အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အစွမ်းထက်သဘာဝဆေးတစ်လက်ဖြစ်တဲ့ ဖရဲသီးအခွံ

အစွမ်းထက်သဘာဝဆေးတစ်လက်ဖြစ်တဲ့ ဖရဲသီးအခွံ

   များသောအားဖြင့် ကျွန်မတို့တွေက ဖရဲသီးရဲ့ နီနီရဲရဲအတွင်းသားလေးများကိုသာစားပြီး ကျန်နေတဲ့ အဖြူသားပါတဲ့အခွံကို လွှင့်ပစ်တတ်ကြပါတယ်။ ဒါပေမဲ့ ဖရဲသီးရဲ့အခွံကိုလည်းစားလို့ရပါတယ်တဲ့။ ထိုဖရဲသီးအခွံဟာ လူတွေရဲ့ကျန်းမားရေးကို ဘက်ပေါင်းစုံကအကျိုးပြုနေလို့ပါပဲ။

ဖရဲသီးတွင်ပါဝင်သောဓာတ်များ

  ထိုလွှင့်ပစ်လိုက်တဲ့ ဖရဲသီးအခွံမှာဆိုရင်ဖြင့် အကျိုးပြုဗီတာမင်များနှင့် အမိုင်နိုအက်ဆစ်ဓာတ်များပါရှိပါတယ်။ နေ့စဉ် လူတို့၏ခန္ဓာကိုယ်အတွက် လိုအပ်သော ဆေးဆိုင်များတွင် ဝယ်ယူစားသုံးနေရသည့် ဗီတာမင် စီ နှင့် ဘီဓာတ်များက ထိုအခွံတွင်ပါရှိပါတယ်။ အမိုင်နိုအက်ဆစ်ဓာတ်သည်လည်း ပုံမှန်သွေးလည်ပတ်ခြင်းနှင့် နှလုံးကျန်းမာရေးတို့အတွက် အရေးကြီးပါသည်။ ဖရဲသီးအခွံသည် သွေးကြောများကို ကျယ်ကားလာစေကာ သွေးလည်ပတ်မှုအားကို မြှင့်တင်ပေးပါသည်။ အသားမှာလိုပဲ ရေဓာတ်အပြည့်အဝပါတဲ့အတွက် ကျောက်ကပ်ရဲ့စွန့်ထုတ်နိုင်စွမ်းကိုလည်း ပိုမိုအားကောင်းစေပါသည်။

ဖရဲသီးအခွံကိုစားရင် ဘာအကျိုးကျေးဇူးတွေရမလဲ

   ဖရဲသီးအခွံကိုစားသုံးခြင်းဖြင့် သွေးအားနည်းခြင်းကိုလည်း သက်သာစေပါသည်။ ရေဓာတ်ပါဝင်မှုကြောင့် ကျောက်ကပ်မှာပါတဲ့ကျောက်တွေကို ကြေစေပါတယ်။ ဗီတာမင် စီ ပါဝင်မှုကြောင့် diet လုပ် ဝိတ်ချနေသူတွေအတွက်  အထာက်အကူဖြစ်ပါတယ်။ ဖရဲသီးမှာပါဝင်တဲ့ လိုင်ကိုပင်း (lycopene) ဓာတ်တစ်မျိုးဟာလည်း အဆစ်ရောင် နာကျင်ကိုက်ခဲတာကို သက်သာစေတဲ့အပြင် ဘီတာကယ်ရိုတင်း (beta carotene) ဓာတ်က မျက်စိကျန်းမာရေးအတွက် အတော်လေးကောင်းမွန်ပါတယ်တဲ့နော်။ သွေးတိုး၊ သွေးပေါင်ကျတတ်တဲ့ သူတေအတွက်လည်း အလွယ်ကူဆုံး စားသောက်နိုင်တဲ့နည်းကတော့ ဖရဲသီးအခွံကို ရေပြောင်အောင်ဆေးပါ၊ (အဖြူရောင်အသားနှင့်အတူ) အတုံးသေးသေးလေးတွေရအောင် ဓားဖြင့်လှီးပါ။ ပြီးရင် (Blender) မွှေစက်ဖြင့် ခပ်ပျစ်ပျစ်ရအောင်မွှေပါ။ ထိုအရည်ပျစ်ပျစ်ကို အခြားအရည်များထဲသို့အနည်းငယ်ထည့်ရော၍ သောက်သုံးနိုင်ပါတယ်။ 

   နောက်တစ်နည်းကတော့ ဖရဲသီးအတွင်းသား (ပုံမှန်စားသည့်အပိုင်း) နှင့် လှီးထားသောအဖြူရောင်အသားနှင့် အခွံတို့အားလုံးကို မွှေစက်ထဲတွင် စတော်ဘယ်ရီပါထည့်၍မွှေပါ။ လိမ္မော်ရည်အနည်းငယ်ပါ ထပ်ထည့်ပြီး နေ့စဉ်ကျန်းမာရေးအတွက် သောက်သုံးနိုင်ပါသည်။ 

   ဖရဲသီးအောက်ခံအဖြူအသားကို ပါးပါးလေးလှီး၍ မျက်နှာပေါ်နာရီတော်တော်ကြာ ကပ်ခြင်းဖြင့်လည်း မှည့်ခြောက်နှင့် တင်းတိတ်ကို သက်သာစေပါသည်။ ဒီနည်းကိုမလုပ်ခင် မျက်နှာကိုသန့်စင်အောင် အရင်ဆုံး ဆေးကြောရပါမည်။ နှင်းခူရောဂါဖြစ်ပွားပါကလည်း ဖရဲသီးအခွံဖြင့် ပွတ်တိုက်ပေးပါက ပျောက်ကင်းနိုင်ပါသည်။

    ကဲ အခုမှာတော့ ဖရဲသီးတစ်လုံးလုံးဟာ လွှင့်ပစ်စရာမရှိအောင် အသုံးဝင်မှန်းသိသွားပြီပေါ့နော်။ နီနီရဲရဲအတွင်းသားလေးတွေကိုစားပြီး အဖြူသားပါတဲ့အခွံကို လွှင့်မပစ်ပဲ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံး အသုံးပြုနိုင်စေရန် တင်ပြပေးလိုက်ရပါတယ်။

ကျော့နန္ဒာစိုး

ကိုးကား - popolay

             - https://myanmar.mmtimes.com/news/126865.html

         

You

ဆက်စပ်မေးခွန်းများ

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

အိသူဇာချို • ဖြေကြားချက် 1 ခု

TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 1 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။