အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခြင်ကိုက်ခြင်းမှ ကင်းဝေးအောင်

ခြင်ကိုက်ခြင်းမှ ကင်းဝေးအောင်

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 19/06/2019

မိုးရာသီကရောက်လာပြီ။ ခြင်တွေကလည်း ပေါလာပြီ။ တုပ်ကွေးရာသီ သွေးလွန်တုပ်ကွေးတွေကြားရတော့မယ်။

ပူနေကြပြီ။ ခြင်တွေကလည်း တကယ်ကိုပေါတာ။ အဲ့တော့ ခြင်တွေရှိတဲ့နေရာတွေမှာ အကိုက်နည်းနည်းပဲဖြစ်ဖြစ် သက်သာစေဖို့ နည်းလမ်းလေးတွေရှာပြီးတော့ တင်ဆက်ပေးလိုက်ပါတယ်။

အိမ်က ဘီရိုထဲမှာမွှေကြည့်  နည်းလမ်းလေးတွေ အကုန်ရှိပ။ 

ပထမဆုံးနည်းလမ်းက လီမွန် ယူကလစ်ဆီနည်းလမ်း

လီမွန် ယူကလစ်ဆီ - (၁) ဇွန်း

သံလွင်ဆီ - ၉ ဇွန်း ဖြစ်ဖြစ် အုန်းဆီဖြစ်ဖြစ် ထည့်ပေးလို့ရပါတယ်။ သူက ဘာလို့ လိမ်းတာလဲဆိုတော့ အသားမှာ စွဲအောင်လို့  ကော်လိုသဘော ထည့်ပေးတာပါပဲ။

အဲဒါကို ခြင်မကိုက်စေချင်တဲ့နေရာမှာ တိုက်ရိုက်လိမ်းပေးလို့ရပါတယ်။ သံလွင်ဆီပဲ သုံးသုံ၊ အုန်းဆီကိုပဲသုံးသုံး ခြင်လည်းမကိုက် အသားလည်းလှတာပေါ့။ အပြင်ဖက်မှာထိုင်နေတယ်ဆိုရင်တော့ ခဏခဏလိမ်းပေးလို့ ရပါတယ်နော်။

နည်းလမ်း(၂)

ပူစီနံအဆီ (၁၂) စက်

အုန်းဆီက (၃) ဇွန်း

(၂)ခုကိုပေါင်း ရောပြီးတော့ လိမ်းပေးရင် ခြင်တွေကိုပြေးစေပါတယ်။  ခြေတွေ လက်တွေကို လိမ်းပေးလို့ရပါတယ်။  

တမာဆီနဲ့ အုန်းဆီ

တမာဆီ (၁၀)စက်နဲ့ အုန်းဆီက  (၃) ဇွန်းကို ရောပြီးလိမ်းပေးရင်လည်း ခြင်ကိုက်တာကို သက်သာစေပါတယ်

ပန်းသီးရှာလကာရည်နဲ့ အမွှေးဆီ

ပန်းသီးကနေ ထုတ်ထားတဲ့  ရှာလကာရည် (၅) ဇွန်း၊ ရေ (၅) ဇွန်းရယ်၊ အမွှေးဆီ ၁၀ စက်ကနေ ၁၂ စက်တို့ကိုရောပြီးတော့ ဖျန်းဘူးလေးထဲမှာထည့်ပြီး ခြေလက်တွေကိုဖြန်းပေးလို့ရပါတယ်။

လက်ဖက်ရွက်ဆီ နဲ့ အုန်းဆီ

လက်ဖက်ရွက်ဆီက (၁၀) စက် နဲ့ အုန်းဆီက (၃) ဇွန်း ထည့်ပြီးတော့ လိမ်းပေးရမှာပါ။ 

သစ်ဂျပိုးဆီ 

သစ်ဂျပိုး အဆီ (၁၀) စက်၊ ရေ က (၃ - ၄ ) ဇွန်းတို့ကို သေသေချာချာလေး ရောပြီးတော့ လိမ်းထားပေးရင် ခြင်ကိုက်သက်သာစေမှာပါ။

မုန့်ဖုတ်ဆော်ဒါနဲ့ ရှာလကာရည် ထောင်ခြောက်

ရှာလကာရည် (၁) ခွက် ရယ်၊ မုန့်ဖုတ်ဆော်ဒါက ခွက်ရဲ့ လေးပုံတစ်ပုံ လောက်လိုပါတယ်။ 

ပြီးတော့ ဘူးတစ်ဘူးကိုယူပြီး တစ်ဝက်ဖြတ်လိုက်ပါ။ အောက်ခြေပိုင်းထဲမှာ မုန့်ဖုတ်ဆော်ဒါကို ထည့်ပေးပါ။ 

ပြီးတော့  ကျန်နေသေးတဲ့ အပေါ်ပိုင်းကို ပြောင်းပြန်လှန်ပြီး နှုတ်ခမ်းဖက်ကနေ ကတော့လို ပြန်ထည့်ပြီးတော့ ရှာလကာရည်လောင်းထည့်လိုက်ပါ။ 

သူတို့ (၂)ခုတွေ့တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်ထွက်လာတာကြောင့် ခြင်တွေလာပြီးတော့ ကိုယ်ထောင်ထားတဲ့ထောင်ခြောက်မှာ မိပြီပေါ့။ 

ထွန်းဝင်းကျော်

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။