ငရုတ်ကောင်းပင်၏ ကျန်းမာရေး အကျိုးကျေးဇူးများ
ငရုတ်ကောင်းပင်၏ ကျန်းမာရေးအကျိုးကျေးဇူးများ
ငရုတ်ကောင်းပင်သည် နှစ်ရှည်ခံ နွယ်ပင်မျိုးဖြစ်သည်။ ပင်စည်ပြောင်ချောနေပြီး အဆစ်နေရာများမှ ကြားမြစ်များထွက်သည်။ အရွက်သည် ရွက်လွှဲထွက်သည်။ ကွမ်းရွက်နှင့်ဆင်သည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်းဝိုင်း သို့မဟုတ် နှလုံးပုံရှိသည်။ မျက်နှာပြင်ပြောင်ချော၍ ရွက်ကြော ၅ခုမှ ၉ ခုထိပါရှိသည်။ ရွက်နားညီ၍ ရွက်ပြားထူပြီးမာ၏။
ငရုတ်ကောင်းအပွင့်သည် အောက်သို့ငိုက်ကျနေသော ကြောင်မြီးသဏ္ဍန် ပန်းခိုင်တွင် ပွင့်ညှာမဲ့ ပန်းပွင့်လေးများ များပြားစွာပါရှိသည်။ ပန်းခိုင် ၂ လက်မမှ ၅ လက်မထိ ရှည်သည်။ အဖိုပန်းခိုင်နှင့် အမပန်းခိုင်ဟူ၍ ရှိ၏ ။ အသီးသည် အစိမ်းရင့်ရောင်ရှိ၍ ခွံပျော့တစ်စေ့သီးဖြစ်သည်။ အသားထူသည်။ ရင့်မှည့်လာပါက လိမော်ရောင်မှ အနီရောင်သို့ပြောင်းသွားသည်။ တစ်ခိုင်လျှင် အသီး ၂၀ မှ ၈၀ ထိပါရှိသည်။ အစေ့သည် ခြောက်သွေ့က အစေ့ခွံသည် အနက်ရောင်ရှိပြီး ပြင်း၍ စူးရှသောအနံ့ရှိသည်။
ပေါက်ရောက်သည့်ဒေသ။ ။မြန်မာ့ကမ်းရိုးတန်း ကရင်ပြည်နယ်၊ ရခိုင်နှင့် တနသာင်္ရီကမ်းရိုးတန်းတို့တွင် စိုက်ပျိုးပေါက်ရောက်သည်။ အပူချိန် ၅၀ံ မှ ၁၀၀ံ ဖာရင်ဟိုက်အတွင်းရှိပြီး မိုးရေချိန် ၆၀ လက်မအထက် ရွာသွန်းသောဒေသများ၌ ဖြစ်ထွန်းသည်။
သဲနုန်းမြေ၊ နုန်းတင်မြေနု၊ ဂဝံမြေ၊ မြေနီ၊ သဲဝန်းတောင်စောင်း တောင်ကုန်းတို့တွင် ကောင်းစွာဖြစ်ထွန်းသည်။ မြေချဉ်ကိုပို၍ နှစ်ခြိုက်သည်။ မြေတွင်အစိုဓာတ် ကောင်းစွာရှိ၍ ရေအလွန်မဝပ်သော မြေမျိုးဖြစ်သင့်သည်။
ပင်သက် ၃-၄ နှစ်တွင် စသီးသော်လည်း ၆-၇ နှစ် အရွယ်ရောက်မှသာ သီးထွက်ကောင်းသည်။ အသီးကို တစ်နှစ်လျှင် တစ်ကြိမ် (တပေါင်းလ မှ ကဆုန်လ) တွင် ဆွတ်ပေးရသည်။ အသီးများအနီရောင်စပြလျှင် ရင့်မှည့်ပြီဖြစ်၍ ဆွတ်ခူးနိုင်သည်။ ဆွတ်ခူးပြီး ကောင်းစွာခြောက်သွေ့အောင် နေလှန်းပေးရမည်။
ဆွတ်ခူးပြီး အခိုင်များကို နေတွင်အခြောက်လှန်၍ သွေ့ခြောက်သောအခါ အညှာနှင့်အမှိုက်သရိုက်များကို ပြာထုတ်ပြီးသန့်စင်လိုက်ပါက အနက်ရောင်ငရုပ်ကောင်းစေ့များကို ရသည်။
ငရုတ်ကောင်းစေ့သည် မြန်မာဆေးကျမ်းအလိုအရ စပ်၏။ ပူ၏။ ဝမ်းမီးကိုတောက်စေ၏။ သည်းခြေကို ဖြစ်စေ၏။ နှုတ်ကိုမြိန်စေ၏။ လေသလိပ်ကိုကြေစေ၏။ သွေးကို ကြွစေ၏။ နို့ရည်ကို ထွက်စေ၏။

ငရုတ်ကောင်းပင်၏ အသုံးဝင်ပုံ
၁။ ငရုပ်ကောင်းစေ့ကိုအမှုန့်ပြုပြီး ပျားရည်နှင့်ရော၍လျက်ပါက ချောင်းဆိုးရောဂါ၊ ပန်းနာရပ်ကျပ်ရောဂါများကို ပျောက်ကင်း၏။ မိခင်များနို့ထွက်၏။
၂။ ငရုပ်ကောင်းစေ့ကို ရှိန်းခို၊ ဘိန်းတို့နှင့်ရော၍ အမှုန့်ပြုပြီးစားပါက အဆက်မပြတ်သွားသော ဝမ်းပျက်ရောဂါပျောက်၏။
၃။ ငရုပ်ကောင်းကို ဒိန်ချဉ်နှင့်သွေး၍ အနည်းငယ်မျှမျက်စင်းခပ်ပေးသော် ကြက်မျက်သင့်နာပျောက်ကင်း၏။ အမှုန့်ပြု၍ဒိန်ချဉ်၊ ကြ့သကာနှင့် ရော၍စားပါက နှာခေါင်းသွေးလျှံခြင်း၊ သွေးယိုစီးခြင်းနှင့် နှာစေးခြင်းပျောက်၏။
၄။ ငရုပ်ကောင်းကို မီးကင်ပြီး အခိုးအငွေ့များရှူပေးခြင်းဖြင့် ကြို့ထိုးရောဂါပျောက်ကင်း၏။
၅။ ငရုပ်ကောင်းစေ့နှင့် အညာခရာစေ့ ၂ မျိုးကို အသင့်အတင့်ရော၍ အမှုန့်ပြုပြီးစားသုံးပါက ခွေးရူးဆိပ် ပြေစေသည်။
၆။ ငရုပ်ကောင်းစားခြင်းဖြင့် အစာကြေခြင်း၊ လေကြေခြင်း၊ ဆီးကောင်းခြင်း၊ ဝမ်းဖောဝမ်းရောင် ဖြစ်ခြင်းနှင့် လိပ်ခေါင်းရောဂါတို့ကို ပျောက်ကင်းစေသည်။
၇။ ငရုပ်ကောင်းမှုန့်ကို နွယ်ချိုနှင့် ရောလျက်ပေးပါက လေထိုး လေအောင့် ရောဂါ၊ နှလုံးတုန် ရင်ခုန်ရောဂါ ပျောက်၏။
ကိုးကား-မြန်မာ့ဆေးဝါးပင်များ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026