အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြက်ဥဈေးနှုန်းများ တစ်ပတ်အတွင်း အဆမတန်မြင့်တက်လာ

ကြက်ဥဈေးနှုန်းများ တစ်ပတ်အတွင်း အဆမတန်မြင့်တက်လာ

     ရန်ကုန်တိုင်းဒေသကြီးရှိ ကြက်ဥဈေးနှုန်းများ တစ်ပတ်အတွင်း အဆမတန်မြင့်တက်လာကြောင်း ဥစားကြက်မွေးမြူသူများထံမှ သိရသည်။

မနှစ်ကတုန်းက ကြက်သမားတွေ သိပ်မမြတ်ကြပါဘူး။ ရာသီဥတုပူတုန်းကလည်း ပူလို့ဆိုပြီး ကြက်ခြံတွေမှာ ကြက်အသေအပျောက်တွေ များခဲ့တယ်။ ဒီနှစ်ကျတော့ စိတ်ဓာတ်ကျတဲ့သူတွေလည်း ကျကုန်ပြီး ကြက်တွေလျော့မွေးကြကုန်ကြတယ်။ ကြက်ဥ,ဥနှုန်း အနည်းအများကြောင့် ဆိုတာထက် အခုကာလမှာက ဝယ်လိုအားကိုက များနေတာကြောင့် ဈေးတက်ကုန်တာပါ။ အခြေခံလူတန်းစားတွေကျတော့လည်း အားရှိတဲ့အစားအစာက ကြက်ဥပဲရှိတာလေ။ ကိုဗစ်ကို ကာကွယ်စေတယ် ပြောကြတော့ ပိုပြီး ရောင်းအားကောင်းကုန်တာပေါ့။

ဟု ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်မှ ဥစားကြက်မွေးမြူသူ ကိုကျော်ကြီးက ပြောသည်။

     မူလက တစ်လုံးလျှင် (၉၀)ကျပ်မှ (၁၀၀)ကျပ်အတွင်း လက်လီရောင်းချခဲ့သည့် ကြက်ဥအရွယ်အစားများမှာ ယခုအခါ တစ်လုံးလျှင် (၁၂၀)ကျပ်မှ (၁၅၀)ကျပ်အထိ ဈေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။

လက်လီပြန်ရောင်းဖို့အတွက် လိုက်ဝယ်တာတောင် ဝယ်လို့က မရတော့ဘူး။ ကြက်ဥဒိုင်မှာကို ပစ္စည်းက ပြတ်နေတာ။ ဟိုရက်ကတင် တစ်လုံး ၉၀ ကျပ်လောက်ရှိတဲ့ကြက်ဥက အခု နှစ်ရက်အတွင်းမှာကို တစ်လုံး ၁၁၀၊ ၁၂၀ ကျပ်တွေဖြစ်ကုန်တော့ ဘယ်လိုဈေးနဲ့ရောင်းရတော့မလဲ။ ဒါလည်း လူတွေက ဝယ်နေကြတာပဲ။ ဘဲဥက ဒီလောက်ဈေးမတက်ဘူး။ ကြက်ဥက ထိုးတက်နေတာ။

ဟု ရန်ကုန်တိုင်းဒေသကြီးမှ ကြက်ဥ၊ ဘဲဥရောင်းဝယ်ရေးလုပ်ကိုင်သူ ဒေါ်ရီရီစိုးက ပြောသည်။

     ယခုကဲ့သို့ ကြက်ဥဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ COVID ရောဂါပိုး ကူးစက်ပြန့်ပွားမှု ပြန်လည်မြင့်တက်လာပြီးသည့်နောက်၊ လူစုလူဝေးသွားလာခြင်းများ တင်းကြပ်မှုရှိလာပြီး အစာခြောက်များ၊ ကြက်ဥ၊ ဘဲဥ စသည်များ ဝယ်ယူစုဆောင်းမှု များပြားလာခြင်းကြောင့်လည်း ဖြစ်သည်။

1
အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

တရုတ်ဉတွေဝင်နေပါတယ်နော် သတိထားပါ ကြက်ဥတွေကိုနှစ်ပတ် ၁၄ရက်လောက်မဝယ်ဘဲနေကြပါ အရင်စျေးပြန်ရောက်လာပါလိပ်မယ်

You

ဆက်စပ်မေးခွန်းများ

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

အိသူဇာချို • ဖြေကြားချက် 1 ခု

TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 1 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။