ကိုဗစ်ကိုခုခံတိုက်ခိုက်မယ့် လက်နက်တစ်မျိုး - နာနတ်သီး
“အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုတဲ့အတိုင်း နေ့စဉ်စားသုံးနေကြတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေဟာ ခန္ဓာကိုယ်အတွက်လိုအပ်သော အာဟာရဓါတ်များစွာကို ပေးစွမ်းနိုင်ရုံသာမက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာတဲ့ တချို့သော ရောဂါပိုးတွေကိုလည်း ကာကွယ်ခုခံနိုင်စွမ်းရှိပါတယ်။ ရောဂါတစ်ခု ခန္ဓာကိုယ်ထဲဝင်ရောက်လာပြီဟေ့ဆိုရင် အရင်ဆုံး ကိုယ်ခံအားစနစ်နဲ့ တိုက်ခိုက်ရပါတယ်။ ကိုယ်ခံအားစနစ်အားကောင်းဖို့အတွက် ခန္ဓာကိုယ်ဟာ လုံလောက်သော ဗိုက်တာမင်၊ သတ္တုဓါတ်နဲ့ တခြားအာဟာရဓါတ်များစွာ လိုအပ်ပါတယ်။
အပူပိုင်းဒေသတွေမှာ ရှင်သန်ပေါက်ရောက်ကြတဲ့ သရက်သီး၊ နာနတ်သီး၊ မာလကာသီး၊ ပင်မှည့်သီး၊ လိုက်ချီးသီး၊ နဂါးမောက်သီး စတဲ့ အသီးတွေဟာလည်း ဗိုက်တာမင်စီ၊ carotenoids ပါဝင်မှု မြင့်မားရုံသာမက အသီးတစ်မျိုးချင်းစီမှာ ကျန်းမာရေးအတွက် ထူးခြားကောင်းမွန်တဲ့ အာဟာရဓါတ်တွေ ပါဝင်ပါတယ်။
နာနတ်သီးဟာ အမှည့်အနေနဲ့ စားသုံးနိုင်သလို အခြောက်ခံပြီးစားရင်လည်း အရသာရှိပြီး ဖျော်ရည်အဖြစ်လည်း သောက်သုံးလို့ရတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ နာနတ်သီးမှာ ဗိုက်တာမင်စီ၊ မန်ဂနိဓါတ်၊ အမျှင်ဓါတ်၊ ရေဓါတ်နှင့် Bromelain ပါဝင်မှု မြင့်မားရုံသာမက တခြားအကျိုးပြုအာရဓါတ်များစွာလည်း အတန်အသင့်ပါဝင်ပါတယ်။
နာနတ်သီးကို စားသုံးပေးခြင်းဖြင့် အစာချေစနစ်ကို ကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါများကို ကာကွယ်နိုင်ခြင်း၊ ကိုယ်ခံအားစနစ်ကို မြင့်မားစေခြင်း၊ အဆစ်ရောင်နာကို သက်သာစေခြင်း၊ အနာကျက်မြန်စေခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။
Bromelain ဆိုတာ နာနတ်သီးရဲ့ ပင်စည်/ အူတိုင်မှာတွေ့ရတဲ့ အင်ဇိုင်းတစ်မျိုးဖြစ်ပြီး သူ့ကို နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ သွေးခဲ/ ပိတ်ခြင်းရောဂါများခံစားနေရသော လူနာများအတွက်သာမက ကင်ဆာဝေဒနာရှင်များအတွက်ပါ ကုသဖို့ ဓါတ်စာအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။
ထိုမျှမက Bromelain ဓါတ်စာကို ကိုဗစ်လူနာတွေကုသရာမှာလည်း စမ်းသပ်အသုံးပြုခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံ သုတေသနပညာရှင်များရဲ့လေ့လာတွေ့ရှိမှုများအရ Bromelain ဟာ ကိုဗစ်ရောဂါကိုဖြစ်စေသော SARS CoV-2 ဗိုင်းရပ်စ်ကို တိုက်ခိုက်ပြီး ကိုဗစ်ရောဂါကူးစက်မှုကို သိသိသာသာလျော့ကျစေပါတယ်။
Bromelain ဟာ ဗိုင်းရပ်စ်ပိုးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ဖျက်ဆီးပြီး အပြင်ပိုင်းအလွှာကို ပျက်စီးစေကာ မျိုးပွားနိုင်စွမ်းကို ကျဆင်းစေပါတယ်။
ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ဗိုင်းရပ်ကို တိုက်ထုတ်နိုင်စွမ်းလည်းရှိတဲ့ Bromelain ဟာ Covid-19 ရောဂါကူးစက်မှုကို ထိရောက်စွာကာကွယ်နိုင်သော/ ခုခံတိုက်ထုတ်သော ကုထုံးတစ်မျိုးဖြစ်ပါတယ်။
အကျိုးအာနိသင်များစွာရှိသော Bromelain ဓါတ်စာ (သို့) Bromelain ဓါတ်ကြွယ်ဝသော နာနတ်သီး ပင်စည်/ အူတိုင်ဟာ Covid-19 သာမက တခြား Coronaviruses ရောဂါများကုသရာတွင် အသုံးပြုနိုင်သော အလားအလာကောင်းသော လက်နက်တစ်မျိုးပင် ဖြစ်ပါတော့သည်။
(News medical life sciences၊ WebMD၊ Entertainment times၊ Bay natural၊ medicine မှ ဆောင်းပါးများကို ကိုးကားရေးသားထားပါသည်။)
နန်းစုစံ(စိုက်ပျိုးရေး)
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးတင်ပါတယ်
kooo
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးတင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Nan Su San
အားလုံး
ပျားကုထုံး အပန်းဖြေအိမ်..
25/07/2023
လက်ဖက်ခြောက်ကို ရေအေးနဲ့ စိမ်…သောက်လျှင်
13/07/2023
ဂျပန်နိုင်ငံတွင် အစစအရာရာ ဈေးတက်လိုက်ပြီး သက်ပြည့်ပင်စင်အသက်ကိုလည်း ၅ နှစ်တိုး
01/04/2022
ညသိပ်ရေနွေး သောက်သင့်လား
31/03/2022
Black Soldier Fly ကို အသုံးချခြင်း (သို့) “အစားအသောက်အလေအလွင့်” မှ “အပင်အာဟာရ”သို့
29/03/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....