ကျန်းမာရေးအတွက်သင့်တော်တဲ့ ကြက်သွန်နီ/ဖြူ အခွံတွေကိုသိမ်းထားပါ
ကြက်သွန်ဖြူ၊ ကြက်သွန်နီ တွေက ဟင်းလျာတိုင်းမှာ မပါမဖြစ်ပါ။ ဒီလို ဟင်းအနှစ်ရဖို့၊ အညှီပျောက်ဖို့ဆိုပြီး ဟင်းချက်တဲ့အခါ ထည့်ချက်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေက ဟင်းတွေကိုတင် အရသာတိုးစေတာ မဟုတ်ဘဲ ကျန်းမာရေးကိုလည်း အထောက်အကူပြုတယ်ဆိုတာကို အတော်များများ သိထားပြီး ဖြစ်မှာပါ။
ဒီတစ်ခေါက်တော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေရဲ့ အတွင်းသားကတင် အသုံးဝင်တာ မဟုတ်ဘဲ။ အပြင်ခွံလေးတွေကပါ ဘယ်လို အသုံးတည့်လဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။
ကြက်သွန်ခွံတွေမှာ ဘာတွေပါ။
ကြက်သွန်နီ နဲ့ ကြက်သွန်ဖြူ အပြင်ခွံတွေမှာ အခုလိုမျိုး ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။
ဗီတာမင် A
ဗီတာမင် C
ဗီတာမင် E
ဓာတ်တိုးဆန့်ကျင်ပစ္စည်း
ဖလေဗာနွိုက်
quercetin တို့ ပါဝင်နေပါတယ်။
ကြက်သွန်နီခွံက အရောင်ကျစေနိုင်သလို ကြက်သွန်ဖြူခွံက ကိုယ်ခံအားကောင်းစေပြီး၊ အရေပြားကိုကျန်းမာစေပါတယ်။
ကြက်သွန်ခွံတွေကို သိမ်းထားပါ။
ကြက်သွန်ခွံတွေကို သိမ်းထားပါ။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ အခွံတွေက အခုလို အသုံးတည့်လို့ပါ။
ဟင်းချို၊ အသားပေါင်းတွေကို အာဟာရနဲ့ အရသာတိုးစေတယ်
ကြက်သွန်ခွံတွေက စွပ်ပြုတ်၊ အသားပေါင်းတို့လိုမျိုး ဟင်းလျာတွေထဲကို ထည့်သုံးမယ်ဆိုရင် ဟင်းရဲ့ အရသာကို တိုးစေနိုင်သလို အာဟာရတန်ဖိုးလည်း ပိုမြင့်စေပါတယ်။
အသားကင်ကို အရသာတိုးစေတယ်
အသားတွေကင်တဲ့အခါ ကြက်သွန်ဖြူခွံကို ထည့်ပြီး ကင်ပေးပါ။ ဒီလို ကင်ပေးတာက အသားထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရတွေကို တိုးစေနိုင်ပါတယ်။
ထမင်းကို အာဟာရ ဖြည့်ပေးတယ်
ထမင်းချက်တဲ့အခါ သေချာသန့်စင်ထားတဲ့ ကြက်သွန်နီခွံကို ထည့်ချက်ပေးပါ။ ဒီလို ထည့်ချက်တာက ထပ်ဆောင်း ဗီတာမင်တွေကို ရရှိစေနိုင်ပါတယ်။ ထမင်းကျက်သွားပြီဆိုရင်တော့ ဖယ်ပြီး သုံးဆောင်ရုံပါ။
ပေါင်မုန့်ကို အရသာကောင်းစေတယ်
သေချာသန့်စင် နေလှမ်းပြီး အခြောက်ခံထားတဲ့ ကြက်သွန်ခွံကို သေချာညက်အောင် အမှုန့်ကြိတ်ပါ။ ပြီးရင် အိမ်လုပ်ပေါင်မုန့်ထဲကို ထည့်တာက ပေါင်မုန့်ကို အရသာတိုးစေပြီး အာဟာရလည်း ပိုပြည့်စေနိုင်ပါတယ်။
ကြွက်တက်တာကို သက်သာစေနိုင်တယ်
သေချာ သန့်စင်ထားတဲ့ ကြက်သွန်နီခွံကို ၁၀ မိနစ် ကနေ မိနစ် ၂၀ လောက် ရေနွေးဆူဆူထဲမှာ ထည့်ပြုတ်လိုက်ပါ။ ပြီးရင် အခွံတွေကို ဖယ်ပြီး ပြုတ်ရည်ကို အိပ်ရာမဝင်ခင်မှာ တစ်ခွက်စာလောက် သောက်ပေးပါ။ ကြွက်တက်တာ၊ ကြွက်သားတွေ ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။
အိပ်ပျော်စေတယ်
ကြက်သွန်နီခွံ ရေနွေးကြမ်းက အိပ်ပျော်စေမယ့် သဘာဝ ဆေးတစ်လက်ပါ။ သေချာသန့်စင်ထားတဲ့ ကြက်သွန်နီခွံကို ရေနွေးခွက် တစ်လုံးထဲ ထည့်လိုက်ပါ။ အပေါ်ကနေ ရေနွေးဆူဆူကို လောင်းချပေးပါ။ အဖုံးအုပ်ပြီး ၁၅ မိနစ်လောက် ထားပါ။ ပြီးရင် သောက်လို့ ရပါပြီ။
ဆံပင်ဆေးဆိုးလို့ ရတယ်
ကြက်သွန်နီ အခွံကို ရေနွေးဆူဆူထဲမှာ နာရီဝက် – တစ်နာရီလောက် ပြုတ်ပါ။ ပြီးရင် အအေးခံပြီး သေချာလေး လျှော်ထားတဲ့ ဆံသားတွေပေါ်ကို လောင်းချလိုက်ပါ။ နာရီဝက်လောက် ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။
အရေပြား ယားယံမှုကို သက်သာစေနိုင်ပါတယ်
ကြက်သွန်နီနဲ့ ကြက်သွန်ဖြူခွံတွေက မှိုပိုးတွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အရေပြား ယားတာကို သက်သာစေဖို့ အသုံးပြုလို့ရသလို သဲဝဲ၊ ရေဝဲ သက်သာစေဖို့လည်း အသုံးပြုလို့ ရပါတယ်။ ပြုတ်ရည်ကို လိမ်းပေးရုံပါ။
ကဲ....ဒီလောက်တောင် အသုံးဝင်တယ်ဆိုတော့ ကြက်သွန်ခွံတွေကို သိမ်းထားသင့်တယ်ဟုတ်...
Hello ဆရာဝန် ဝက်ဆိုဒ်မှ ပြန်လည် ကူးယူဖော်ပြပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....