ဥသျှစ်ပင်၏ ဆေးစွမ်းကောင်းများ
မျိုးရင်း။ ။ Rutaceae ( ရှောက်မျိုးရင်း)
ပင်လတ်မျိုးဖြစ်၍ အမြင် ၂၅ ပေခန့်အထိ မြင့်သည်။ အခေါက်ကြမ်းပြီး ညိုဖျော့ဖျော့အရောင်ရှိသည်။ အပွေးများ အစင်းလိုက်ရှိသည်။ အကိုင်းအခက်များ ရှုပ်ထွေးပြီး သန်မာသည်။ ၁ လက်မ ခန့်ရှည်သော ဆူးချွန်များ အလှည့်ကျ ထွက်သည်။ အပွင့်သည်ကြီးမားပြီး အဖြူရောင်ရှိသည်။ မွှေးသည်။ ကဆုန်၊ နယုန်လများတွင် ပွင့်သည်။ အသီးသည် စိမ်းဝါရောင်ရှိ၍ ကြီးမာသည်။ လုံးဝိုင်းပုံဖြစ်ပြီး အပေါ်ခွံမာကျောသည်။ အတွင်း၌လိမ္မော်ရောင်အစေးများဖြင့် လိမ်းကျံနေသော အစေ့များရှိသည်။ နယုန်လမှာပင် အသီးကင်းထွက်သည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပေါက်ရောက်သည်။ သဘာဝအလျောက် ပေါက်ရောက်သော အပင်အမျိုးအစားဖြစ်သည်။
မြန်မာဆေးကျမ်းများအလိုအရ ဥသျှစ်သီးမှည့်သည် ချိုသည်။ ပူသည်။ အနည်းငယ်စပ်ရှိန်း၍ သလိပ်ကို ယုတ်လျော့စေသည်။ သွေးကိုပွားစေခြင်း၊ လေသလိပ်၊ သည်းခြေနာ၊ အစာမကြေနာနှင့်အပူကို နိုင်သည်။ ဝမ်းကို ရွှင်စေသည်။ အဖျားကို နှိမ်နင်းနိုင်သည်။
အသုံးပြုပုံ အရွက်
၁။ ဥသျှစ်ရွက်ပေါင်းတိုက်ရည်ကို ကြွေဇွန်းငယ်တစ်ဇွန်းခန့် တိုက်ပေးပါက ကလေးများ ဝမ်းပျက်ရောဂါနှင့် ချွဲသလိပ်ကျပ်ရောဂါ ပျောက်ကင်းသည်။
၂။ ဥသျှစ်ရွက်ကို ကြိတ်၍ မျက်စိ၌ ကွင်းပေးပါက မျက်စိနာရောဂါ ပျောက်သည်။
၃။ ဥသျှစ်ရွက်ညှစ်ရည်ကို နံနက် ည သောက်ပေးပါက ဖျားခြင်း၊ မျက်ရည်ပူယိုခြင်း၊ ချောင်းဆိုးခြင်းများ ပျောက်သည်။
၄။ အနာ၊ အဖုအပိန့်များကို ၎င်းအရွက်စိမ်း ကြိတ်၍ အုံပေးပါက နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်သည်။
၅။ ကလေးများ သန်ထလျှင် ဥသျှစ်ရွက်ညစ်ရည်ကို အရွယ်အလိုက်ချင့်၍ တိုက်ပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။
၆။ ဥသျှစ်ရွက်ညှစ်ရည်ကို သောက်ခြင်း၊ လိမ်းခြင်းဖြင့် ဖောရောင်သော ရောဂါပျောက်သည်။ တစ်နေ့ ၂ ကြိမ်၊ ၃ ကြိမ် သောက်ပါက လေချဉ်တက်ခြင်း၊ လည်ချောင်းပူခြင်းများ ပျောက်သည်။
၇။ ဥသျှစ်ရွက်နုကို ကြိတ်၍ရသော အရည်ကို နေ့စဉ်သောက်ပေးပါက ဆီးချိုရောဂါ ပျောက်သည်။
၈။ ဥသျှစ်ရွက်နုကို သုပ်စားလျှင် နားမှ သွေးထွက်သော ရောဂါ ပျောက်သည်။
အသီး၏ အသုံးပြုပုံ
၁။ ဥသျှစ်သီးအစိမ်းအတွင်းသားကို သကြားနှင့် ရောစားပါက ဝမ်းအလွန်သွားခြင်းနှင့် အစာမကြေဝမ်းသွားခြင်းများ ပျောက်ကင်းစေသည်။ အသီးမှည့်ကို ထန်းလျက်နှင့်ရောစားက သွေးဝမ်းသွားခြင်း ပျောက်သည်။
၂။ ဥသျှစ်မှည့်အနှစ်ကို ကြိတ်၍ ဆန်ဆေးရည်နှင့်သောက်သော် ကိုယ်ဝန်နှင့် အော့အန်ခြင်း ပျောက်သည်။
၃။ ဥသျှစ်ဖျော်ရည်သောက်ခြင်း၊ ဥသျှစ်ရွက် ဟင်းချက်စားခြင်းဖြင့် အပူငုပ်ခြင်းပျောက်သည်။
၄။ ဥသျှစ်ကင်းနှင့် ချင်းခြောက်ထောင်း၍ ကျိုသောက်သော ဆီးလွန်ရောဂါ ပျောက်သည်။
၅။ ဥသျှစ်ဖျော်ရည်နှင့် နွားနို့ရောသောက်ပေးခြင်းဖြင့် သွားဖုံးမှ သွေးစီးယိုခြင်း၊ အဖုအပိမ့်ထခြင်း၊ နာကျင်ကိုက်ခဲခြင်းတို့ကို ပျောက်ကင်းစေနိုင်သည်။
၆။ ဥသျှစ်သီးမှည့်ဖျော်ရည်သည် ဝမ်းအလွန်သွားခြင်း၊ အလွန်ချုပ်ခြင်းကို ပျောက်ကင်းစေသည်။
Source - မြန်မာ့ဆေးဝါးပင်များ
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....