အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သယ်ယူပို့ဆောင်ရေးအခက်အခဲများရှိသော်လည်း ဘဲသားပေါက်ဈေး အတက်အကျရှိ

သယ်ယူပို့ဆောင်ရေးအခက်အခဲများရှိသော်လည်း ဘဲသားပေါက်ဈေး အတက်အကျရှိ

    သယ်ယူပို့ဆောင်ရေးအခက်အခဲများရှိနေသော်လည်း ဘဲသားပေါက်ဈေးနှုန်းများ အတက်အကျရှိကြောင်း စီးပွားဖြစ် ဘဲမွေးမြူထုတ်လုပ်သူများထံမှ သိရသည်။

COVID-19 ကာလ သွားလာမရလို့ ဘဲပေါက်မရောင်းရတာဘဲရှိတယ်။ ဘဲမျိုးဈေးက အမြဲအတက်အကျ ရှိနေပါတယ်။ မျိုးမြင့်တာက ဈေးပိုကြီးတယ်။ ငွေကြေးအကုန်အကျခံ မျိုးသွင်းထားတဲ့သူတွေနဲ့ ကိုယ်တိုင်ဖောက်တဲ့သူတွေနဲ့ ယှဉ်ရောင်းကြတာပါ။ တောင်သူတွေက မျိုးလိုချင်ရင် မခက်ပါဘူး။ အပတ်တိုင်းဖောက်နေပါတယ်။

ဟု မကွေးတိုင်း၊ စလင်းမြို့နယ်မှ ဘဲမွေးမြူထုတ်လုပ်ရေးလုပ်ကိုင်သူ ကိုအောင်ကိုဦး က ပြောသည်။

    ပြည်ပမှတင်သွင်းလာသည့် မျိုးမြင့်ဘဲသားပေါက်များနှင့် ပြည်တွင်း၌ ပြန်လည် သားဖောက်ရောင်းချသည့် ဘဲသားပေါက်များရှိနေပြီး မျိုးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှု ရှိနေသည်။ 

သားဖောက်တာက ဈေးကြီးတယ်ဆိုတာက နိုင်ငံခြားက မျိုးသွင်းရတာမို့လို့ပါ။ နိုင်ငံခြားကမျိုးက F1 ပါ။ သူ့ကိုသားဖောက်တာ ဈေးကြီးပါတယ်။ F1 မျိုးကိုပဲ ဝယ်သားဖောက်ရင် F2 ရတယ်။ ပုံမှန်မျိုးဈေးရဲ့ တစ်ဝက်ဈေးနဲ့ရောင်းကြတယ်။ မျိုးသွင်းတဲ့သူက ရှားပါတယ်။ လက်ချိုးရေလို့ရတယ်။ ဈေးကွက်ထဲမှာက ထိုင်းဘဲဆိုပြီးရော၊ အများဆုံးရောင်းနေကြတာများတယ်။

ဟု ကိုအောင်ကိုဦး က ဆက်လက်ပြောသည်။

    ဘဲသားပေါက်ဈေးနှုန်းများအနေဖြင့် ဘဲသားလေးတစ်ကောင်လျှင် ကျပ် (၁,၆၀၀) မှ ကျပ် (၂,၀၀၀) ကျော်အထိ ဈေးနှုန်းများရှိနေကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

3
Kyaw Thu Naing

Kyaw Thu Naing

လွန်ခဲ့သော ၄ နှစ် က

ဘဲသားပေါက် ရချင်တယ် ဆက်သွယ်ရမယ့် နေရာနဲ့ ဖုန်းနံပတ် ပြောပေးပါခင်ဗျ

Tun.Tun

Tun.Tun

လွန်ခဲ့သော ၅ နှစ် က

ဘဲမွေးမြူရေးလုပ်မယ်ဆို ဘာတွေလိုအပ်ပါသလဲ ရေအိုင်တွေလိုလား အသေးစိတ်သိချင်ပါတယ်

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

ဘဲသားပေါက်ရချင်ရင် ဆက်သွယ်ရမယ့်ဖုနးနံ ပါတ်မရှိဘူးလားခင်ဗျား ရှိရင်သိချင်ပါတယ်

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။