အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အာတာလွတ်ဥ ရဲ့ကျန်းမာရေးအကျိုးကျေးဇူး(၇)ချက်

အာတာလွတ်ဥ ရဲ့ကျန်းမာရေးအကျိုးကျေးဇူး(၇)ချက်

အာတာလွတ်ဥသည် အပူပိုင်းဒေသပင်များမှထွက်သော သစ်ဥသစ်ဖုတစ်မျိုးဖြစ်ပြီး အာတာလွတ်ဥ ကို   စိုက်ပျိုးလို့ရပါသည်။ ယခုကာလသည် အာတာလွတ်ပေါများသောအချိန် ရာသီဖြစ်၍ အရသာ ဆိမ့်ဆိမ့်လေးရှိသော အာတာလွတ်ဥကို ဆီ၊ ဆားလေးနှင့် နှမ်းထောင်းဖြူးပြီး တို့စားကြသလို အာတာလွတ်ဥပြုတ်ကို ပါးပါးလှီးပြီး အုန်းသီး၊ သကြားတို့ဖြင့်လည်း နယ်စားကြပါသည်။ ထို့ပြင် အာတာလွတ်ဥကို မုန့်နှစ်ဖြင့်လည်း အကြွပ်ကြော် စားလေ့ရှိကြပါသည်။

စျေးချိုချိုနှင့် အရသာဆိမ့်ဆိမ့်လေးရှိသော အာတာလွတ်ဥမှာ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေရှိလဲဆ်ိုတာ ဖော်ပြပေးလိုက်ပါသည်။

၁။ အစာအိမ်ရောဂါကို ကာကွယ်ပေးတယ်

အာတာလွတ်ဥမှာ Gluten ဓါတ် မပါဝင်လို့ အစာအိမ်နာတာ၊ အစာအိမ်နဲ့ အူလမ်းကြောင်း မအီမသာဖြစ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၂။ အရိုးကို သန်မာစေတယ်

အာတာလွတ်ဥမှာ ပရိုတင်းဓါတ်နဲ့ သံဓါတ်ကြွယ်ဝစွာပါဝင်လို့ အရိုးတွေကို သန်မာစေပါတယ်။

၃။ အစာချေစနစ်ကို ကောင်းမွန်စေတယ်

အာတာလွတ်ဥမှာ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေကိုလည်း ကာကွယ်ပေးပါတယ်။ သွေးတွင်းသကြားဓါတ်ကိုလည်း ထိန်းထားပေးနိုင်ပါတယ်။ အမျှင်ဓါတ်ကြောင့် ကိုလက်စထရောများတာတွေကိုလည်း မဖြစ်စေပါဘူး။

၄။ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်

အာတာလွတ်ဥတွင် ကြေးနီဓါတ်နဲ့ သံဓါတ်ပါဝင်လို့ သွေးနီဆဲလ်တွေကို တိုးပွားစေပြီး ပင်းပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်းတွေကနေ ကာကွယ်ပေးပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေလို့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

၅။ နှလုံးကျန်းမာရေး ကောင်းမွန်စေတယ်

အာတာလွတ်ဥမှာ ပိုတက်ဆီယမ်ဓါတ် ကြွယ်ဝစွာပါဝင်ပြီးတော့ နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာတွေဖြစ်ပွားခြင်းကနေ ကာကွယ်ပေးပါတယ်။ ပိုတက်ဆီယမ်ဓါတ်ကြောင့် သွေးဖိအားကျစေပြီး လေဖြတ်တာ၊နှလုံးရောဂါဖြစ်ပွားမှုကိုလျှော့ချပေးနိုင်ပါတယ်။

၆။ ကိုယ်ဝန်ဆောင်မိခင်တွေကို ကျန်းမာစေတယ်

အာတာလွတ်ဥမှာ ဖောလိတ်အက်ဆစ်ပါဝင်လို့ ကိုယ်ဝန်ဆောင်မိခင်တွေကို ကျန်းမာစေပြီး ရင်သွေးလေးကိုလည်း ကျန်းကျန်းမာမာနဲ့ မွေးဖွားစေနိုင်မှာပါ။

၇။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးနိုင်တယ်

အာတာလွတ်ဥမှာ ဗီတာမင်-B အုပ်စုပါဝင်ပြီး သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောလ်ရက်စ် စတာတွေအပြင် တခြား သတ္တုဓါတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ အခုလို ဗီတာမင်- B အုပ်စုကြွယ်ဝစွာပါဝင်လို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လုပ်ငန်းလုပ်ဆောင်ချက်တွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။

အခုဆိုရင် အာတာလွတ်ဥ ရဲ့ ကျန်းမာရေးကောင်းကျိုးတွေကို သိပြီးပြီမို့  ယခုလို ဆောင်းတွင်းအေးအေးလေးမှာ အာတာလွတ်ဥပြုတ် ပူပူနွေးနွေးလေးကို စားဖို့ မမေ့ကြနဲ့နော်။

သတိပြုရမှာက အာတာလွတ်ဥနဲ့ ချောကလက်၊ နို့အေးချောင်း(ရေခဲချောင်း)၊ ဂွေးသီးတို့နဲ့မတည့်ပါဘူး။ ဂေါက်ရောဂါရှိသူများလည်း မစားသင့်ပါဘူး ခြေဆစ် လက်ဆစ်များ နာတတ်ပါတယ်။

Ref: Wikipedia. 

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

                    

 

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။