ဒီဇင်ဘာလအတွင်း ကြက်အရှင်စျေး တစ်ပိဿာ ၅၅၀၀ အထိ ထပ်မံကျဆင်း
ပြည်တွင်းကြက်မွေးမြူရေးကဏ္ဍမှာ အသားတိုး ကြက်အရှင်စျေးက ယခုဒီဇင်ဘာလအထိ ဆက်တိုက်ကျဆင်းလာပြီး တစ်ပိဿာကို အများဆုံး ၅၅ ၀၀ ကျပ်လောက်အထိ ထပ်ကျသွားတယ်လို့ မွေးမြူရေးလုပ်ကိုင်သူတွေဆီမှ သိရပါတယ်။
ယခု နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ ကြက်အရှင်စျေးတွေက စစ်ကိုင်းတွင် တစ်ပိဿာကို ၁၀၀၀၀ ကျပ် ၊ မန္တလေးကြက်အရှင်စျေးတွင် တစ်ပိဿာကို ၉၃၀၀ ကျပ်သာရှိ ပြီး ကျောက်ဆည်စျေးတွင်လည်း တစ်ပိဿာ ၉၅၀၀ ကျပ် ရှိကာ မိတ္ထီလာမြို့တော့ ကြက်အရှင် စျေးက ၉၅၀၀ ၊ ကျောက်ပန်းတောင်းက ၉၆၀၀ ကျပ် ၊ မကွေးက ၉၈၅၀ ကျပ် ၊ မုံရွာက ၉၅၅၀ ကျပ်သာ ရှိတော့တယ်လို့ သိရပါတယ်။
အလားတူ ရန်ကုန်မှာလည်း လက်ရှိ ကြက်အရှင်စျေးက တစ်ပိဿာကို ၉၁၀၀ မှ ၉၃၀၀ ကျပ်သာ ရှိပါတယ်။
ပြီးခဲ့တဲ နိုဝင်ဘာလ ၂၄ ရက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကြက်အရှင် စျေးနှုန်းက စစ်ကိုင်းမှာ ကြက်အရှင်စျေးက တစ်ပိဿာကို ၁၅၅၀၀ ကျပ်၊ မန္တလေး နဲ့ ကျောက်ဆည် ၊ မြင်းခြံ ဒေသတွေရဲ့ ကြက်အရှင်စျေးက တစ်ပိဿာကို ၁၄၇၀၀ ကျပ်ရှိခဲ့ ပြီး မိတ္ထီလာ စျေးက ၁၄၀၀၀ ၊ ကျောက်ပန်းတောင်းက ၁၄၅၀၀ ကျပ် ၊ မကွေးက ၁၃၈၅၀ ကျပ် ၊ မုံရွာက ၁၄၁၅၀ ကျပ် ရှိခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကြက်အရှင် စျေး က ၁၄၁၀၀ ကျပ် ရှိခဲ့တာဖြစ်ပါတယ်။
ထို့ ကြောင့် ယခင်လ နိုဝင်ဘာလ ၂၄ ရက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကြက်အရှင် စျေးနှုန်းနဲ့ ယခု နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ စျေးကွက်ကို ယှဥ်ကြည့်ပါက တစ်လနီးပါး အတွင်း ၄၀၀၀ မှ ၅၅၀၀ ကျပ်လောက်အထိ ကျဆင်းသွားတာ ကိုစျေးကွက်အရ သိရပါတယ်။

" ကြက်အရှင်စျေးက ဆက်တိုက်ကျလာပြီး အခုတော့ အကျမှာ ရပ်နေတယ်။ ကြက်တွေ ရောဂါဝင်ပေမယ့် ကြက်ကြီးက စျေးကွက်ထဲ အဝင်များနေတော့ စျေးကျနေတာပါ " လို့ ကြက်မွေးမြူရေး လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။
အသားစျေးကွက်ထဲကို ကြက်ကြီးတွေ ဝင်ရောက်မှု များနေတဲ့အတွက် စျေးဆက်တိုက် ကျဆင်းနေတာဖြစ်ကြောင်း ၊ ကြက်အရှင်စျေး ကျဆင်းနေတဲ့ အတွက် မွေးမြူရေးသမားတွေမှာ အဆင်မပြေ ကြဘူးလို့လည်း သိရပါတယ်။
ကြက်မွေးမြူရေး ခြံတွေမှာ ယခုအထိ ကြက်ငယ်တွေ ရောဂါဖြစ်ပွားမှု ရှိနေဆဲ ဖြစ်သလို မွေးမြူရေး အစာစျေးနှုန်းတွေကလည်း မြင့်တက်နေတာ ကြောင့် ယခုဖြစ်ပေါ်နေတဲ့ ကြက်အရှင်စျေးနှုန်းက တွက်ချေမကိုက်ဘူး လို့သိရပါတယ်။
လက်ရှိမှာတော့ ကြက်အရှင်စျေး ကျဆင်းမှုနဲအတူ ကြက်သားစျေးကလည်း အသားသီးသန့် ( အရိုးမပါ) တစ်ပိဿာ ၂၇၀၀၀ ကျပ် ရှိပြီး ကြက်အပေါ်ပိုင်း အသား ရင်ညွှန့်ရိုးပါတာက ၂၃၀၀၀ ကျပ်နဲ့ ပေါင်က ၂၀၀၀၀ စျေးအထိ ပြန်ကျသွားပါတယ်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မွေးမြူရေးသတင်း
Min Myat Noe
လွန်ခဲ့သော ၄ လ ကအခုဈေးဘယ်လောက်ဖြစ်နေလဲမသိဘူး
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....