မွေးမြူရေးငါးတန်ကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ရန် လုပ်ဆောင်နေ
မြန်မာ့မွေးမြူရေးငါးတန်ကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ရန် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် ဆောင် ရွက်နေခြင်းကြောင့် လက်ရှိအချိန်တွင် ငါးတန်မွေးမြူရေးကို အကြီးအကျယ် လုပ်ကိုင်ခြင်းမပြုသင့်ကြောင်း မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
လက်ရှိတွင် မွေးမြူရေးငါးတန်ကို တရားဝင်တင်ပို့ခွင့် ရရှိရန်အတွက် တရုတ်နိုင်ငံရှိ General Administration of Custom of China (GACC) နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၅ ရက်က တရုတ်နိုင်ငံအခြေစိုက် မြန်မာသံရုံး စီးပွားရေးသံမှူးမှတစ်ဆင့် စာတင်ပြထားသော်လည်း လက်ရှိအချိန်ထိ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
"တရုတ်ကို သွားလို့မရသေးဘူးဆိုတဲ့ အဟန့်အတားလေးတွေ ရှိနေတဲ့အခါကြတော့ ငါးလုပ်ငန်းအဖွဲ့ချုပ်ကပဲ ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ပြီးတော့ တရုတ်နိုင်ငံ သွားနိုင်အောင် လုပ်နေတယ်။ ဒါပေမယ့် အဲ့ process က မပြီးသေးဘူး။ အဲ့ဒါကြောင့် တရားဝင်သွားဖို့ နည်းနည်းခက်နေတယ်။ အဲ့ဒါကြောင့် အခုလောလောဆယ် ငါးတန်ကို အကြီးအကျယ်မွေးမယ်ဆိုလို့ရှိရင် မမွေးသင့်သေးတဲ့ အချိန်လို့ ပြောချင်ပါတယ်။" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတာတိုးနန္ဒာတင်က ပြောသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ဇွန်လ ၂၈ ရက်က ကျင်းပပြုလုပ်သည့် ၁၁/၂၀၁၉ ကြိမ်မြောက် ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် Export အလားအလာရှိသော မွေးမြူရေးငါးများအား တရုတ်အပါအဝင် အာဆီယံနိုင်ငံများသို့ လေ့လာမှုပြုလုပ်ရာတွင် Export အလားအလာ အကောင်းဆုံးသည် မွေးမြူရလွယ်ခြင်း၊ ကြီးထွားနှုန်းမြန်ခြင်း၊ အသားဖြူ၍ နိုင်ငံတကာ လက်သင့်ခံသော မွေးမြူငါးမှာ ငါးတန်ဖြစ်သည့်အတွက် ငါးတန်မွေးမြူခြင်းကို စတင်လုပ်ကိုင်မည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။
“အဲ့ဒါကြောင့် export အတွက်မွေးမယ်ဆိုရင် ထိန်းထိန်းသိမ်းသိမ်းမွေးဖို့ လိုသေးတယ်။ အခုလောလောဆယ် ပိုလျှံဖြစ်ပြီး ရှုံးနေတယ်လို့ ကြားတယ်။ ဘာလို့လဲဆို တော့ Export မသွားနိုင်သေးဘူးလေ။ Export သွားနိုင်တဲ့သူက သူ့နည်းသူ့ဟန်နဲ့ သူမွေးထားတဲ့အတွက်ကြောင့် သူသည် ပြဿနာမရှိဘူး။ ဒါပေမယ့် ကိုယ်က အပြင်ကဖောက်ပြီး မွေးတဲ့သူက Export မသွားနိုင်သေးဘူးဆိုရင် ဈေးကောင်းရမှာ မဟုတ်ဘူး။” ဟု ဒေါ်တိုးနန္ဒာတင် က ပြောသည်။
သို့သော် Export အတွက်ရည်ရွယ်၍ မွေးမြူထုတ်လုပ်သော မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်ပဈေးကွက်အနေအထား မည်ကဲ့သို့ရှိသည်ကို ချိန်ဆ မွေးမြူထုတ်လုပ်ရမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံတွင် မွေးမြူထားသည့် Pangasius Hypopth almus မျိုးစိတ်ကို ကွန်တိန်နာတစ်လုံး စမ်းသပ်တင်ပို့ရာတွင် တရုတ်နိုင်ငံ၏ ဝက်ဆိုဒ်စာမျက် နှာ၌ မှတ်ပုံတင်ထားခြင်းမရှိ၍ နားလည်မှုဖြင့်သာ တင်ပို့ခဲ့ရကြောင်း သိရသည်။
တရုတ်နိုင်ငံရှိ General Administration of Custom of China (GACC) နှင့် တွေ့ဆုံခွင့်ရရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ အပါအဝင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများမှ သွားရောက် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....