အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မိုးရာသီစာ ……...လယ်ခရု

မိုးရာသီစာ ……...လယ်ခရု

    ခရုသည် မြန်မာလူမျိုးများနှင့် မစိမ်းလှပေ။ 'ခရုမှာ အဆံ၊ လူမှာ အကြံ' ၊ 'ခရုခါးတောင်းကျိုက်ဖမ်း' ဟူသော ခရုစကားပုံကိုလည်း ကြားဖူးကြပေမည်။ 

    ခရုတွင် ပရိုတင်း၊ သံဓါတ်၊ ဗီတာမင် B12၊ မဂ္ဂနီဆီယမ်၊ ဆီလီယမ်နှင့် အိုမီဂါ - ၃တို့ ကြွယ်ဝစွာပါဝင်သည်။ အဆီဓါတ်နည်းပြီး ကိုလက်စထရောပါဝင်မှုနည်းပါးသဖြင့် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ကြောင်း လေ့လာသိရှိရပါသည်။ 

    ခရုမျိုးစိတ်များတွင်မှ ယခုလို မိုးရာသီကာလတွင် လယ်ခရုကို ပေါပေါများများတွေ့ရှိရပြီး ရိုးရိုးလယ်ခရု (၁)ပိဿာ- ၅၀၀၀ ကျပ်ခန့် ဈေးနှုန်းရှိကြပြီး အသားထွင်းထားသော လယ်ခရု(၁)ပိဿာ - ၉၀၀၀ ကျပ်ဝန်းကျင် ဈေးနှုန်းရှိကြပါသည်။ 

    မိုးရာသီလယ်ခရုကို လယ်ခရုဆန်လှော်ဟင်း၊ လယ်ခရု လယ်သမားဟင်း၊ လယ်ခရုထောင်း၊ လယ်ခရုသုပ်၊ လယ်ခရုကင်၊ လယ်ခရုအစပ်ချက်၊ လယ်ခရုပြုတ်၊ လယ်ခရုဟင်းချို၊ လယ်ခရု ရခိုင်ချက်ဟူ၍ စသဖြင့် ချက်ပြုတ်စားသုံးကြသည်။ လယ်ခရုအသားမှာ ချိုမြလှပြီး လတ်ဆတ်လေ အလွန်ချိုလေဖြစ်သည်။

    ထိုဟင်းလျာများတွင်မှ ကျေးလက်ဒေသ ဟင်းလျာတစ်မျိုးဖြစ်သော 'လယ်ခရုပဲသီး အစပ်ဟင်း'ကို တင်ပြပေးပါမည်။ 

'လယ်ခရုပဲသီး အစပ်ဟင်း'

    ချက်ပြုတ်ရာတွင် လယ်ခရု၊ ပဲသီးအရှည်ထောင့်၊ ကြက်သွန်ဖြူ/နီ၊ ဆား၊ သကြား၊ အရသာမှုန့်၊ ငံပြာရည်၊ ငရုတ်ကောင်း၊ ငါးပိ၊ စပါးလင်၊ ချင်း၊ ငရုတ်သီးအခြောက်ထောင့်အနီ၊ ဖက်ကဖောင်ရွက်နှင့် ရှောက်ဘီလူးရွက်တို့ လိုအပ်ပါသည်။ 

၁။ ပထဦးစွာ လယ်ခရုကို ရေဆေးပြီး ဆား၊ စပါးလင်၊ ချင်းတို့ဖြင့် ရေတစ်ရေပြုတ်ထုတ်ရပါမည်။ ထိုသို့ပြုတ်လိုက်ပါက မညှီတော့သလို ခရုတွင် ထုံးရည်စိမ်ထားပါကလည်း ထုံးရည်အနံ့ပါ ပျောက်သွားကြပါသည်။ 

၂။ ပြုတ်ပြီးသောခရုများကို ရေတစ်ရေထပ်ဆေးပြီး ရေစစ်ထားရပါမည်။ 

၃။ ဟင်းအနှစ်အတွက် ငရုတ်သီးခြောက်အတောင့်(အနီ)၊ ကြက်သွန်ဖြူ/နီ၊ ချင်း၊ ငရုတ်သီး၊ စပါးလင်တို့ကို ရောထောင်းပြီး ငါးပိပါထည့်ကာ ဆီသတ်ရပါမည်။ 

၄။ ဆီသတ်ပြီးပါက ဟင်းအနှစ်အိုးထဲ ငံပြာရည်၊ အရသာမှုန့်၊ သကြားအနည်းငယ်တို့ကို ထည့်ပြီး မွှေပေးရပါမည်။ 

၅။ မွှေပြီးပါက ရေစစ်ထားသော ပြုတ်ပြီးသားခရုများကို ထည့်ရပါမည်။  ပြီးနောက် လှီးထားသော ပဲသီးထောင့်လေးများကိုထည့်ပြီး ရေနည်းနည်းထည့်ကာ သမအောင် မွှေပေးရပါမည်။ 

၆။ နောက်ဆုံး၌ အနံ့မွှေးရအောင် ဖက်ကဖောင်ရွက်နှင့် ရှောက်ဘီးလူးရွက်လေးကို ဖြူးပေးရပါမည်။ 

    ထိုအခါမှာတော့ ဖက်ကဖောင်ရွက်၏ မွှေးပျံ့သောရနံ့၊ ခရု၏ ချိုသောအရသာ၊ ပဲသီး၏ ဆိမ့်သောအရသာ၊ ဟင်းအနှစ်၏ ပူစပ်သောအရသာတို့ဖြင့် ပြည့်စုံလှပြီး မိုးရာသီနှင့် အင်မတန်လိုက်ဖက်လှသော ချို၊ စပ်၊ ပူ၊ ဆိမ့်၊ မွှေး "လယ်ခရုပဲသီး အစပ်ဟင်း" တစ်ခွက်ကို ရရှိပေမည်ဖြစ်သည်။  

ပင်လယ်ပြာ (ငါးဦးစီး)

4
မျိုးမြတ်ဇော်

မျိုးမြတ်ဇော်

လွန်ခဲ့သော ၃ နှစ် က

လယ်ခရုကို မွေးမြူမယ်ဆိုရင် ဘယ်လိုမွေးမြူရမလဲ ဆရာတို့

ကိုမျိုးကျော်

ကိုမျိုးကျော်

လွန်ခဲ့သော ၅ နှစ် က

ရွှေခရုကအာယုံကျောကိုထိခိုက်စေပါတယ်စားသုံးသူအတွက်

နှင်းဖြူဖြူ

နှင်းဖြူဖြူ

လွန်ခဲ့သော ၅ နှစ် က

ရွှေခရုက စပါးဖျက်တဲ့ခရုပါ။ လယ်ခရုက စားလို့ရတဲ့ခရုပါ။

Htet Ko Ko

Htet Ko Ko

လွန်ခဲ့သော ၅ နှစ် က

ရွှေခရုတွေလား

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။