ရွှေဖရုံသီးနဲ့ ကျန်းမာရေး
ရွှေဖရုံသီး စားရတာ ကြိုက်နှစ်သက်တဲ့ သူတွေရှိမယ် ထင်ပါတယ်။ ရွှေဖရုံပင်ဟာဆိုရင် အသီးသာမက အစေ့၊ အညွန့်နဲ့ အရွက်တို့ဟာလည်း စားသုံးလို့ရပြီး ကျန်းမာရေးအတွက် ကောင်းကျိုးတွေ များစွာရှိနေတာ ဖြစ်ပါတယ်။ အရသာချိုချိုလေး ရှိတဲ့အပြင် အာဟာရဓာတ်တွေလည်း များစွာ ပါဝင်နေကြောင့် စားသုံးပေးသင့်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်နေလဲဆိုတာ လေ့လာကြည့်ရအောင်လား ခင်ဗျ။
ရွှေဖရုံသီးမှာ အများဆုံးပါဝင်နေတဲ့ အာဟာရဓာတ်ကတော့ ဗီတာမင် အေ ဖြစ်ပါတယ်။ ရွှေဖရုံသီးဟင်းတစ်ခွက်မှာ ယေဘူယျအားဖြင့် ဗီတာမင် အေ၊ ပရိုတင်း(အသားဓာတ်)၊ အမျှင်ဓာတ်၊ ဗီတာမင် စီ၊ ပိုတက်စီယမ်၊ ဗီတာမင် အီး၊ ဗီတာမင် ဘီ၂၊ မဂ္ဂနိစ်၊ သံ ဓာတ် အစရှိသည်ဖြင့် အာဟာရဓာတ်များစွာ ပါဝင်နေပါတယ်။ ရွှေဖရုံသီးမှာဆိုရင် ရေ ၉၄ ရာခိုင်နှုန်းပါဝင်ပြီး၊ ဗီတာမင်နဲ့ သတ္တုဓာတ်များလည်းစွာပါဝင်ကာ ကယ်လိုရီ ပါဝင်မှုနည်းပါတယ်။ ကယ်လိုရီပါဝင်မှုနည်းတာကြောင့် အဆီ၊ အစိမ့်များတဲ့ အစားအသောက်တွေရဲ့ နေရာမှာ အစားထိုး စားသုံးနိုင်ပါတယ်။
ကင်ဆာရောဂါများ ကာကွယ်ပေးခြင်း
ရွှေဖရုံသီးမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်မှုကြောင့် နာတာရှည် ရောဂါတွေဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေကြောင့် ကင်ဆာရောဂါ ဖြစ်ပွားမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။ အထူးသဖြင့် အစာအိမ် ကင်ဆာ၊ လည်ချောင်း ကင်ဆာနဲ့ ရင်သား ကင်ဆာ ဖြစ်ပွားမှုတွေကို လျော့နည်းစေတာပဲ ဖြစ်ပါတယ်။
ကိုယ်ခံအား ကောင်းမွန်စေခြင်း
အထက်မှာ ဖော်ပြခဲ့သလိုပဲ ရွှေဖရုံသီးမှာ ဗီတာမင်ဓာတ်တွေ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ ဗီတာမင် အေ ကြွယ်ဝတဲ့ အစားအစာဖြစ်တာကြောင့် ကိုယ်ခံအားကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်း ရောဂါတွေဝင်ရောက်မှုကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ဗီတာမင် စီ ပါဝင်နေမှုဟာဆိုရင် သွေးဖြူဥ ထုတ်လုပ်မှုကို တိုးစေပြီး ခန္ဓာကိုယ်မှာ အနာတရ ဖြစ်ခဲ့ပါကလည်း လျင်လျင် မြန်မြန်နဲ့ သက်သာပျောက်ကင်းစေပါတယ်။
အမြင်အာရုံ ကောင်းစေခြင်း
နောက်တစ်မျိုး ကောင်းကျိုးကတော့ အမြင်အာရုံကို ကြည်လင်စေတာပဲ ဖြစ်ပါတယ်။ ရွှေဖရုံသီးနဲ့ပြုလုပ်ထားတဲ့ မျက်စိအားတိုးဆေးတွေလည်း ဈေးကွက်ထဲမှာ ရှိနေပါပြီ။ မိမိရဲ့ ခန္ဓာကိုယ်မှာ ဗီတာမင် အေ ချို့တဲ့နေမယ်ဆိုရင် အမြင်အာရုံကို ထိခိုက်နိုင်တာကြောင့် ရွှေဖရုံသီး စားပေးခြင်းဖြင့် မျက်စိအတွင်းတိမ် ဖြစ်ပွားမှုနဲ့ မျက်စိအားနည်းတာမျိုးတွေအတွက် ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။
ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း
ရွှေဖရုံသီးဟာဆိုရင် ကယ်လိုရီပါဝင်မှုနည်းတာကြောင့် ကိုယ်အလေးချိန်ကျစေပြီး ဆန်နဲ့ အာလူး ကဲ့သို့ ကာဗွန်အရင်းအမြစ်ကြွယ်ဝတဲ့ အစားအစာများထက် ပိုမိုစားသုံးနိုင်ပါတယ်။ ရွှေဖရုံသီးမှာ အမျှင်ဓာတ်တွေလည်း ပါဝင်တာကြောင့် မကြာခဏ အစာစားချင်စိတ် ဖြစ်ပေါ်မှုကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။
နှလုံးကျန်းမာရေး ကောင်းစေခြင်း
ပိုတက်စီယမ်၊ ဗီတာမင် စီနဲ့ အမျှင်ဓာတ်တွေ ပါဝင်တာကြောင့် သွေးဖိအားကို လျော့ကျစေပြီး နှလုံးရောဂါဖြစ်ပွားနိုင်မှုကိုလည်း လျော့နည်းစေပါတယ်။ ဒါကြောင့် နှလုံးရောဂါအခံ ရှိသူတွေအနေနဲ့ စားသုံးပေးသင့်တဲ့ အစားအစာဖြစ်ပါတယ်။ အမျှင်ဓာတ်တွေဟာဆိုရင် ခန္ဓာကိုယ်မှာ ရှိနေတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
အသားအရေ လှပစေခြင်း
ဗီတာမင် ဓာတ်တွေပါဝင်နေခြင်းဟာ အရေပြားအတွက် ကောင်းကျိုးများစွာ ရှိစေပါတယ်။ အသားအရေ နေလောင်တာတွေ၊ ခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်စီးတာမျိုးတွေ အတွက် အရေပြားကို ပြန်လည်ကျန်းမာစေတဲ့ ကောင်းကျိုးတွေလည်း ရှိနေပါတယ်။
ရွှေဖရုံသီးကို ဟင်းချက်စားတာ အပြင် နည်းလမ်းများစွာနဲ့ ပြုလုပ်ပြီး စားသုံးနိုင်ပါတယ်။ ဟင်း၊ မုန့်၊ စွတ်ပြုတ်၊ အသုပ် စသည်ဖြင့် ပုံစံမျိုးစုံပြုလုပ်ပြီး စားသုံးလို့ ရပါတယ်။ ဒ့ါကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုးတွေ များစွာရှိနေတဲ့ ရွှေဖရုံသီးကို မိမိအိမ်မှာ မိသားစုနဲ့အတူ စားကြည့်ကြဖို့ အကြံပြုလိုက်ရပါတယ်။
ဇင်ထူးနိုင်
ကိုးကားချက်
- https://www.healthline.com/nutrition/pumpkin#section9
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Thwin Thwin
လွန်ခဲ့သော ၄ နှစ် ကဆေးဝါးဖော်စပ်တဲ့နေရာမှာ အသုံးဝင်ပါသလားသိချင်လို့ပါ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....