အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အခွံမာရေသတ္တဝါ………..ပုစွန်များအကြောင်း

အခွံမာရေသတ္တဝါ………..ပုစွန်များအကြောင်း

    ပုစွန်မျိုးစိတ်များမှာ ခြေ၊ လက် (၅) စုံပါတဲ့ အခွံမာရေသတ္တဝါ (decapods crustaceans) များဖြစ်ကြပြီး မျိုးပေါင်းစု(Phylum) – Arthropoda, မျိုးစဥ် (order) – Decapoda အောက်တွင် ပါဝင်ပါသည်။ ပုစွန်မျိုးစိတ်များမှာ အမြီးရှည်ရှည်နှင့် မျက်လုံးပြူးသည့် ရေသတ္တဝါလည်း ဖြစ်ပေသည်။

    ပုစွန်အမျိုးအစားပေါင်း မြောက်များစွာရှိကြပါသည်။ ၎င်းတို့မှာ- ပုစွန်ဖြူ၊ ပုစွန်မီးနီ၊ ပုစွန်ဆိတ်၊ ပုစွန်ကျော့၊ ပုစွန်ထုပ်၊ ကင်းပုစွန်၊ ကျောက်ပုစွန်၊ ပုစွန်ကျား စသဖြင့် ရှိကြပါသည်။ ထိုအထဲတွင်မှ ပုစွန်ဆိတ်၊ ပုစွန်ကျော့နှင့် ပုစွန်ကျားအကြောင်းကို တင်ပြပါသည်။

(၁) ပုစွန်ဆိတ်(Shrimp)

    ပုစွန်ဆိတ်များမှာ ပုစွန်ထုပ်ကြီးများကဲ့သို့ ရေနက်ရာပင်လယ်ပိုင်းတွင် မတွေ့ရဘဲ ရေတိမ်၍ သဲမြေရှိရာ မြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် အမြောက်အမြားတွေ့ရပါသည်။

    ပုစွန်မျိုးများမှာ ပုံသဏ္ဍာန်ဆင်တူကြသော်လည်း အရွယ်အစားမတူကြပေ။ ပုစွန်ဆိတ်သည် အကြီးဆုံး (၃)လက်မထိသာ ကြီးထွားကြပါသည်။

    ပုစွန်ဆိတ်၏ ခြေ၊ လက် (၅)စုံအနက် ပထမတစ်စုံမှာ ကြီး၍ ပြားနေပြီး အဖျားတွင် နှစ်ခွဖြစ်၍ ချိတ်ကဲ့သို့ အကောက်ကလေးဖြစ်နေပါသည်။ ထိုအကောက်ကလေးမှာ ၎င်းတို့ထက်ငယ်သော ရေသတ္တဝါလေးများကို ညှပ်၍ စားသောက်ကြရန်ဖြစ်သည်။ ၎င်းပုစွန်ဆိတ်မှာ ဈေးချိုပြီး အာဟာရဓါတ်လည်း ကြွယ်ဝပါသည်။

    ပုစွန်ဆိတ်ကို အစပ်ကြော်စားခြင်း၊ အစိမ်းသုပ်ခြင်း၊ ယိုးဒယားမယ်နှင့် ပုစွန်ဆိတ်ကိုနယ်၍ အကြွပ်ကြော်စားခြင်းအပြင် ပုစွန်ဆိတ်လှော်ထောင်း၊ ပုစွန်ဆိတ်ကြက်ဥပေါင်း၊ ပုစွန်ဆိတ်ငရုတ်သီးကြော်၊ ပင်စိမ်းရွက်ပုစွန်ဆိတ်အစပ်ဟင်း စသဖြင့် ချက်၍စားသုံးကြပါသည်။

(၂) ပုစွန်ကျော့ (medium – sized prawn)

    ပုစွန်ကျော့မှာလည်း ပုစွန်ဆိတ်နည်းတူ ရေနက်ရာပင်လယ်ပိုင်းတွင် တွေ့ရှိမှုနည်းပါးပြီး ရေတိမ်၍ သဲမြေရှိရာ မြစ်၊ ချောင်း၊ အင်း၊ အိုင်တို့တွင် အမြောက်အမြားတွေ့ရပါသည်။ ပုစွန်ကျော့မှာ အလွန်ဆုံး(၅)လက်မထိသာ ကြီးကြပါသည်။

    ပုစွန်ကျော့တွင် အာရုံမှင်(၂)စုံလုံးသည် သေး၍ရှည်သည်။ ပထမနှင့် ဒုတိယခြေ၊ လက်(၂)စုံသည် ပုစွန်ထုပ်ခြေ၊ လက်နှင့်ဆင်တူပါသည်။ ပုစွန်ကျော့၏ ဦးခေါင်းထိပ်မှာမူ ဆူးတောင်ကဲ့သို့ အညွှန့်အတက်နှင့် အချွန်(၁)ခု ထိုးထွက်နေပါသည်။ ပုစွန်ကျော့သည် စိမ်းပြာရောင်ရှိ၍ အညိုစက်ပါရှိသည်။

    ပုစွန်ကျော့လေးများမှာလည်း ဈေးသင့်ပြီးချိုလှပါသည်။ ပုစွန်ကျော့အာလူးကတ်သလိတ်၊ ပုစွန်ကျော့ တန်ပူရာကြော်၊ ပုစွန်ငါးပေါင်းထုပ်၊ ပုစွန်လုံးကြော်၊ ပုစွန်ကျော့အစပ်ဟင်း၊ အချိုချက်၊ ပုစွန်ခရမ်းသီးနှပ် စသဖြင့်ပြုလုပ်၍ စားသုံးကြပါသည်။

(၃) ပုစွန်ကျား (giant tiger shrimp)

    ပုစွန်ကျားမျိုးမှာမူ ကိုယ်ထည်ပြား၍ ပုစွန်ထုပ်လောက် ခေါင်းမကြီးချေ။ အပေါ်အခွံမှာလည်း ပုစွန်ထုပ်လို မထူဘဲ ပါးလွှာကြပါသည်။ အရောင်မှာ စိမ်းညိုရောင်နှင့် အဝါစင်းကျားဖြစ်သည်။ အရွယ်အစားမှာ (၆ – ၈)လက်မအထိရှိကြသည်။ ၎င်းတို့ကို ရေတိမ်ရာ မြစ်၊ ချောင်း၊ စသည်တို့တွင် တွေ့ရပါသည်။

    ပုစွန်ကျားကိုလည်း လူကြိုက်များလှပါသည်။ ဈေးသင့်ပြီး အရသာမှာချိုလှသောကြောင့် ပုစွန်များကို အချိုကြော်၊ အစပ်ကြော်စားခြင်း၊ ပုစွန်တန်ပူရာကြော်၊ ပန်းငရုတ်ပွပုစွန်ကြော်၊ ပင်လယ်စာခေါက်ဆွဲကြော်၊ ကြေးအိုး၊ hot pot၊ ပင်လယ်စာဟင်းလျာများတွင်လည်း ပုစွန်ကျားကိုထည့်ပြီး အသုံးပြုကြပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

 

 

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။