အစားအစာဘေးကင်းလုံခြုံမှုနှင့် ယင်း၏အရေးပါမှု
အစားအစာဆိုသည်မှာ လူသားတစ်ဦး၏ အသက်ရှင်သန်ရန် အဓိကလိုအပ်ချက်များထဲမှ အရေးအကြီးဆုံးအချက် တစ်ခုဖြစ်ပါသည်။ အစားအစာစားသုံးခြင်းမှရရှိသော အာဟာရဓာတ်များသည် နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ကိုင်နိုင် စေရန် ကျွန်ုပ်တို့အတွက်လိုအပ်သည့် စွမ်းအင်နှင့် အာဟာရကိုပေးစွမ်းပါသည်။ အစားအစာများသည် လူ့အဖွဲ့အစည်းအတွက် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေပြီး အာဟာရရှိကာ၊ ဘေးကင်းသော အစားအစာများကို စားသုံးခြင်းဖြင့် ပျော်ရွှင်ကျန်းမာသော နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ လူတိုင်းသည် ဘေးကင်းသည့် အစားအစာများကို စားသုံးနိုင်ဖို့ အခွင့်အရေးရှိပါသည်။ ထို့အတူ လူတိုင်းသည်လည်း “အစားအစာ ဘေးကင်းလုံခြုံမှုဟာ ဘာကြောင့် အရေးကြီးသလဲ” ဆိုသည့် မေးခွန်းကို ဦးစားပေး စဉ်းစားသင့်ပါသည်။
နှစ်စဉ်ကမ္ဘာတစ်၀န်းရှိ သန်းနှင့်ချီသောလူများ (လူဆယ်ယောက်လျှင် တစ်ယောက်နှုန်း) သည် အစားအစာကြောင့် ဖြစ်သော ပြင်းထန်သည့်ရောဂါများကို ခံစားနေကြရပါသည်။ အစားအစာများ စားခြင်းမှ ဖြစ်ပေါ်လာသော ရောဂါများကြောင့် နိုင်ငံ၏ကုန်သွယ်ရေး၊ ခရီးသွားလာမှုလုပ်ငန်းများ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ထိခိုက်စေရုံ မျှမက နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်များထောင်းကာ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကိုပါ နှောင့်နှေးကြန့်ကြာ စေနိုင်ပါသည်။ အစားအစာဘေးကင်းလုံခြုံရေးသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ လူဉီးရေသည်လည်း တစ်ရှိန်ထိုး တိုးမြင့်နေသည့်အတွက် ယခင်ကထက် ပိုမိုအရေးတကြီးဆောင်ရွက်ရန် လိုအပ်လာပါသည်။
အစားအစာဘေးကင်းရေးဆိုသည်မှာ စိုက်ပျိုးခြင်း၊ ကုန်ကြမ်းပြင်ဆင်ခြင်း၊ ကုန်ကြမ်းလက်ခံခြင်း၊အစားအသောက် ပြင်ဆင်ခြင်း၊ စီမံဆောင်ရွက်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း နှင့် စားသုံးခြင်း (Farm to Fork) လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ကျင့်သုံးသည့် သန့်ရှင်းမှုနှင့်ညီညွတ်သော အစားအစာကိုင်တွယ်ခြင်း၊ ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်များကို ရည်ညွှန်းပါသည်။ စားနပ်ရိက္ခာထောက်ပံ့ရေးကွင်းဆက် (ပုံ၁) ၏ အဖွဲ့ဝင်အားလုံးသည် အစားအစာဘေးကင်းမှုကို ထိန်းသိမ်းရာတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ပါသည်။ သင်သည် အစားအသောက်ရောင်းချသူ၊ အစားအသောက်လုပ်ငန်းပိုင်ရှင်၊ ထုတ်လုပ်သူ သို့မဟုတ် စားသုံးသူ ဖြစ်ပါစေ၊ သင့်တွင် အစားအသောက်ဘေးကင်းရေးအတွက် လုပ်ဆောင်ရမည့် အရေးပါသောအစိတ်အပိုင်းတစ်ခုရှိပါသည်။ ထို့ကြောင့် “Food safety is everyone’s business” ဆိုသည့်အတိုင်း အစားအစာ ဘေးကင်းလုံခြုံမှုသည် လူတိုင်းပါ၀င်ဆောင်ရွက်ရမည့် တာဝန်ဝတ္တရား တစ်ရပ်ဖြစ်ပါသည်။
ပုံ- စားနပ်ရိက္ခာထောက်ပံ့ရေးကွင်းဆက်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သက်စိုး
လွန်ခဲ့သော ၃ နှစ် ကကိုးပင်ဘယ်ရက်လောက်မိုးရွာနိုင်မလဲဗျ
ကျော်လင်းသူ
လွန်ခဲ့သော ၃ နှစ် ကမကွေး အောင်လံဘက်ရော ရွာနိုင်လားဗျ
ဉီစော
လွန်ခဲ့သော ၃ နှစ် ကပေါက်မျို့နယ်တောင်ပိုင်းမိုးလေဝသကိုတိချင်လို့ဘာခင်ဗျာ
Zayar Htway
လွန်ခဲ့သော ၃ နှစ် ကမကွေးတိုင်းရော မပါဘူးလားဗျ
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026