ဂျုံနှင့်အခြားသီးနှံများ ဈေးပြန်ကျလာသော်လည်း ကမ္ဘာ့ဆန်ဈေးများ မြင့်တက်နေ
ဂျုံနဲ့ တခြားလယ်ယာကုန်စည်ဈေးတွေ ပြန်ကျလာချိန်မှာ ကမ္ဘာ့ဆန်ဈေးတွေကတော့ မြင့်တက်လျက် ရှိနေပါတယ်။ ဒါဟာ လူသားသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲ သက်ဆင်းစေခဲ့တဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုပြဿနာ အကင်းမသေသေးတဲ့လက္ခဏာ ဖြစ်ပါတယ်။

အာရှဈေးကွက် ရည်ညွှန်းဈေးတစ်ခုဖြစ်တဲ့ ထိုင်းဆန်ဈေးဟာ နှစ်နှစ်နီးပါးအတွင်း အမြင့်ဆုံးအထိ ထိုးတက်ခဲ့ပါတယ်။ ဈေးတက်စေတဲ့ အဓိကအကြောင်းဟာ ဝယ်လိုအားကောင်းမွန်မှုကြောင့် ဖြစ်ပြီး ယူကရိန်းစစ်ပွဲကြောင့် ဂျုံရောင်းအား ပြတ်တောက်ခဲ့တဲ့နောက်ပိုင်း အချို့နိုင်ငံတွေက ဂျုံအစား ဆန်ကို ပိုမိုဝယ်ယူလာကြလို့ပါ။ တချို့ ဆန်တင်သွင်းနိုင်ငံတွေဟာ ပွဲတော်ရာသီတွေ မတိုင်ခင် ဆန်ဖြည့်တင်းဝယ်ယူနေသလို ထိုင်းဘတ်ငွေတန်ဖိုး မြင့်တက်မှုကလည်း ဒေါ်လာနဲ့အရောင်းအဝယ်ပြုလုပ်တဲ့ ဆန်ဈေးတွေကို ကြီးမြင့်လာစေခဲ့ပါတယ်။
ဆန်ဟာ ကမ္ဘာ့လူဦးရေတစ်ဝက်လောက်ရဲ့ အခြေခံအစားအစာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ဂျုံဈေးတွေ စံချိန်တင်မြင့်တက်ခဲ့ပေမဲ့ ဆန်ကတော့ ကျန်သီးနှံတွေနဲ့စာရင် ၂၀၂၂ တစ်လျှောက်လုံး ဈေးတည်ငြိမ်ခဲ့ကာ အာရှတိုက်အတွင်း စားသောက်ကုန်ဈေး မြင့်တက်မှုကို အထိန်းအကွပ်ဖြစ်စေခဲ့ပါတယ်။
အခုလို ဆန်ဈေးတွေ ကြီးမြင့်လာခြင်းက တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်တို့လို ဆန်စားသုံးတဲ့နိုင်ငံတွေက လူဦးရေသန်းထောင်ချီအတွက်တော့ မလိုလားအပ်တဲ့သတင်း ဖြစ်နေပါလိမ့်မယ်။ ကုလသမဂ္ဂကတော့ ဆန်ဈေးတွေတက်လာတာကို အန္တရာယ်တစ်ခုအဖြစ် သတိပေးထားပြီး စားနပ်ရိက္ခာဖူလုံရေးနဲ့ပတ်သက်လို့ နိုးနိုးကြားကြား ရှိကြဖို့ ဆော်သြထားပါတယ်။
ဆန်တင်ပို့မှုဒုတိယအများဆုံး ထိုင်းနိုင်ငံဆီကနေ အီရတ်နဲ့ အင်ဒိုနီးရှားတို့က အများအပြား ဝယ်ယူတယ်လို့ ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ပြောပါတယ်။ "အီရတ်က ကျွန်တော်တို့ဆန်ကို လစဉ် ဝယ်ယူအားပေးနေပါတယ်" လို့ ၎င်းက ပြောပါတယ်။ အရှေ့အလယ်ပိုင်းနိုင်ငံဖြစ်တဲ့ အီရတ်ဟာ ပြီးခဲ့တဲ့နှစ်မှာ ထိုင်းဆန်ဝယ်ယူမှုအများဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ထိုင်းဆန်ဈေးတွေ ပိုပြီး ကြီးမြင့်လာတာကြောင့် အော်ဒါမှာယူမှုတွေတော့ နှေးကွေးလာပါတယ်။ တရုတ်နဲ့ မလေးရှားမှာရှိတဲ့ ဝယ်လက်တွေက ဈေးပိုသက်သာတဲ့ဆီကို ပြောင်းလဲဝယ်ယူလာကြောင်း၊ သီးနှံသစ်တွေ ဈေးကွက်ဝင်ရောက်မဲ့ မတ်လဝန်းကျင်ရောက်ရင်တော့ ဈေးတွေ ပြန်ကျလာနိုင်ကြောင်း Chookiat က ပြောပါတယ်။
အဲဒီအချိန် ဈေးကျလာရင်တောင် ထိုင်းဆန်ဟာ အမျိုးအစားတူ ဗီယက်နမ်ဆန်ထက် ဈေးပိုများနေဦးမယ်လို့ ၎င်းက ပြောပါတယ်။ ထိုင်းဆန် နောက်ဆုံးပေါက်ဈေးဟာ တစ်တန်ကို ၅၂၃ ဒေါ်လာ ဖြစ်ပြီး ၂၀၂၁ မတ်လနောက်ပိုင်း အမြင့်ဆုံးဖြစ်ပါတယ်။ ဗီယက်နမ်ဆန်ဟာ ထိုင်းဆန်ထက် ၁၀ ရာခိုင်နှုန်း ဈေးပိုသက်သာကာ တစ်တန်ကို ၄၅၈ ဒေါ်လာကနေ ၄၆၂ ဒေါ်လာကြားမှာ ရှိနေပါတယ်။
ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းဟာ ယခုနှစ် ထိုင်းဆန်တင်ပို့မှု ခန့်မှန်းချက်ကို အစောပိုင်းက တန်ချိန် ရှစ်သန်း မှန်းထားရာကနေ တန်ချိန် ၇ ဒသမ ၅ သန်းထိ လျှော့ချလိုက်ကြောင်း Chookiat က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ ထိုင်းဆန်တင်ပို့မှုဟာ တန်ချိန် ၇ ဒသမ ၇ သန်းထိ ရောက်ရှိခဲ့ပြီး လေးနှစ်အတွင်း အများဆုံးဖြစ်ကြောင်း ကနဦး ထွက်ရှိထားတဲ့ ပို့ကုန်စာရင်းတွေအရ သိရပါတယ်။
မြန်မာနိုင်ငံမှာလည်း လက်ရှိအနေအထားအရ ဆန်ဈေးတွေဟာ အတက်ပိုင်းမှာဆက်ရှိနေတာ ဖြစ်ပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Soaring Rice Price Shows Food Inflation Still Stalking the World - Bloomberg
ကျော်မော်ဟိန်း
လွန်ခဲ့သော ၃ နှစ် ကမြက်များ
ナィン ナィン
လွန်ခဲ့သော ၃ နှစ် ကပုံထဲက ဆန်က ဂျပွန်နီကာ လားဗျ
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023