သဘာဝပစ္စည်းတွေနဲ့ ဆံပင်ပေါင်းတင်ကြမယ်
အိမ်ရှင်မတွေဖြစ်လာရင် အိမ်အလုပ်တွေနဲ့ ကလေးတွဲလောင်းနဲ့ လှဖို့ပဖို့ မလုပ်နိုင်တော့ဘူးလို့ ထင်နေတာလားကွယ်။ အိမ်ထဲက မီးဖိုချောင်သုံးပစ္စည်းတွေဟာ လှဖို့ပဖို့ လုပ်ပေးနိုင်တယ်လေ။ အဲ့တော့ အိမ်နောက်ဖေးကိုဝင်ပြီး စိတ်ပြေလက်ပျောက် ဘာလုပ်လို့ရမလဲဆိုတာ မွှေကြည့်ကြတာပေါ့။ တွေ့ပါပြီ ဒီနေ့တော့ ဆံပင်ကို ပေါင်းတင်ကြမယ်။
(၁) အုန်းဆီ၊ ကြက်ဥနဲ့ သံလွင်ဆီ
နက်မှောင်ပြီး ပြောင်လက်နေအောင်လို့ ဒီနည်းလမ်းကို သုံးနိုင်ပါတယ်နော်။ ဆံပင် အမျိုးအစားမရွေး သုံးလို့ရပါတယ်။
ကြက်ဥတစ်လုံး၊ အုန်းဆီ စားပွဲတင်ဇွန်းတစ်ဇွန်း၊ သံလွင်ဆီ စားပွဲတင်ဇွန်းတစ်ဇွန်း ရောပြီးတော့ လိမ်းလိုက်ရုံပါပဲ၊ အနည်းဆုံးတစ်နာရီလောက်တော့ ထားပေးရပါမယ်။ ပြီးရင် ရေဆေးချတာပဲဖြစ်ဖြစ်၊ ခေါင်းလျှော်ရည်သုံးပြီး ဆေးတာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ ရေအေးသုံးလည်းရတယ်။ ကြက်သီးနွေးရေနွေးလေး သုံးလည်းရတယ်ပေါ့။ အဲ့လိုဆိုရင်တော့ နက်ပြောင်တဲ့ ဆံကေသာကို ရမှာပါ။
(၂) ဒိန်ချဉ်၊ ပန်းသီးရှာလကာရည်နဲ့ ပျားရည်
ဘယ်ဆံပင်အမျိုးအစားမဆို သုံးလို့ရပြီးတော့ သုံးပေးမယ်ဆိုရင်တော့ နက်မှောင်မယ်၊ အစိုဓာတ် ပြန်ထိန်းပေးတယ်။ ဆံပင်ကို ရှည်မြန်စေတယ်။ ပြီးတော့ ဦးရေပြားအဆီပြန်တာကို လျှော့ချပေးတယ်။
ဒိန်ချဉ်က အရသာထည့်ထားကို မသုံးရပါဘူး။ ဒိန်ချဉ်လည်း (၁၀၀) မီလီလီတာ (ရေသန့်ဘူးကို ၁၀ ပုံပုံရင် တစ်ပုံလောက်ပါပဲ)ထည့်၊ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ရမယ်။ နောက်တော့ ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းထည့် သမအောင်မွှေပါ။
ဦးရေပြားကနေ အနှံ့လိမ်းပြီးတော့ အနည်းဆုံး (၁၅) မိနစ်ထားပြီးတော ရေနွေးလေးနဲ့ အရင်ဆေးပါ။ နောက်မှ ရေဆေးတာ ခေါင်းလျှော်တာလုပ်ပေးပါ။
(၃) စတော်ဘယ်ရီနဲ့ အုန်းဆီ
စတော်ဘယ်ရီ (၆) ကနေ (၈) လုံးလောက်ထည့်ပြီးတော့ အုန်းဆီ စားပွဲတင်ဇွန်းတစ်ဇွန်း ထည့်ပြီးတော့ အကုန်လုံးကိုရောကြိတ်လိုက်ပါ။ ပြီးတော့လိမ်း ခေါင်းအုပ်လေးနဲ့ ၁၀ မိနစ်လောက်အုပ်ထားပြီးတော့ ရေနွေးလေးနဲ့ ဆေး၊ ခေါင်းလျှော်..။
(၄) ထောပတ်သီးနဲ့ ကြက်ဥ
ခြောက်သွေ့နေတဲ့ ဆံပင်တွေအတွက် အကောင်းဆုံး ကုထုံးလေးပါ။ ထောပတ်သီး တစ်ဝက်ကို ကြက်ဥအနှစ်တစ်လုံးနဲ့ ရောပြီးတော့ ကြိတ်တာဖြစ်ဖြစ် သမအောင်မွှေတာဖြစ်ဖြစ် လုပ်ပြီးတော့ ခေါင်းကိုလိမ်း ဦးရေတွေပါလိမ်းပြီး (၁၅) မိနစ်လောက် နှပ်ထားပေးပါ။ နောက်မှ ရေနွေးလေးနဲ့ဆေးပြီးတော့ ခေါင်းလျှော်လိုက်ပါ။
(၅) သရက်သီးနဲ့ သံလွင်ဆီ
ဆံပင်ပါးတဲ့သူတွေအတွက်ပါနော်။ သရက်သီးအမှည့်တစ်လုံးကို ကျေအောင်ချေပြီးတော့ သံလွင်ဆီ စားပွဲတင်ဇွန်း (၂) ဇွန်းထည့်ပါ။ ရလာရင်တော့(၃)မိနစ်လောက် ခေါင်းကို ညင်ညင်သာသာလေး နှိပ်နယ်ပြီး မိနစ် (၃၀) လောက်ထားပါ။ နောက်မှ ရေနွေးလေးနဲ့ ဆေးချပြီးတော့ ခေါင်းလျှော်တာလုပ်ပေးပါ။
(၆) ငှက်ပျောသီးနဲ့ ပျားရည်
ဆံပင်တွေရှုပ်တတ်တဲ့သူတွေအတွက် သင့်တော်တဲ့နည်းလေးပါပဲ။ ကောက်တဲ့ဆံသားတွေအတွက် ကောင်းတဲ့နည်းလမ်းလေးဖြစ်ပါတယ်။
ငှက်ပျောသီး ခပ်လတ်လတ်တစ်လုံးနဲ့ ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းရောကြိတ်ပြီးတော့ ခေါင်းမှာ နှံ့အောင်လိမ်းပေးပါ။ (၂၅) မိနစ် ထားပြီးတော့ ရေနွေးနွေးလေးနဲ့ ဆေးချပြီးရင်တော့ ခေါင်းလျှော်လို့ ရပါပြီနော်။
ကဲ အဲ့လိုများ အိမ်မီးဖိုချောင်ထဲကနေရတဲ့ ပစ္စည်းတွေနဲ့သာ လွယ်လွယ်လေးလုပ်လို့ရတယ်ဆို ဆိုင်ကို ဘယ်သွားစရာလိုမလိမ့်လဲနော်။ အပန်းလည်း မကြီးဘူးလေ……..
ထွန်းဝင်းကျော်
https://girlwithcurves.com/6-diy-hair-masks-you-can-make-in-your-kitchen
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....