ကြက်ဥနှင့် ကျန်းမာရေး
ကြက်ဥသည် အာဟာရဓာတ် အလွန်ပြည့်ဝပြီး ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်၊ အဆီနှင့်အခြားမရှိမဖြစ် လိုအပ်သောဓာတ်များပါဝင်နေပါသည်။ Vitamin-A, Vitamin-D, Vitamin-B12, Vitamin-B6, Vitamin-B2, Vitamin-K, Vitamin-E, Selenium, Phosphorus, Calcium, Zinc နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်အားလုံးနီးပါး ပါဝင်နေပါသည်။
အရွယ်တော်ကြက်ဥတစ်လုံးတွင် ကယ်လိုရီ ၇၈၊ ပရိုတိန်း ၆ ဂရမ်နှင့် ကောင်းမွန်တဲ့ အဆီဓာတ်(၃)ဂရမ် ပေးစွမ်းနိုင်ပါသည်။ ကြက်ဥစားပေးခြင်းဖြင့်-
၁။ မျက်စိကျန်းမာရေးကောင်းမွန်စေခြင်း။
၂။ သွေးခဲနှုန်း၊ နှလုံးရောဂါဖြစ်ပွားနှုန်းနှင့် လေဖြတ်ရောဂါတို့ကို လျှော့ချပေးနိုင်ခြင်း။
၃။ အဆုတ်အားကောင်းမွန်ခြင်း။
၄။ ရင်သားကင်ဆာကို ကာကွယ်ပေးခြင်း။
၅။ အသားအရေလှပစေခြင်း။
၆။ ဆံပင်သားပိုမိုတောက်ပစေခြင်း။
၇။ အရိုးနှင့်ကြွက်သားများကိုသန်မာစေပြီး အရိုးပွခြင်းကိုကာကွယ်ပေးခြင်း။
၈။ မှတ်ဉာဏ်အားကောင်းမွန်ခြင်း။
၉။ အယ်ဇိုင်းမားနှင့် စိတ်ဖောက်ပြန်မှု ရောဂါကို ကာကွယ်ပေးခြင်း။
၁၀။ လက်သည်းများ သန်စွမ်းတောက်ပခြင်း။
၁၁။ ဝမ်းမှန်ခြင်း စသည့်အကျိုးကျေးဇူးများရရှိလာနိုင်ပါသည်။
ကြက်ဥကိုစားလျှင် ဆိမ့်ဆိမ့်လေးနှင့် အရသာရှိပြီး အားရှိကြသည်ကို လူတိုင်းသိထားကြပြီး ဖြစ်ပါသည်။ ကြက်ဥတွင် Protein ဓာတ်အပြည့်အဝပါဝင်သောကြောင့် နံလန်ထလူနာများ၊ သွေးအားနည်းသူများလည်း စားပေးသင့်သည်ဟု သိရပါသည်။
ထို့ပြင်ကြက်ဥများမှာ ယခုခေတ်ပေါ်ရောဂါ Covid-19 ကို တစ်နည်းတစ်ဖုံနဲ့ ကာကွယ်ကုသနိုင်တယ်ဆိုတာ ပညာရှင်တွေသိခဲ့ကြတာ သိပ်မကြာသေးပါ။ ကြက်ဥမှာပါတဲ့ အကာဟာ အဆုတ်ကြွက်သားတွေကို အားကောင်းစေပြီး ကြက်ဥအနှစ်မှာ အသက်ရှူပြွန်ကို သန့်စင်စေတယ်လို့လည်း ဆိုကြပါသည်။ Covid-19 ကုသပေးနေသည့် ဆရာဝန်များမှာလည်း လူနာကိုတစ်နေ့လျှင် ကြက်ဥပြုတ်(၂)လုံးနှင့် ဂျင်းပြုတ်ရည်တို့ဖြင့်တွဲပြီး ကုသကြသည်ဟုလည်းကြားသိရပါသည်။ ထို့ကြောင့်လည်း Covid-19 ရောဂါကို ကာကွယ်ဖို့အတွက် ကြက်ဥပြုတ်မှာအထောက်အကူပြု ကာကွယ်ဆေးတစ်ခွက်လို ဖြစ်နေပါပြီ။
သို့သော်ကြက်ဥကို ပြုတ်ပြီးစားရမှာဖြစ်ပြီး Half fried ကြော်စားခြင်း၊ မကျက်တကျက်ပြုတ်စားခြင်း၊ မွှေကြော်ကြော်စားခြင်းများထက် ကြက်ဥကိုအလုံးလိုက်ကျက်သည်အထိပြုတ်မှသာ ကြက်ဥကပေးသည့် အာဟာရဓာတ်ကို အပြည့်အဝရမှာဖြစ်သည်ဟု သိရပါသည်။ ထို့ပြင် ကြက်ဥပြုတ်ကိုလှီးပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးတို့တွင် ဆီ၊ ဆားလေးထည့်ပြီး သုပ်စားပါကလည်း ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ/နီ တို့ရဲ့ Probiotic ဓာတ်တွေပါ ပေါင်းသွားသည့်အတွက် အရသာလည်းရှိ Covid-19 တိုက်ဖျက်ဖို့အတွက် ပိုကောင်းတဲ့ ဆေးတစ်ခွက်လည်းဖြစ်သွားပါကြောင်း သိရပါသည်။
ကြက်ဥကြိုက်ပြီး ကိုလက်စထရော မတက်စေချင်လျှင် အကာချည်း စားနိုင်ပါသည်။ အကာမှာ ကြက်ဥရဲ့ Protein ဓာတ် ၅၀% နှင့်ရေဓာတ် ပါရှိကြပါသည်။ အနှစ်မှာသာ ကိုလက်စထရောအားလုံ့းနဲ့ အာဟာရဓာတ်အားလုံးပါရှိနေတာဖြစ်ပါသည်။ သို့ပါသောကြောင့် ခေတ်ပေါ် Covid-19 ရောဂါကို ကာကွယ်ဖို့ ကိုယ်ခံအားကောင်းပြီး အားရှိနေစေရန်အတွက် ကြက်ဥကို တစ်နေ့ (၁)လုံး (သို့) (၂) လုံးပြုတ်စားသင့်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။
ပင်လယ်ပြာ (ငါး/ဦးစီး)
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026