ဓာတ်ဘဲဖောက်နည်း
ယခုအခါ ဓာတ်ဘဲဖောက်နည်း ကျွမ်းကျင်သူများပြာလာသည့်အတွက် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းများတွင် ဓာတ်ဆိုင်များဖွင့်လှစ်ပြီး ဘဲသားပေါက်များကို နေရာအနှံ့ဖြန့်ဖြူးပေးလျက်ရှိပါသည်။ ဓာတ်ဘဲများ ဖောက်ရာ၌စပါးခွံကို အသုံးပြုကြပါသည်။
အဆင့်(၁)
မျိုးဖောက်မည့် ဘဲဥများကို ဘဲမ ၅ ကောင်နှင့် ဘဲထီး ၁ကောင် အချိုးနှုန်းရှိသော မျိုးဘဲခြံမှရွေးယူပါ။ ဘဲဥခွံထူပြီး ကွဲအက်ခြင်းမရှိရန် လိုအပ်သည်။
အဆင့်(၂)
မျိုးဘဲဥများကို ဖျာကြမ်းပေါ်တင်ပြီး နံနက်ပိုင်းနေပူချိန်ဖြင့် (၃) နာရီမှ (၅) နာရီခန့် လှမ်းထားပါ။ ဘဲဥများပေါ်၌ ရေငွေ့စက်များထွက်လာပြီး ခြောက်သွားသည့်အခါ ပြန်လည်သိမ်းဆည်းပါ။ ဤအဆင့်၌ ဘဲဥများကို ချွေးထုတ်သည်ဟု ခေါ်ပါသည်။
အဆင့်(၃)
စပါးခွံများကို မိုးဗြဲဒယ်ကြီးထဲသို့ထည့်ပြီး ပုံမှန်မီးရှိန်ဖြင့်လှော်ပါ။ စပါးခွံ၏ အပူချိန်ကို လက်ဖြင့်စမ်းသပ်ပြီး အပူဒဏ်ခံနိုင်သည့်အနေအထား (၁၀၇ ဒီဂရီဖာရင်ဟိုက် - ၁၀၈ ဒီဂရီဖာရင်ဟိုက်) ရောက်သည့်အခါ အဝတ်ပုဝါဖြင့် ထုပ်ထားပြီးအဆင်သင့်ပြင်ထားပါ။ စပါးခွံ၏ အပူဓာတ်ဖြင့် ဘဲဥများကို အနွေးပေးရန်ဖြစ်သည်။

အဆင့်(၄)
ဝါးနှီးဖြင့် ယက်လုပ်ထားသော ဘဲဥဖောက်ကျင်းများကို ပြင်ဆင်ထားပါ။ ကျင်း၏အခြင်းမှာ ၁၈ လက်မရှိပြီး ဇောက်အနက်မှာ ၂၄ လက်မရှိရမည်။ အဆိုပါ ဘဲဥဖောက်ကျင်းများကို အလျား ၆ ပေ၊ အနံ ၄ ပေနှင့် ဘောင်အမြင့် ၂ ပေရှိသော ဘဲဥဖောက်စင်ပေါ်တွင် တင်ထားပါ။
ဘဲဥဖောက်ကျင်း ၃ လုံးကို ၂ တန်းတန်းပြီး ဖောက်စင်ပေါ်တွင် အနေတော်စီထားရမည်။
ထို့နောက် ကျင်းတစ်ခုနှင့် တစ်ခုကြားထဲသို့ စပါးခွံများ သိပ်ထားရမည်။ ဘဲဥဖောက်ကျင်း၏ အောက်ဆုံးထပ်၌ အပူပေးထားသော စပါးခွံထုပ်ကို ထည့်ပါ။
ပြီးနောက်ချွေးထုတ်ထားသော ဘဲဥ အလုံး ၉၀ ပါ ဘဲဥထုပ်ကို စပါးခွံအပေါ်တွင် တစ်ထပ်ထပ်ပြီးနောက် စပါးခွံတစ်ထပ် ဘဲဥတစ်ထပ် အလှည့်ကျထည့်သွင်းပါ။
အပေါ်ဆုံး၌ ဘဲဥကိုထည့်ပြီးနောက် ဖောက်စင် (ဝပ်ခြင်း) တစ်ခုလုံးကို စောင်ပါးဖြင့်လွှမ်းခြုံပေးထားပါ။ ဘဲဥကို setting ပြုလုပ်သည့်အဆင့်ဖြစ်သည်။
ဘဲဥများကို တစ်နေ့သုံးကြိမ် လှည့်ပေးပါ။ ရာသီဥတုအေးသောအခါ စပါးခွံထုပ်များကို ပြန်၍ လှော်ပေးပါ။
အဆင့်(၅)
၅ ရက်မြောက်သောအခါ ဘဲဥများကို မျိုးအောင်မအောင်စစ်ဆေးပြီး မျိုးမအောင်သော ဘဲဥများကို ပယ်ရမည်။
မျိုးအောင်ဥများကို အောက်ဆုံးအထပ်တွင်ထားကာ အပေါ်တွင်ချွေးထုတ်ပြီး ဘဲဥအသစ်ကို ထည့်သွင်းပါ။
သန္ဓေရက် ရင့်လာသောအခါတွင် စပါးခွန်လှော်ထည့်ရန် မလိုတော့ဘဲ သန္ဓေဥများကထုတ်သော အပူဓာတ်ဖြင့် လုံလောက်ပါသည်။
ဘဲဥဖောက်ကျင်းထဲ၌ သန္ဓေရက် ၁၈ ရက်ရလာသောအခါ သန္ဓေလောင်းဘဲဥများကို ပေါက်စင်ပေါ်၌ စီထည့်ထားပြီး စောင်ပါးဖြင့် လွှားတင်ထားရမည်။ ပေါက်စင်ပေါ်၌ ၁၀ ရက်ကြာသည့်အခါ ဘဲကလေးများ ပေါက်လာပါသည်။
ဓာတ်ဘဲဖောက်ရာတွင် လိုအပ်သည့်အပူချိန်၊ လေထု၊ ရေငွေ့ပါဝင်မှု လိုအပ်ချက်များတို့ကို ဓာတ်ဆရာများမှ ၎င်းတို့၏ အတွေ့အကြုံဖြင့် လိုအပ်သလို ပြင်ဆင်သွားကြပါသည်။
အတွေ့အကြုံရင့်ပြီး စနစ်တကျဆောင်ရွက်သည့် ဓာတ်ဆရာများအနေဖြင့် ဘဲဥပေါက်နှုန်း ၇၅% ပေါက်ပြီး ၅ ရက် တစ်ကြိမ် ဘဲကလေးများဖောက်နိုင်ပါသည်။
FSWG မှထုတ်ဝေသော 'တစ်ပိုင်တစ်နိုင်ဘဲမွေးမြူနည်း 'စာအုပ်မှကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။
စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျော်ကိုကိုဝင်း
လွန်ခဲ့သော ၇ လ ကပုံရော စာရော ဒီထပ်ပိုပီး တိတိကျကျသိရရင်ပိုကောင်းပါတယ်ဆရာ
Thuta Zaw
လွန်ခဲ့သော ၁ နှစ် ကစာအုပ်ကဘယ်လောက်ပါလဲ။ဘယ်လိုမှာရမလဲသိပါရစေ။
Lay Kyin
လွန်ခဲ့သော ၂ နှစ် ကဘဲဥ မျိုးအောင် မအောင် ဘယ်လိုခွဲခြားသိနိုင်မလဲပြောပြကြပါအုံး
စောသောနေထူး
လွန်ခဲ့သော ၄ နှစ် ကစာအုပ်ဈေးနှုန်းကလေးသိပါရစေ
ဆက်စပ်မေးခွန်းများ
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ
ဟံ • ဖြေကြားချက် 1 ခု
နွား၀အောင် ဘယ်လို ကျွေးမွေးရပါသလည်းခင်ဗျ
နံပတ်2 • ဖြေကြားချက် 1 ခု
နွားဝယ်လာတာနွားကအစားကောင်းမစားအနည်းငယ်သာစားအစားကောင်းလာအောင်ဝလာအောင်ဘယ်လိုလုပ်ရမလဲဖြေပေးကျပါဗျအစားစားလာအောင်အဓိကရှင်းပြပေးပါဆေးနည်းပြောပေးပါ
zin Phyo naung • ဖြေကြားချက် 3 ခု
ဝက်ဝယ်သူတွေမရှိတာဆိုးတယ်နော် ရှိတော့လည်း စျေးနှိမ်ကျတယ် တကယ်အစစ်အမှန်ကုန်သည်နဲ့တွေကျတယ် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် တိုက်စွန်းအောက်အင်းကျေးရွာ အောက်အင်းကျေးရွာကပါ ကူညီကြပါအုန်း အဆက်အသွယ်ကောင်းတွေနဲ့
Han Min Htut • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....