အဖျားလည်းနိုင်တဲ့ ကြောင်ပန်း
မျိုးရင်း - (Verbenaceae) ကျွန်းမျိုးရင်းဖြစ်သည်။
ရုက္ခဗေဒအမည် - Vitextrifolia Linn
အင်္ဂလိပ်အမည် - Indian Wildpepper
ပုံသဏ္ဍာန်အားဖြင့် ခြံပင်တစ်မျိုးဖြစ်သည်။ အမြင့်ပေ ၁၅ ပေခန့်အထိ ရှိတတ်သည်။ ပင်စည်ညိုခြောက်ခြောက် အရောင်ရှိသည်။ အခေါက်ပါးသည်။ အနည်းငယ် ကြမ်းသည်။
အရွက်။ ။ သုံးရွက်မွှာပေါင်း ဖြစ်သည်။ မျက်နှာချင်းဆိုင် အလှည့်ကျထွက်သည်။ အလယ်ရွက်သည် ကျန်သော ဘေးနှစ်ရွက်ထက် ပိုကြီးသည်။ ပိုရှည်သည်။ ထိပ်ဖက်ကျယ်သော ဘဲဥပုံဖြစ်သည်။ အရင်းသွယ်သည်။ ထိပ်ဖျားချွန်သည်။ ရွက်ညှာတစ်လက်မခွဲခန့်ရှိသည်။ အရွက်အောက် မျက်နှာပြင်မီးခိုရောင်ဖြစ်သည်။ အပေါ်မျက်နှာမှာ အစိမ်းရောင်ရှိသည်။
အပွင့်။ ။ ထိပ်ထွက်ပန်းခိုင်ဖြစ်သည်။ အပွင့်များ သေးငယ်သည်။ စုပြုံ၍ ပွင့်သည်။ ခရမ်းရောင်ရှိသည်။ ပွင့်ဖတ် ငါးခုပါရှိသည်။ တစ်ခုမှာ ထူးခြားနေ၏။ ရှည်၍ အနည်းငယ်ကြီးသည်။ ခရမ်းရင့်ရောင်ရှိသည်။ ၎င်းအဖတ်တွင် အရည်ရွှမ်းသော မွှေးနုကလေးများရှိသည်။ ကျန်လေးခုမှာ အရွယ်တူ ဖြစ်သည်။ ခရမ်းနုရောင်ဖြစ်သည်။ ကဆုန်၊ နယုန်တွင်ပွင့်သည်။
အသီး။ ။ လုံးဝိုင်းသည်။ ထိပ်ဖက်နီညိုရောင်ဖြစ်၏။ ဝါခေါင်၊ တော်သလင်းလများတွင် သီးသည်။
ပေါက်ရောက်ရာဒေသ။ ။ မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် အများဆုံးပေါက်သည်။ အခြားဒေသများတွင်လည်း အနည်းငယ်ပေါက်ကြသည်။ သဘာဝအလျောက် ပေါက်ရောက်သည်။ အချို့က ဆေးပင်အဖြစ် စိုက်ပျိုးကြသည်။ များသောအားဖြင့် အရွက်ကိုသာသုံးသည်။
မြန်မာ့ဆေးကျမ်းများအလိုအရ ကြောင်ပန်းသည် ပူ၏။ ခါး၏။ ဖန်၏။ ဝမ်းမီးတောက်စေ၏။ လေကို နိုင်၏။ အနာအသားနုတက်၍ ပျောက်စေ၏။ အဖျားနိုင်၏။ မီးယပ်မှန်စေ၏။ အားအင်တိုးပွားစေ၏။ အဆိပ်ကို ပြေပျောက်စေ၏။ နူနာ၊ ပိုးနာကို နိုင်၏။ ကိုယ်ဖောရောင်ခြင်းနှင့် သင့်၏။ (ကိုယ်ရောင်လျှင် အရွက်ပြုတ်ရည်ကို ချိုးပေးရ၏)
အပွင့်သည် အိပ်မပျော်သောရောဂါ၊ နှလုံးဆို့တောင့်သောရောဂါ လက်ပြစ်၊ ခြေပြစ်ဖြစ်သော ရောဂါတို့ကို နိုင်၏။
အသီးသည် ဝမ်းလာခြင်း၊ ဝမ်းချုပ်ခြင်း၊ အစာမကြေခြင်းကို နိုင်၏။
အဆစ်ရောင်ကိုက်သော ရောဂါ၊ ခေါင်းကိုက်ရောဂါ၊ ဦးနှောက်အားနည်းသောရောဂါ၊ အဆုပ်အမြှေရောင်ရောဂါတို့ကို နိုင်၏။ ဆီးရောဂါ ဥတုကျစ်သောရောဂါ၊ သားဖွားရာတွင် ဖြစ်တတ်သော ရောဂါတို့တွင် ကောင်း၏ ဟု ဖွင့်ဆိုထားသည်။
အကြောရောဂါ၌ အရွက်ကို အရည်ညှစ်သောက်ခြင်း၊ ကြော်စားခြင်းအားဖြင့် ပျောက်ကင်းစေ၏။
နားပြီယို၊ နားကိုက်ရောဂါတွင် အရွက်ရည်တွင် နှမ်းဆီနှင့် ပျားရည် အနည်းငယ်ထည့်ပြီး နားကြပ်ပေးလျှင် ကောင်း၏။
အရေပြားရောဂါတွင် အရွက်ညှစ်ရည်သောက်ခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်၏။
ဖောရောင်ရောဂါတွင် အရွက်ညှစ်ရည်ကို သက်ရင်းကြီးမြစ် သွေးရည်ဖြင့် ရောသောက်လျှင် သက်သာစေနိုင်၏။
ငှက်ဖျား၊ မီးတွင်းဖျားနှင့် ညောင်းကျရောဂါတွင် အရွက်ပြုတ်ရည်ကို သောက်ပေးရ၏။
အနာပေါက်လျှင် အရွက်ရည်ကို လိမ်းပေးရ၏။
လေနာရောဂါ၊ ဝမ်းဖောဝမ်းရောင် ရောဂါ၊ ဝမ်းကိုက်ရောဂါများဖြစ်လျှင် အရွက်ကို ကြက်သွန်ဖြူနိုင်နိုင်ဖြင့် သုပ်စားလျှင် ပျောက်ကင်းစေ၏။
အိပ်မပျော်ရောဂါ၊ ဦးနှောက်တွင် ဖြစ်သောရောဂါများအတွက် အရွက်ကို ခေါင်းအုံးလုပ်အိပ်ခြင်းဖြင့် သက်သာပျောက်ကင်းစေ၏။
မျက်စိရောဂါ၌ အရွက်သတ္တုရည်ကို ကွင်းစေခြင်း၊ အစေ့ရည်ကို မျက်စဉ်းခပ်ခြင်း ပြုရ၏။
ကလေးများ အညှော်မိ အဖျားကြီးလျှင် အမြစ်ကို သွေး၍ တိုက်ခြင်း၊ နှာရှူစေခြင်းဖြင့် ပျောက်ကင်းစေ၏။
အထူးအားဖြင့် ကလေးဆေးများဖြစ်သော အပုပ်ချဆေး၊ ဝမ်းနှုတ်ဆေး၊ လေပုပ်ထုတ်ဆေး၊ အညှော်ခံဆေးများတွင် အရွက်ကို အသုံးပြုကြသည်။ တိုင်းရင်းဆေးခန်းသုံး ဆေးနံပါတ်-၃၄ ဖြစ်သော သူငယ်နာဆေးတွင် ကြောင်ပန်းရွက် ကဲထားသည်။
ကိုးကား- ရှေးရိုးစဉ်လာမြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဖက်ဝင်အပင်များ
ရဲသိဒ္ဓ
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....