဲစိုက်ပျိုးကြပါတယ်။ အနံ့ကတော့ ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး မရှိပေမယ့် အရသာကတော့ လုံးဝကိုခြားနားပြီး အလွန်ချိုပါတယ်တဲ့။
ဒါဟာ တစ်ကမ္ဘာလုံးမှာဈေးအကြီးဆုံး ဖရဲသီးလည်း ဖြစ်နိုင်ပါတယ်။
ဈေးကတော့ အမေရိကန်ဒေါ်လာ ၂၅၀ ကနေ ၆၀၀၀ လောက်ထိရှိပါတယ်။ မြန်မာငွေကျပ်နဲ့ဆိုရင်တော့ အခုလောလောဆယ် ၁ ဒေါ်လာကို ၂၀၀၀ ကျပ် ဝန်းကျင်ရှိတာမို မြှောက်သာကြည့်ကြပါတော့........
ဂျပန်နိုင်ငံမှာ ဒန်ဆူခဲ (အမဲရောင်ဖရဲသီး) စိုက်ပျိုးပုံလေးကတော့ ..
၁။ အရင်ဆုံးပုံမှန်အတိုင်း ပျိုးဘောင်ပေါ်မှာ ဖရဲမျိုးစေ့မျိုးတွေကို စိုက်ပျိုးလိုက်ပါတယ်။
၂။ ပြီးရင်တော့ ပျိုးပင်လေးတွေကို အိုးအသေးထဲပြောင်းထည့်လိုက်ပြီး အရေးကြီးဆုံး အဆင့်ကို စလုပ်ပါတယ်။ အဲ့ဒါကတော့ အစုံလိုက်ကွဲထွက်နေတဲ့ ရွက်မွှာ နှစ်ရွက်ကြားထဲကို တခြားရွက်မွှာသေးလေးကို ထိုးထည့်လိုက်ပြီး မျိုးစပ်လိုက်တာပါပဲ။
၃။ ဒီကိုင်းကူးကိုင်းဆက် လုပ်ခဲ့တဲ့ နေရာကနေ အညွှန့်လေးတွေစထွက်လာပါတယ်။
၄။ ဖန်လုံအိမ်အာနိသင်ရှိတဲ့ Farm တစ်ခုကို ပြင်ဆင်ထားရပါမယ်။ ပျိုးပင်လေးတွေကို လဝက်ကြာ ဂရုစိုက်ပြီး လုံလောက်တဲ့ ကြီးထွားမှုမျိုးရပြီဆိုရင်တော့ အမြစ်တွေ အစိုဓာတ်လုံလောက်စေရန် ရေထဲမှာ ပျိုးဗန်းနဲ့အတူနှစ်ပြီး စိုက်ကျင်းထဲကို အာဟာရပါတစ်ခါတည်းပေးပြီး စိုက်ပျိုးကြပါတယ်။
၅။ ကောင်းစွာကြီးထွားဖို့ စက္ကူပျော့ဖတ်တွေနဲ့ ပြန်ဖုံးပေးရပါသေးတယ်။
၆။ ဒန်ဆူခဲသီးကြီးထွားမှု အဆင့်တိုင်းကို ဂရုစိုက်ဖို့ အတော်လိုအပ်ပါတယ်။
၇။ မလိုအပ်တဲ့ ကိုင်းတွေကို ချိုင်ပေးဖို့ လိုအပ်ပြီးတော့ အသီးသီးချိန်မှာတော့ အကောင်းဆုံး အသီးကိုရွေးပြီး ပလတ်စတစ်ဗန်းကို အောက်က ခံပေးရပါတယ်။
၈။ တခြားအသီးတွေကတော့ အာဟာရယှဉ်ပြိုင်ရတာမျိုးမဖြစ်စေရန် ခူးပေးရပါတယ်။ ပထမဦးဆုံး စသီးချိန်မှာတော့ အသီးတွေက ပုံမှန်အစိမ်းရောင်ပါ။
၉။ ခူးချိန်တန်ကာ ရင့်မှည့်သွားရင်တော့ သူတိုရဲ့ မျိုးရိုးဗီဇအရ အမဲရောင်အဖြစ်ကို ပြောင်းသွားပါတယ်။
၁၀။ ဒါဆိုရင်တော့ခူးဆွတ်ပြီး ခေတ်မီစက်ကြီးတွေနဲ့ သန့်စင်ပြီးတဲ့အခါ ပြောင်ချောလုံးဝိုင်းနေတဲ့ အမဲရောင်ဖရဲသီး (ဒန်ဆူခဲ) ကို ရပါပြီ။
ဒန်ဆူခဲသီးကို ဂျပန်နိုင်ငံအပြင်ဘက်မှာ ကျယ်ကျယ်ပြန့်ပြန့်မစိုက်ပျိုးကြသေးပေမယ့် အမေရိကနဲ့ ဥရောပမှာတော့ မျိုးစေ့တွေကို တရားဝင်စီးပွားဖြစ်ရရှိနေပြီလို့ ဆိုပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 0 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဆုမြတ်နိုး
အားလုံး