အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အဆီကျစေတဲ့ ကြက်သွန်နီသုပ်

အဆီကျစေတဲ့ ကြက်သွန်နီသုပ်

Green Way
Green Way • Greenovator • 30/08/2019

   ကြက်သွန်နီကို ဟင်းချက်နည်းမျိုးစုံအတွက်အသုံးပြုပြီး စားသုံးနေကြပါတယ်။ ချက်ပုံနဲ့စားပုံများ မတူညီကြသလို သူ့ရဲ့အကျိုးပေးအာနိသင်ကလည်း ကွဲပြားကြပါတယ်။

   ယခုဖော်ပြပေးမည့် နည်းလေးကတော့ ကြက်သွန်နီကို အဆီကျဆေးအဖြစ် အစိမ်းသုပ်စားရတဲ့ စားသုံးနည်းတစ်ခု ဖြစ်ပါတယ်။

(၁) ကြက်သွန်နီကို ပါးပါးလှီး၍ ပန်းကန်ထဲထည့်ပါ။

(၂) သံပုရာသီး ညှစ်ထည့်ပါ။ အနံ့ပြင်း၍ စပ်နေသော ကြက်သွန်နီကို သံပုရာသီးအချဉ် ညှစ်ထည့်လိုက်ပါက အချိုဓါတ်သို့ ပြောင်းသွားစေပါသည်။

(၃) သခွါးသီး ထည့်လိုပါက (အနည်းငယ်မျှ) ပါးပါးလှီး၍ ထည့်နိုင်ပါသည်။

(၄) အစပ်ကြိုက်ပါက ငရုတ်သီးစိမ်းအနည်းငယ် လှီးထည့်နိုင်ပါသည်။

(၅) ဆားအနည်းငယ်မျှ ထည့်ပေးပါ။ ဆားမပါလျှင် အရသာပေါ့မည်။ ဆားများလွန်းရင်လည်း အငံကြောင့် သွေးတိုးစေပါသည်။

(၆) ကြက်သွန်မိတ် (သို့မဟုတ်) ကုလားနံနံပင်တို့ကိုလည်း အနံ့ကြိုက်တတ်လျှင် အနည်းငယ်မျှ ထည့်နိုင်ပါသည်။

   ၎င်းတို့ကို နယ်ပြီးလျှင် ကြက်သွန်ချဉ်သုပ်ကလေး စားလို့ရပါပြီ။ ဒီအတိုင်း မစားချင်လျှင် ထမင်း၊ ကြာဇံကြော်၊ ပဲပလာတာ၊ ခေါက်ဆွဲကြော် စသည့် သူနှင့်လိုက်ဖက်မည့် အစားအစာများနှင့် တွဲဖက်၍ မကြာခဏစားသုံးပေးနိုင်ပါသည်။

   ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အစိမ်းစားပြီး ပါးစပ်နံမှာ စိုးရိမ်နေသူများအတွက် သဘာဝနည်းလမ်းကောင်းလေးတစ်လက်ကို ညွန်ပေးလိုက်ပါမယ်။

(၁) ကြက်သွန်အနံ့ကိုနိုင်တာ မြေပဲဖြစ်ပါတယ်။ ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို စားပြီးလျှင် မြေပဲဆန် ၃ ၊ ၄ စိကိုသာ ဝါးစားပါ။ တစ်မိနစ်အတွင်း အနံ့များကို မြေပဲကစုပ်ယူသွားမည်။

(၂) အဖန်ရည် (လက်ဖက်ရည်ကြမ်း) ဖြင့် ပလုတ်ကျင်းပေးပါ။

(၃) နွားနို့ဖြင့် ပလုပ်ကျင်းပေးပါ။

   အရသာရှိ၍ စားကောင်းသော ကြက်သွန်နီအစိမ်းသုပ်ကို မကြာခဏစားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင် ပိုလျှံနေသော အဆီများကို လျှော့ချပြီးသွယ်လျကျစ်လစ်သော ကိုယ်ခန္ဓာအလှကို ပိုင်ဆိုင်နိုင်ကြပါစေ။

Credit မြန်မာဆေးစွမ်းကောင်းများ

 

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 3 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။