သင်သိပါသလား...လက်ပုံမှန်ဆေးရုံနဲ့ ရောဂါပိုးအမျိုးမျိုး ကြိုတင်ကာကွယ်နိုင်တယ်ဆိုတာ...
သင်သိပါသလား...
- ဆပ်ပြာနဲ့လက်ကို သန့်ရှင်းအောင် ဆေးလိုက်ရုံနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါများကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်တယ်ဆိုတာ..
သင်သိပါသလား...
- ဆပ်ပြာနဲ့လက်ကို သန့်ရှင်းအောင် ဆေးလိုက်ရုံနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်ဆိုတာ..
သင်သိပါသလား...
- ဆပ်ပြာနဲ့လက်ကို သန့်ရှင်းအောင် ဆေးတာဟာ... ကာလဝမ်းရောဂါ၊ အီဘိုလာ (Ebola), ရှီဂါလိုစစ်(Shigellosis), ဆားစ် (SARS), အသည်းရောင်အသားဝါ-အီးနှင့် ကိုဗစ်-၁၉ ကဲ့သို့ ကူးစက်ရောဂါများ ပြန့်ပွားမှုကို လျှော့ချပေးရာတွင် အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်ကူညီပေးနေတယ်ဆိုတာ...
သင်သိပါသလား...
- ဆပ်ပြာနဲ့လက်ကို သန့်ရှင်းအောင် ဆေးလိုက်တာဟာ...ဆေးရုံဆေးခန်းတွေမှာ ဖြစ်ပွားစေတတ်တဲ့ ရောဂါကူးစက်မှုများကို ကာကွယ်ပေးနိုင်ပြီး ပိုးသတ်ဆေးယဉ်ပါးမှုကြောင့် ဖြစ်စေနိုင်တဲ့ ရောဂါပိုးမွှားများ ပျံ့နှံ့ခြင်းကိုလည်း လျှော့ချပေးတယ်ဆိုတာ..
သင်သိပါသလား...
- ဆပ်ပြာနဲ့လက်ကို သန့်ရှင်းအောင် ဆေးလိုက်တာဟာ.. လျစ်လျူရှုခံထားရတဲ့ အပူပိုင်းဒေသတွင် အဖြစ်များသောရောဂါများအား လျှော့ချဖို့အတွက်လည်း အထောက်အကူဖြစ်စေနိုင်တယ်ဆိုတာ...
ဆိုတော့ကား..
- လက်ကလေးကို ပုံမှန်ဆေးကြောသန့်ရှင်းပေးနေဖို့ဆိုတာ ဘာမှ အပန်းမကြီးပေမဲ့...ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ တပုံတပင်ကြီးပါနော်..
#ဆေးရုံဆေးခန်းသွားရတယ်ဆိုရင်... ဘာမဟုတ်တဲ့ ရောဂါလေးတွေနဲ့တင်.. တနင့်တပိုး ကုန်ကျစရိတ် များနေတဲ့ခေတ်ကြီးထဲမှာ.. ရောဂါအများအပြားကို အပန်းမကြီးတဲ့နည်းလမ်းတစ်ခုတည်းနဲ့...ကာကွယ် ပေးနိုင်တာဖြစ်လို့...ပုံမှန်လက်ဆေးကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်...
လက်ရှိမှာတော့ လက်ဆေးခြင်းကို ကမ္ဘာလုံးဆိုင်ရာအဆင့်ထိ ကျယ်ကျယ်ပြန့်ပြန့်အားပေးလုပ် ဆောင်လာပြီး နှစ်စဉ် အောက်တိုဘာလ ၁၅ ရက်နေ့ကို ‘ကမ္ဘာ့လက်ဆေးပွဲတော်နေ့’ အဖြစ် သတ်မှတ်ပြီး လူထုအသိပညာပေးမှုတွေ ပြုလုပ်နေပါတယ်။
အခုနှစ် အောက်တိုဘာ ၁၅ ရက်မှာကျရောက်တဲ့ ‘ကမ္ဘာ့လက်ဆေးပွဲတော်နေ့’ မှာတော့ ...
‘ အားလုံးလက်ဆေးသန့်ရှင်းရေး စည်းလုံးညီညာဆောင်ရွက်ပေး’ ဆိုတဲ့ ဆောင်ပုဒ်နဲ့ လူထု လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းမှာလည်း ကမ္ဘာ့ငါးအဖွဲ့(World Fish) နဲ့ မိတ်ဖက်အဖွဲ့တွေ ပူးပေါင်းကာ ဒေသအများအပြားမှာ ‘ကမ္ဘာ့လက်ဆေးနေ့’ လူထုအသိပညာပေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
လှုပ်ရှားမှုပုံတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်..။
Let Pan Chuang Village, Kale Township, Ar Yone Oo Social Development Association 

Thar Yar Kone Village, Kale Township, Ar Yone Oo Social Development Association

Min Hla Village, Kale Township, Ar Yone Oo Social Development Association

Hpoke Kone Village, Shwebo Township, BRAC Myanmar


Kengtung Township, Mawk Kon Local Development Organization & WorldFish Myanmar




*ပုံမှန်လက်သန့်ရှင်းရေး လုပ်ပေးရမယ့်အချိန်တွေကတော့...
- အစာမစားမီနှင့် အစားအစာတွေ မကိုင်တွယ်မီတိုင်း
- အိမ်သာတက်ပြီးတိုင်း
- ကလေးအညစ်အကြေး သန့်စင်ပြီးတိုင်း
- အများသုံးပစ္စည်းတွေ ကိုင်တွယ်ပြီးတိုင်း (ဥပမာ - ပိုက်ဆံ၊ တံခါးလက်ကိုင်၊ ဘတ်စ်ကားလက်တန်း၊ စက်လှေကားလက်ရန်း)
- ကစားပြီးတိုင်း
တွေပဲဖြစ်ပါတယ်။
ဒီတော့...လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင်ဆေးကြောခြင်းဖြင့်...
ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ရာသီတုပ်ကွေးရောဂါ စတဲ့ ကူးစက်ရောဂါအမျိုးမျိုးကို ကာကွယ်လိုက်ကြပါစို့...။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 0 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026