ပြန်နွှေးမစားသင့်တဲ့ အစားအစာ (၇) မျိုး
ဟင်းပွဲတွေ တကူးတကမချက်ချင်တဲ့နေ့မျိုးမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မနေ့ကချက်ထားတဲ့ ဟင်းအပိုအလျှံတွေရှိနေသေးတယ်ဆိုရင်တော့ ထိုဟင်းတွေကိုပဲ အလွယ်တကူပြန်နွှေးစားတတ်ကြပါတယ်။
အစားအစာ တော်တော်များများကိုတော့ ပြန်နွှေးစားလို့ရပေမယ့် အခုပြောပြပေးမယ့် အစားအစာ(၇) မျိုးကိုတော့ ပြန်နွှေးစားဖို့ မသင့်တော်ပါဘူး။ ဘာကြောင့်လဲဆိုတာကိုသိချင်ရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိ ဆက်ဖတ်ကြည့်လိုက်ရအောင်။
၁။ ဟင်းနုနွယ်
ဟင်းနုနွယ်ကို ကြော်ချက်ပြီးတာနဲ့ ကုန်အောင် စားသုံးပေးသင့်ပါတယ်။ သူတို့ကို ပြန်လည်အပူပေးပြီး နွှေးစားမယ်ဆိုရင်တော့ ဟင်းနုနွယ်ထဲမှာပါဝင်တဲ့ နိုက်ထရိတ်ဓာတ်က ကင်ဆာရောဂါဖြစ်ပေါ်စေတဲ့ နိုက်ထရိုက်ဓာတ်ပေါင်းအဖြစ် ပြောင်းလဲသွားပါတယ်။
၂။ နံနံပင်
နံနံပင်ကလည်း ဟင်းနုနွယ်လိုပါပဲ။ နိုက်ထရိတ်ဖြင့် ပေါင်းစပ်ဖွဲ့ထားတာပဲဖြစ်ပါတယ်။ သူ့ကို ထပ်ခါတလဲလဲ ပြန်နွှေးစားမယ်ဆိုရင် နိုက်ထရိုက်အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။
၃။ သကြားမုန်လာ
နံနံပင်နဲ့ ဟင်းနုနွယ်လိုပဲ သကြားမုန်လာမှာလည်း နိုက်ထရိတ်ဓာတ်များ ပါဝင်ပါတယ်။ ဒါ့ကြောင့် ချက်ပြီးသားသကြားမုန်လာကိုလည်း တစ်ခါတည်းကုန်အောင်စားလိုက်ပါ။ ပြန်နွှေးမစားပါနဲ့။
၄။ အာလူး
ကြော်ချက်ပြီးသားအာလူးကို တစ်ခါတည်း ကုန်အောင်စားခြင်းက ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။ သူ့ကိုပြန်နွှေးစားမယ်ဆိုရင်တော့ အာလူးရဲ့ အာဟာရဓာတ်များက ပျက်ပြယ်သွားပြီး ကျန်းမာရေးအတွက် အချည်းနှီးပါပဲ။
၅။ ဥအမျိုးမျိုး
ကြက်ဥ၊ ဘဲဥများကို ထပ်ခါတလဲလဲ ပြန်နွှေးစားခြင်းက ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေပြီး အစာခြေစနစ်ကို အနှောက်အယှက်ဖြစ်စေပါတယ်။
၆။ ကြက်သား
ကြက်သားထဲမှာ ပရိုတင်းဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ တကယ်လို့ ပြန်နွှေးစားလိုက်မယ်ဆိုရင်တော့ ပရိုတင်းပါဝင်မှုများက ကမောက်ကမဖြစ်သွားပြီး အစာအိမ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
၇။ မှို
မှိုကတော့ လုံးဝ (လုံးဝ) ပြန်နွှေးမစားသင့်တဲ့ အစားအစာထဲမှာ ထိပ်ဆုံးကပါဝင်ပါတယ်။ မှိုကို ပြန်နွှေးစားမယ်ဆိုရင်တော့ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
Source - My Food Myanmar
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026