သံပရိုသီးအခွံ၏ အသုံးဝင်မှုများ
သံပရိုသီးသည် မီးဖိုချောင်အတွက် မရှိမဖြစ်လိုအပ်သော အဓိကစားကုန်တစ်ခုလည်းဖြစ်ပါသည်။ အရည်ကိုအသုံးပြုရုံသာမက အခွံကိုလည်း သုပ်စားကြသည်များရှိပါသည်။ ဒါ့ကြောင့် သံပရိုသီးအခွံတွင် ပါဝင်သောအာဟာရဓာတ်များနှင့် ကျန်းမာရေးကိုအထောက်အကူပြုပုံများကို ဖော်ပြပေးလိုက်ရပါသည်။
သံပရိုသီးအခွံတွင် ဗီတာမင်၊ သတ္တုဓာတ်နှင့် အမျှင်ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါသည်။ သံပရိုသီးအရည်ထက် အခွံမှာ ဗီတာမင် စီ၊ ဗီတာမင် အေ၊ ဖောလိတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်စီယမ် စသော သတ္တုဓာတ်များ ပိုမိုပေါင်းစပ်ပါဝင်ပါသည်။
သံပရိုသီးအခွံသည်...
၁။ အရေပြားကျန်းမာရေးကို တိုးတက်စေခြင်း
အခွံတွင်ပါဝင်သည့် အက်စစ်ဓာတ်က အသားရေ၏ကြည့်လင်မှု၊ တောက်ပမှုနှင့် နူးညံ့မှုတို့ကိုဖြစ်ပေါ်စေရန် ကူညီပေးပါသည်။ ထို့အပြင် အရေပြားရှိဆဲလ်သေများကို ဖယ်ရှားပေးပြီး ဝက်ခြံကိုလည်း ပျောက်ကင်းစေနိုင်ပါသည်။
၂။ သံပရိုသီးအခွံကို လက်ဖက်ရည်ကြမ်းအဖြစ် သောက်သုံးခြင်း
သံပရိုသီးအရည်ကို ရယူပြီးနောက် အခွံကို အိမ်လုပ်လက်ဖက်ရည်ကြမ်း ပြုလုပ်နိုင်မှာဖြစ်ပါသည်။ ဗီတာမင်စီနှင့် ကိုယ်ခန္ဓာအတွက်ကောင်းမွန်သည့် အာဟာရဓာတ်များ ပေါင်းစပ်ပါဝင်သည့်အတွက် သံပရိုသီးအခွံများသည် အစာချေဖျက်ခြင်း၊ ကိုယ်အလေးချိန်လျော့ချခြင်း၊ ကိုယ်ခံအားကိုတိုးမြှင့်ပေးခြင်းတို့ကို ပေးစွမ်းနိုင်သည်။
၃။ ပုရွက်ဆိတ်များ၏ရန်မှ ကင်းဝေးစေခြင်း
သံပရိုသီးအခွံကိုအသုံးပြုကာပုရွက်ဆိတ်များကို ဖယ်ရှားနိုင်မှာဖြစ်ပါသည်။ သံပရိုသီးအခွံ၏ ချိုမွေးစူးရှသော အနံ့သည် ပုရွက်ဆိတ်များကို ဟန့်တားနိုင်သည့်အတွက် အိမ်ရှိမီးဖိုချောင်နှင့် အခြားနေရာများတွင် ထားပါက ပုရွက်ဆိတ်များဝင်ရောက်မှုကို တားဆီးနိုင်ပါသည်။
၄။ သန့်စင်ဆေးတစ်ခုအဖြစ်လည်း အသုံးပြုနိုင်ခြင်း
သံပရိုသီးအခွံများတွင် အက်စစ်ဓာတ်ပါဝင်သည့်အတွက် အဆီများ၊ ပိုးတက်နေသည့်နေရာ၊ အရာပစ္စည်းများကို အသစ်အတိုင်းဖြစ်အောင် လုပ်ဆောင်ပေးနိုင်ပါသည်။ ပြတင်းပေါက်များ၊ မှန်များ၊ ရေပိုက်ခေါင်းများနှင့် အခြားအိမ်ရှိမျက်နှာပြင်များကို သန့်ရှင်းရေးလုပ်ရာတွင် ထိရောက်စွာ အသုံးပြုနိုင်မှာဖြစ်ပါသည်။
၅။ အဝါရောင်သမ်းသည့်လက်သည်းနှင့် သွားများကို ဖြူဖွေးလာစေခြင်း
အဝါရောင်သို့ပြောင်းလဲသွားသည့် လက်သည်းများကိုပြန်လည်ဖြူဖွေးလာစေရန်အတွက် သံပရိုသီးအခွံသည် အကောင်းဆုံးသောနည်းလမ်းတစ်ခုပင်ဖြစ်သည်။ လက်သည်းများကို ပြန်လည်ဖြူဖွေးလာစေရုံသာမက အလွယ်တကူမကျိုးပဲ့နိုင်အောင်လည်း ကူညီပေးမှာဖြစ်ပါသည်။ လက်သည်းများအပြင် ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းကြောင့် အရောင်ပြောင်းလာသည့် သွားများကိုပါ နဂိုမူလအတိုင်းပြန်လည်ဖြူဖွေးလာစေပါသည်။
MyFoodMyanmar မှ ပြန်လည်ကိုးကားဖော်ပြပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026