ပြည်ပနိုင်ငံများမှ GAqP စနစ်ဖြင့်မွေးမြူသော မြန်မာ့ရေထွက်ပစ္စည်းများသာ တင်ပို့ရန် တောင်းဆိုလာ
မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းများကို တင်ပို့ရာတွင် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) စနစ်ဖြင့် မွေးမြူထားသည့် မွေးမြူရေးပစ္စည်းများကိုသာ တင်ပို့ရန်အတွက် ပြည်ပနိုင်ငံများ တောင်းဆိုလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
အဆိုပါ GAqP စနစ်ကို ပြည်တွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် ကျင့်သုံး မွေးမြူထုတ်လုပ်နိုင်ပါက ပြည်ပဈေးကွက်ဝယ် လိုအား တိုးတက်လာနိုင်သည့်အပြင် ပြည်တွင်း ငါးမွေးမြူရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း သိရသည်။
"မွေးမြူထားတဲ့ငါးက GAqP စနစ်နဲ့ မဟုတ်ပဲ ဖြစ်သလိုပေါ့။ ရေသွင်းတာရော ရေထုတ်တာရော တစ်နေရာထဲမှာ အသုံးပြုမယ်ဆိုရင် ဒီရေက သန့်ရှင်းမရှိဘူး။ သန့်ရှင်းမှုမရှိဘူးဆိုရင် ငါးတွေမှာ ရောဂါရှိလာနိုင်တယ်။ အဲ့လိုရောဂါရှိတဲ့ငါးကို ဘယ်သူကဝယ်မှာလဲ။ ကျွန်တော်တို့လည်း ရောဂါကင်းတာပဲ လိုချင်တာပဲ။ အဲ့လိုပဲ Customer တွေကလည်း သူတို့နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ရောဂါကင်းတဲ့ ငါးကိုပဲ လိုချင်တဲ့အတွက် GAqP လက်မှတ်ရှိတဲ့ ကန်ကငါးတွေပဲ တင်ပို့ဖို့ နောက်ဆုံးပိတ် တောင်း ဆိုလာတဲ့ အတိုင်းအတာဖြစ်ပါတယ်။ ဒါကတော့ Customer အားလုံးပါပဲ။" ဟု ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးလှဌေးက ပြောသည်။
လက်ရှိတွင် ပြည်ပသို့ ရေထွက်ကုန်များ တင်ပို့လျက်ရှိသော လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် ငါးကန်အချို့တွင် GAqP စနစ် ကျင့်သုံးဆောင်ရွက်လျက်ရှိပြီး ငါးလုပ်ငန်းဦးစီးဌာနသည် GIZ နှင့် ပူးပေါင်း၍ GAqP စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"နိုင်ငံတကာက Customer တွေက တောင်းနေပြီ။ အခု ဆော်ဒီက လာမယ်ဆိုရင် ကျွန်တော်တို့ ပြရမယ့်ကန်တွေက GAqP ရပြီးသား ကန်တွေကို ပြရမယ်။ ဒါက ကျွန် တော်တို့ ဆောင်ရွက်နေတဲ့ အတိုင်းအတာပါ။ သူတို့ကလည်း မေးမှာပဲ၊ ဒီကန်တွေက GAqP Certificate ရှိသလား။ ဒါကိုပြန်ဖြေဖို့ ကျွန်တော်တို့ ကြိုးစားနေရတယ်။" ဟု ဦးလှဌေးက ပြောသည်။
မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် GAqP အစစ်ဆေးခံချင်ပါက ငါးလုပ်ငန်းဦးစီးဌာနမှ ပထမဦး ဆုံး GAqP သင် တန်းပေးမည်ဖြစ်ပြီး ယင်း GAqP လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ထားသော မွေးမြူရေးကန်များသို့ ကွင်းစစ်ဆေး၍ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီပါက GAqP Certificate ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"အခုနောက်ပိုင်း နိုင်ငံတော်တော်များများက export နဲ့ ပတ်သက်ပြီး သတ်မှတ်ချက်တွေ များလာတယ်။ လက်ရှိမှာ ဆော်ဒီဆိုရင်လည်း food safetyနဲ့ ပတ်သက်ပြီး ပိတ်ထားတယ်။ ဆော်ဒီနိုင်ငံ SFDA အဖွဲ့က မြန်မာ့ရေထွက်ပစ္စည်း တင်ပို့မှုကို ပြီးခဲ့တဲ့နှစ် ဧပြီလထဲကနေပြီး ဒီကနေ့အချိန်ထိ ပိတ်ထားတာပါ။ မွေးမြူရေးကန်တွေမှာ GAqP စနစ် အကောင်အထည်ဖော်ထားတာရှိ မရှိကို စစ်ဆေးခံပြီးတော့မှ ပြန်လည်တင်ပို့ခွင့် ရှိမှာဖြစ်တယ်။ အီးယူကို သွားမယ်ဆိုရင်လည်း GAqP စနစ် ကျင့်သုံးတဲ့ မွေးကန်တွေကငါးတွေပဲ သွားလို့ရမှာ။ ဒါကြောင့် GAqP စနစ်က ပြည်တွင်း ငါးမွေးကန်အားလုံးမှာ ကျင့်သုံးနိုင်အောင် ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါမှလည်း မြန်မာ့ရေထွက်ကုန် ကို လွယ်လွယ်ကူကူ အစစ်ဆေးခံနိုင်ပြီးတော့ တင်ပို့နိုင် မှာဖြစ်တယ်။" ဟု ရေထွက်ကုန်ပစ္စည်းနှင့် ပို့ကုန်လုပ်ငန်းရှင် ဦးခင်ဇော်က ပြော သည်။
ထို့အပြင် ပြည်ပသို့ ရေထွက်ပစ္စည်းများ တင်ပို့ရာတွင်လည်း လက်ရှိတွင် ငါးမြစ်ချင်းငါး တစ်မျိုးတည်းကိုသာ အဓိကတင်ပို့နေရခြင်းဖြစ်ပြီး လက်ရှိတစ်နှစ်အတွင်း ငါးမြစ်ချင်းဈေးကွက် ပျောက်ဆုံးနေခြင်းကြောင့် ပြည်တွင်း ငါးမွေးမြူ ရေးလုပ်ငန်းရှင်များအနေဖြင့် ကမ္ဘာ့နိုင်ငံများက စားသုံးမှုများ ပြားသော ငါးအမျိုးအစားများကိုသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026