ကြက်ခြံတွေမှာ အသေအပျောက်များလို့ အောက်တိုဘာလကစပြီး ကြက်အရှင်ဈေး ဆက်တိုက်မြင့်တက်နေ
ပြည်တွင်း မွေးမြူရေးကဏ္ဍမှာ အသားတိုးကြက် ထုတ်လုပ်မှုလျော့ကျလာပြီး ဝယ်လိုအားများနေတဲ့အတွက် ကြက်အရှင်စျေး ဆက်တိုက် မြင့်တက်လာနေတယ်လို့ ကြက်မွေးမြူရေး လုပ်ကိုင်သူတွေ ဆီကသိရပါတယ်။
အသားတိုးကြက် အရှင်စျေးနှုန်းသည် အောက်တိုဘာလမှစပြီး ယခု နိုဝင်ဘာလအထိ စျေးတန်း ဆက်တိုက်မြင့်တက်လာနေပြီး တစ်ပိဿာကို ၅၀၀၀ ကျပ်လောက်အထိ မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။
ကြက်အရှင်စျေးနှုန်းက နေရာဒေသအလိုက် စျေးနှုန်းကွာခြားမှုရှိနေပြီး လက်ရှိမှာ အမြင့်ဆုံးစျေးနှုန်း တစ်ပိဿာကို ၁၉၅၀၀ ကျပ်ဝန်းကျင်လောက်အထိ စျေးမြင့်လာနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ကြက်အရှင် စျေးနှုန်းသည် စစ်ကိုင်း စျေးကွက်မှာ အောက်တိုဘာလ ပထမပတ်က တစ်ပိဿာကို ၁၃၅၀၀ ကျပ်သာရှိခဲ့ပြီး ယခု နိုဝင်ဘာလမှာတော့ တစ်ပိဿာကို ၁၉၅၀၀ ကျပ်အထိ မြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။

" အောက်တိုဘာ အစကနေ တက်လာလိုက်တဲ့ ကြက်စျေးက ဆက်တိုက်ပဲ။ တစ်ပတ်ကို ရက်ခြားဆိုသလိုဆက်တိုက်တက်နေတာ။ မွေးမြူရေး ခြံတိုင်းကလည်း ကြက်မထည့်နိုင်တော့ ကြက်ကြီးရှားပြီး စျေးတက်လာတာပါ။ ခုထိတက်နေတုန်းပဲ " လို့ စစ်ကိုင်းမှ ကြက်မွေးမြူရေး လုပ်ကိုင်သူ တစ်ဦးကပြောပါတယ်။
လက်ရှိ အသားတိုးကြက် မွေးမြူရေးခြံတွေမှာ ကြက်တွေ ရောဂါဖြစ်ပွားမှုရှိပြီး ကြက်ပေါက်ရက်သား ကာလမှာပင် သေဆုံးမှုများပြားနေတာကြောင့် ကြက်ကြီး ရှားလာခြင်း၊ ကြက်ခြံသမားတိုင်း ကြက်ပေါက် မထည့်နိုင်ခြင်းစတဲ့ အခြေအနေတွေကြုံတွေ့နေရတယ်လို့ မွေးမြူရေးလုပ်ကိုင်သူတွေက ဆိုပါတယ်။
ထို့အပြင် မွေးမြူရေးအစာ စျေးနှုန်းမြင့်တက်ခြင်း၊ ကြက်ထွက်နှုန်း မကောင်းခြင်း၊ ကြက်ထုတ်လုပ်မှုကုန်ကျစရိတ်တွေ မြင့်တက်ခြင်းကြောင့်လည်း ကြက်မွေးမြူသူများ လျော့ကျနေတယ်လို့ သိရပါတယ်။
" အခုရက်ပိုင်း ကြက်ခြံတွေမှာ အသေအပျောက်တွေ များတယ်။ ကြက်ကြီးအထိ မဖြစ်ကြတော့ ရောင်းလိုအားနည်းပြီး ဝယ်လိုအားရှိတဲ့အတွက် သဘောရှိတယ် " လို့ မန္တလေးမှ ကြက်ပေါက်ရောင်းဝယ်ရေးလုပ်ကိုင်သူ တစ်ဦးမှပြောပါတယ်။
လက်ရှိကာလသည် မိုးရာသီမှ ဆောင်းရာသီကို ရာသီအကူးပြောင်း ကာလဖြစ်တဲ့အတွက် ကြက်ခြံတွေမှာ ရောဂါပိုးကျရောက်မှု ဖြစ်ပွားမှုရှိနေတာ ဖြစ်ကြောင်းနဲ့ ကြက်ခြံတခုကို ကူးစက်ရောဂါကျရောက်ပါက ရောဂါဖြစ်ပွားတဲ့ကြက်ကို အချိန်မီကုသရေးနဲ့ ကာကွယ်ရေး မပြုလုပ်နိုင်ပါက ခြံရှိ ကြက်အားလုံး ရောဂါကူးစက်ပြီး သေဆုံးနိုင်တာဖြစ်တယ်လို့သိရပါတယ် ။
ကြက်အရှင်စျေး မြင့်တက်လာတဲ့အတွက် ကြက်သားစျေးနှုန်းကလည်း ဆက်တိုက်ဆိုသလို မြင့်တက်လာပြီး ကြက်အသားသီးသန့် ( အသားလွှာ) ဆိုရင် အရင်က တစ်ပိဿာကို ၂၉၀၀၀ ကျပ်နှုန်းသာရှိရာကနေ လက်ရှိမှာတော့ တစ်ပိဿာကို ၃၆၀၀၀ ကျပ်အထိ ရှိလာတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကြက် အသားသီးသန့်အပြင် အခြား ကြက်ပေါင်၊ ကြက်ခြေထောက်၊ ကြက်ရင်အုံစတဲ့ ကြက်သားအလိုက် စျေးနှုန်းအသီးသီး မြင့်တက်လာနေတာ ဖြစ်တယ်လို့ သိရပါတယ်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....