အစိမ်းရောင်လမ်း
ထိုင်းနဲ့ညှိပြီး ဆန်ဈေးမြှင့်တင်ဖို့ သဘောတူမထားကြောင်း ဗီယက်နမ် ပြောလာပြန်

ထိုင်းနဲ့ညှိပြီး ဆန်ဈေးမြှင့်တင်ဖို့ သဘောတူမထားကြောင်း ဗီယက်နမ် ပြောလာပြန်

ဗီယက်နမ်နိုင်ငံအနေနဲ့ ထိုင်းနိုင်ငံနဲ့ ညှိနှိုင်းပြီး ဆန်ဈေးမြှင့်တင်သွားဖို့ကိစ္စ သဘောတူညီထားတာမရှိဘူးလို့ ဗီယက်နမ်စိုက်ပျိုးရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၂ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

နှစ်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနတွေဟာ သာမန်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်တွေကိုသာ လုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ ဗီယက်နမ်စိုက်ပျိုးရေးဝန်ကြီး Le Minh Hoan က ဟနွိုင်းမြို့ အစိုးရအစည်းအဝေးအတွင်း ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

ထိုင်း၊ ဗီယက်နမ် နှစ်နိုင်ငံဟာ ကမ္ဘာ့ဈေးကွက်အတွင်း ဆန်ဈေးကို ညှိနှိုင်းမြှင့်တင်ကြဖို့ သဘောတူညီလိုက်ပြီဆိုတဲ့အကြောင်း ထိုင်းအစိုးရတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုပြီးနောက် တစ်လမပြည့်ခင်မှာ ဗီယက်နမ်ဘက်က ဒီကိစ္စနဲ့ ပတ်သက်လို့ ပထမဆုံး ထုတ်ပြန်လာတာဖြစ်ပါတယ်။

နှစ်နိုင်ငံဟာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ မေလအတွင်းက ဆွေးနွေးမှုတွေ စလုပ်ခဲ့ပါတယ်။ ရည်ရွယ် ချက်ကတော့ ကမ္ဘာ့ဆန်ဈေးကွက်အပေါ် ထိန်းချုပ်နိုင်စွမ်းပိုကောင်းလာရေးနဲ့ တောင်သူ လယ်သမားတွေရဲ့ ဝင်ငွေတိုးမြင့်စေရေးတို့ ဖြစ်တယ်လို့ အဲဒီအချိန်တုန်းက ထိုင်းဘက်က ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောဆိုခဲ့ပါတယ်။

ဒီနှစ်နိုင်ငံပေါင်းဟာ ကမ္ဘာ့ဆန် စုစုပေါင်းအနက် ၁၀ ရာခိုင်နှုန်းဝန်းကျင် ထုတ်လုပ်နေပြီး ကမ္ဘာ့တင်ပို့မှုရဲ့ ၂၆ ရာခိုင်နှုန်းခန့် ရောင်းချပေးနေတယ်လို့ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုင်းပို့ကုန်လုပ်ငန်းရှင်တွေကတော့ ဆန်ဈေးညှိနှိုင်းမြှင့်တင်မယ့်ကိစ္စဟာ လက်တွေ့မဖြစ်နိုင်ဘဲ ထိုင်းနဲ့ ဗီယက်နမ်ဆန်တွေ ဈေးကွက်မယှဉ်ပြိုင်နိုင် ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

ဗီယက်နမ်ဆန်တင်ပို့မှုဟာ အရင်နှစ်တုန်းက တန်ချိန် ၆ ဒသမ ၂၄ သန်း ရှိခဲ့ရာကနေ ဒီနှစ်မှာတော့ အားကောင်းတဲ့ ဝယ်လိုအားကြောင့် တန်ချိန် ၆ ဒသမ ၃ သန်းကနေ ၆ ဒသမ ၅ သန်းအထိ မြင့်တက်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း ဗီယက်နမ်စားနပ်ရိက္ခာအဖွဲ့ချုပ်က ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ထားပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Vietnam says not in deal with Thailand to jointly raise rice prices - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....