ခဝဲသီးစားခြင်းဖြင့် ဆီးကျိတ်ဖြစ်ပွားမှုလျော့ကျစေနိုင်သည်
ပါဝင်သောအာဟာရဓာတ်များအနေနှင့်လည်း ကျန်းမာရေးကို အထောက်အကူပြုစေသော ဟင်းသီးဟင်းရွက်မှာ ခဝဲသီးပင်ဖြစ်ပေသည်။ ခဝဲသီး၏ အရသာမှာချိုပြီး အနည်းငယ်ဖန်သည်။ နှစ်စဉ် မေလနှင့် ဇူလိုင်လတွင် လှိုင်လှိုင်ပေါများစွာ ဝယ်ယူရရှိနိုင်သည်။
အာဟာရဓာတ်နှင့်ပုံသဏ္ဍာန်
ခဝဲသီးမှာ နိုင်ငံအလိုက် ပုံသဏ္ဍာန်အမျိုးမျိုးကွဲပြားသော်လည်း ပါဝင်သောအာဟာရဓာတ်များမှာတူညီမှုရှိပါသည်။ အများအားဖြင့် ခဝဲသီးတွင်ပါဝင်သော ဓာတ်မှာ ကယ်လိုရီ၊ ဗီတာမင်စီ၊ မင်းဂနီးစ်၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်၊ ဗီတာမင် B6 ပင်ဖြစ်ပေသည်။
အများဆုံးပါဝင်သည့် အာဟာရဓာတ်မှာ ဗီတာမင်စီ ၂၇ ရာခိုင်နှုန်း၊ ပိုတက်ဆီယမ် ၂၄ ရာခိုင်နှုန်း၊ မင်းဂနီးစ် ၂၃ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ၂၃ ရာခိုင်နှုန်းတို့ပင်ဖြစ်ပေသည်။ ပေါင်းစပ်သော ဒြပ်စင်များသည် ထူးခြားသော ဂုဏ်သတ္တိကိုလည်း အသီးတွင်တွေ့ရှိရကြောင်းကို ၂၀၀၈ခုနှစ်တွင် ဗြိတိသျှသုတေသီများက ပြောကြားခဲ့ခြင်းပင်ဖြစ်ပေသည်။
နှလုံးရောဂါ၊ ဆီးကျိတ်ကင်ဆာ
ခဝဲသီးကို သီတင်းတစ်ပတ်လျှင် သုံးကြိမ်ခန့်ပုံမှန်စားသုံးသွားခြင်းဖြင့် ဆီးကျိတ်ကင်ဆာဖြစ်မှုကိုလျော့ကျစေနိုင်ပြီး နှလုံးရောဂါနှင့် လေဖြတ်မှုကိုလျော့နည်းစေသည့်အပြင် သွေးကြောပိတ်ဆို့မှုကိုလည်း မဖြစ်ပွားစေနိုင်ကြောင်းကို ဆက်လက်၍ ပြောကြားခဲ့ပေသည်။
ဟင်းလျာအဖြစ်
ခဝဲသီးသည် ချိုသောအရသာရှိပြီး နူးညံ့သဖြင့် ဆီပြန်ကြော်ချက်ပြီး အစိမ်းကြော်ခြင်း၊ ဟင်းချိုချက်ခြင်း၊ ခဝဲသီးကိုပြုတ်၍ တို့စရာအဖြစ်လည်း စားသုံးလေ့ရှိကြပေသည်။
ဆေးသိပ္ပံပညာရှင်များ၏ တွေ့ရှိထားသော ဗီတာမင်ဓာတ်များ သဘာဝသတ္တုဓာတ်များ ခဝဲသီးဂရမ် ၁၀၀ လျှင် အောက်ပါအတိုင်း ပါဝင်ပေသည်။
အစိုဓာတ် ၉၅.၂ ဂရမ်
အဆီဓာတ် ၀.၁၈ ဂရမ်
အမျှင်ဓာတ် ၀.၅ ဂရမ်
ကယ်လ်ဆီယမ်ဓာတ် ၄၀ မီလီဂရမ်
ဖော့စ်ဖရပ်စ် ၄၀ မီလီဂရမ်
အောက်ဇာလစ်အက်ဆစ် ၂၇ မီလီဂရမ်
ပိုတက်ဆီယမ် ၂ မီလီဂရမ်
ပြာဓာတ် ၅၀ မီလီဂရမ်
ဆာလ်ဖာဓာတ် ၁၃ မီလီဂရမ်
ဗီတာမင် အေ ၅၆ အိုင်ယူ
ရိုင်ဘိုဖလေဗင် ၀.၀၁ မီလီဂရမ်
ဗီတာမင် စီ ၅ မီလီဂရမ်
ပရိုတင်း ၆.၅ မီလီဂရမ်
သတ္တုဓာတ် ၀.၃ မီလီဂရမ်
ကယ်လ်ဆီယမ် ၃ မီလီဂရမ်
မဂ္ဂနီဆီယမ် ၁၁ မီလီဂရမ်
သံဓာတ် ၁.၆ မီလီဂရမ်
ဆိုဒီယမ် ၂.၆ မီလီဂရမ်
ကြေးနီ ၀.၆ မီလီဂရမ်
ကလိုရင်းဓာတ် ၇ မီလီဂရမ်
သိုင်ရာမင်းဓာတ် ၀.၀၇ မီလီဂရမ်
နီကိုတင်းနစ်အက်ဆစ် ၀.၂ မီလီဂရမ် စသည်တို့ ပါဝင်ကြပေသည်။
ကျော်တင့်ဆွေ "အံ့ဖွယ်ဆေးဖက်ဝင် သဘာဝဟင်းသီးဟင်းရွက်များ" စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
Myo Chit Aung
လွန်ခဲ့သော ၁ ပတ် ကဆောင်းပါးနေထားတဲ့ခုနှစ်လေးပြောပြပါအုံး
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026