အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကျီးကန်းနှုတ်သီးပင်နှင့် သူ၏ဆေးဖက်ဝင်သည့်အချက်များ

ကျီးကန်းနှုတ်သီးပင်နှင့် သူ၏ဆေးဖက်ဝင်သည့်အချက်များ

Green Way
Green Way • 14/10/2021

ကျီးကန်းနှုတ်သီး၊ ပန်းရည်စွတ်၊ ကျီးနီနွယ်၊ နွယ်ညို

ရန်ကုန်မှာ တွေ့ရသော အပင်ဖြစ်သည်။ မိုးကောင်းလို့ထင်ရဲ့ အပင်ကြီးတွေ သန်လှသည်။ ပန်းပွင့်ထဲ တိုးတိုးဝင်နေသော ပိတုန်းကောင်ကြီးကြည့်ရတာ အသည်းယားစရာပါပဲ။

အပင်သရုပ် 

အပင်က သစ်မာ နွယ်ပင်ဖြစ်သည်။ အရွက်များက ရွက်ဆိုင် ထွက်ကြသည်။ ပန်းခိုင်မှာ axillary raceme ဖြစ်သည်။ ပန်းပွင့်အရောင်မှာ ပန်းနုရောင်ဖြစ်ပြီးကြီးမားလှပသည်။ ဝတ်ဆံဖို ၄ ခုပါသည်။ အသီးက အက်ကွဲသီးအမျိုးဖြစ်ပြီး ပုံမှာကဲ့သို့ ထူးခြားလှသည်။ အသီးက ဘဲဥပုံစံဖြစ်သော်လည်း ထိပ်ဖျားကသွယ်သွားသဖြင့် "ငှက်နှုတ်သီး" ပုံစံဖြစ်နေ၍ အချို့က "ကျီးနှုတ်သီးပင်"ဟုပင်ခေါ်ကြသည်။

 အရှင်နာဂသိန်ဆေးကျမ်းထဲတွင် Genus တူပြီး မျိုးစိတ် (species) ကွဲသော Thumbergia grandiflora အပင်ကိုဖေါ်ပြထားသည်။ ယင်းကို "ရေစပ်ပန်းနွယ်" "နွယ်ညို" "ကျီးနှုတ်သီးပင်"ဟုခေါ်ကြောင်း မှတ်သားရသည်။ ဒေသအခေါ်အဝေါ်အမျိုးမျိုးရှိသဖြင့် ဗဟုသုတတိုးစေပါသည်။ ထိုအပင်သည် အရိုင်းပင်ထက် အလှစိုက်သော အပင်ဖြစ်သည်။ အပင်နှစ်ပင်၏ပုံစံမှာ အလွန်တူပါသည်။

ယခုအပင်သည်လည်း တိုင်းရင်းဆေးဝင်မည်မှာလည်း သေချာလှပါသည်။ အခြားနိုင်ငံများတွင် Thumbergia များ၏ လှပသော ပန်းပွင့်များကြောင့် အိမ်များတွင် အလှအပ စိုက်ပျိုးကြသော်လည်း 

မြန်မာပြည်မှာ Thunbergia laurifolia Lindl. ကို အရိုင်းပေါက်ပင်အဖြစ်သာတွေ့ကြရပါသည်။ အပွင့်မှာအဝေးကကြည့်လျှင် သစ်ခွ vanda နှင့်တူသဖြင့်စွဲမက်စရာကောင်းလှပါသည်။ ချင်းပြည်နယ်သာမက ရှမ်းပြည်၊ ပုံတောင်၊ ပုံညာ၊ အလောင်းတော်ကသဖ အထိပြန့်နှံ့နေသောမျိုးစိတ်တစ်ခုလည်း ဖြစ်ပါသည်။ 

ဆေးဖက်ဝင်ပုံ 

မလေးရှားနိုင်ငံတွင် ယခုအပင်၏ အရွက်ကိုခြေပြီးရသောဖျော်ရည်ကို menorrhagia ရောဂါအတွက် နားမကြား​​ခြင်းအတွက် နားထဲထည့်ခါသုံးသည်။ ထိုင်းနိုင်ငံတွင်အရွက်ကို antipyretic အဖျားရောဂါကို ပျောက်ကင်းသက်သာစေသော အဖျားပျောက်ဆေး အဖြစ်အသုံးပြုပြီး အဆိပ်အတောက်များကိုဖယ်ရှားပေးသည်။ ၎င်းကိုမလေးရှားတွင် akar tuau ဟုခေါ်သည်။ ထိုင်းနိုင်ငံတွင် ဒီအပင်ကရသော  လက်ဖက်ရည်ကြမ်းလက်ဖက်ရည်ကို rang jeud tea ဟုလူသိများတယ်။ သူ့ကို  ဒီအရွက်ကနေ ထုတ်ယူသည်။ ထိုင်းဆေးဖက်ဝင်အပင်များ ကုမ္ပဏီများစွာကလည်း ဒီအပင်ကနေ rang jeud tea ကို ထုတ်လုပ်ပြီး တင်ပို့ရောင်းချကြသည်။ 

လှပသော ပန်းပွင့်များကြောင့်  ဥယျာဥ်တွေမှာ အလှစိုက်သော်လည်း ပေါက်ပွားနှုန်းမြန်ဆန်လွန်းတာကြောင့် ခဏတာအတွင်း တောထဲကို ပျံနှံသွားပါသည်။ 

ကိုးကား- wikipedia

ကိုသက်နိုင်ဦး

ဟုမ္မလင်း

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။