ဆီမပါတဲ့ ရခိုင်ဟင်းလေး ဟမ်းရည်ပူ
ဒီဟင်းလေးကိုတော့ ရခိုင်လူမျိုးတွေက ပူပူနွေးနွေးလေးစားကြလို့ ဟမ်းရည်ပူ (ဟင်းရည်ပူပူလေးဟင်း) လို့ ခေါ်ကြပါတယ်။ များသောအားဖြင့် ရခိုင်လူမျိုးအများစုဟာ ထမင်းပွဲမှာဆို ဟမ်းရည်ပူကို မပါမဖြစ်အနေမျိုးနဲ့တောင် နှစ်နှစ်သက်သက် စားသုံးကြတာပါ။ ဘာလို့လဲဆိုတော့ ဒီဟင်းလေးက အသီးအရွက်စုံစုံလေးနဲ့ ပူပူစပ်စပ်လေးဆိုတော့ ခံတွင်းမြိန်စေလို့ပါ။
အခုလို ဆီဈေးတွေ သောက်သောက်လဲ တက်နေချိန်မျိုးမှာ ဆီမသုံးရတဲ့ခံတွင်းမြိန်ဟင်းရည်
ဟမ်းရည်ပူချက်ရာမှာ ပါဝင်တဲ့ ပစ္စည်းလေးတွေကတော့ ..
မျှစ် (အတောင့်ရှည်တစ်တောင့်)
ပဲတောင့်ရှည် (အစည်းသေးတစ်စည်း)
ခရမ်းသီးတစ်လုံး
ရခိုင်ငါးပိအနည်းငယ်
ငရုတ်သီးစိမ်းအနည်းငယ်
ငါးနီတူခြောက်အနည်းငယ်
ရှမ်းနံနံ၊ နံနံပင် နဲ့ ဆား အနည်းငယ်စီပါ။
မချက်ခင်ကြိုပြင်ထားရမှာတွေက..
(၁) ရခိုင်ငါးပိလက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေနဲ့ဖျော်ထားပါ။
(၂) ငရုတ်သီးစိမ်း ၇ တောင့် (ကိုယ်အစပ်ကြိုက်တဲ့ပေါ်မူတည်ပြီ
(၃) မျှစ်တစ်တောင့်ကို ကြိုပြုတ်ပြီး လှီးထားပါ။ ပဲတောင့်ရှည်တွေကိုလည်း တစ်လက်မလောက်လေးတွေ လှီးထားပါ။ ခရမ်းသီးကိုလည်း တစ်လက်မခွဲလောက် ဖြတ်တောက်လှီးထားပါ။
(၄) ငါးနီတူခြောက်ကိုတော့ တချို့က အကောင်လိုက်ထည့်ပါတယ်။ ကျွန်မကတော့ ကြိတ်ထည့်တာပိုကြိုက်ပါတယ်။ ငါးနီတူမရှိရင် ပုစွန်ခြောက် ဒါမှမဟုတ် ကြိုက်ရာငါးခြောက်တစ်မျိုးမျိုး
အပေါ်မှာဖော်ပြထားတာတွေအားလုံး
(၁) ဖျော်ထားတဲ့ငါးပိအရည်ကို တည်မယ့်အိုးထဲ ထည့်ပါ။
(၂) ငရုတ်သီးစိမ်းထောင်းထားတာတွေထည့်
(၃) ဆူပွက်ပြီး ငရုတ်သီးစိမ်းအနံ့ပျောက်သွားပြီ
(၄) အဲ့ဒါတွေနူးလာပြီဆိုရင်တော့ ငါးခြောက်ထည့်၊ နံနံပင်၊ ရှမ်းနံနံတွေခတ်လိုက်ရင် ဟမ်းရည်ပူဟင်းလေး ရပါပြီ။
ကဲ..ဒီတော့ အချိုမှုန့်မပါ၊ ဆီမပါတဲ့ ဘတ်ဂျက်ဟမ်းရည်ပူလေးချက်စားပြီး ထမင်းစားမြိန်လိုက်ကြပါစေ..။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026