ပြည်တွင်း ကဏာန်းကုန်ကြမ်းရှားပါးလာ၍ ၁၀၀ ဂရမ်အောက် အခွံမာကဏာန်းများ ပြည်ပတင်ပို့မှုကို နိုင်ငံတော်အနေဖြင့် ကန့်သတ်သင့်
ရန်ကုန်၊ ဇူလိုင် ၁၈ ရက်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ကဏာန်းတင်ပို့မှု များလာခြင်းကြောင့် ပြည်တွင်း၌ ကဏာန်းကုန်ကြမ်းရှားပါးလာ၍ ၁၀၀ ဂရမ်အောက် အခွံမာကဏာန်းများ ပြည်ပတင်ပို့မှုကို နိုင်ငံတော်အစိုးရအနေဖြင့် ကန့်သတ်သင့်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
ယင်းကဲ့သို့ တားမြစ်နိုင်မှသာ အခွံပျော့ကဏာန်းနှင့် အခွံမာကဏာန်း ထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်လာမည်ဖြစ်ပြီး ပြည်တွင်းမှ ရေသယံဇာတများ ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ကဏန်းတင်ပို့ရေးအပိုင်းတွင် အခွံမာနှင့် အခွံပျော့နှစ်မျိုးလုံး တင်ပို့နေရသည့်အတွက် ဈေးကွက်ခိုင်မာသည့် ကဏာန်းကို စနစ်တကျ မွေးမြူရန်လိုအပ်ကြောင်း သိရသည်။
"အရင်တုန်းက ၁၀၀ ဂရမ်အောက်ဆိုရင် မဖမ်းရဘူး၊ မတင်ပို့ရဘူး ကန့်သတ်ထားတယ်။ ဒါကို အရင်အစိုးရက ဖြေလျှော့လိုက်တော့ ပြည်ပကို ၁၀၀ ဂရမ်အောက်လည်းထွက်တယ်။ ၁၀၀ ဂရမ်အထက်လည်း ထွက်နေတယ်။ ဘာမှ အတားအဆီးမရှိတဲ့အခါကျတော့ အခုကဏာန်းပျော့မွေးမယ့် ကုန်ကြမ်းလည်ပတ်မှုက လိုအပ်လာပြီ။ ကဏာန်းက ဖောက်လုပ်လည်းမရဘူး။ သဘာဝက ပေါက်လာတဲ့ အရာဖြစ်တယ်။ အဲ့ဒါကို အစိုးရက ပြန်ကန့်သတ်ဖို့လိုတယ်။ ကဏာန်းအခွံမာပို့တာကတော့ ၁၀၀ ဂရမ် အထက်၊ ၁၀၀ ဂရမ်အောက်ကိုတော့ အခွံပျော့မွေးမြူဖို့ ပြန်သုံးဒါဆိုရင် ဟန်ချက်ညီသွားပြီ။” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် ကပြောသည်။
လက်ရှိတွင် ပြည်ပပညာရှင်များနှင့် ဒေသခံတို့ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကဏာန်းပျော့ သားဖောက်ခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပြီး အောင်မြင်ပါက တစ်ဆင့်ပြန်လည်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်မည့်အပြင် ဒီရေတောများတွင်လည်း လွှတ်ပေးရန် ပြင်ဆင်ထားကြောင်း သိရသည်။
ကဏာန်းပျော့ မွေးမြူရေးလုပ်ငန်းမှာ လုပ်သားအင်အား အများအပြား အသုံးပြုရသည့်အတွက် အဆိုပါလုပ်ငန်းများ ဖွံ့ဖြိုးလာပါက အလုပ်အကိုင်အခွင့်အလမ်းများလည်း များပြားလာမည်ဖြစ်ပြီး ပြည်ပဈေးကွက်တွင် အလားအလာကောင်းသည့် ထုတ်ကုန်ဖြစ်သောကြောင့် ပို့ကုန်ကဏ္ဍလည်း တိုးမြင့်လာမည်ဖြစ်ကြောင်း သိရသည်။
"ဆယ်စုနှစ်အတွင်းမှာ ကဏာန်းထုတ်လုပ်ရေး လုပ်ငန်းတွေက မြင့်တက်လာတယ်။ လုပ်ငန်းတွေက ကြီးလာပေမယ့် ကဏာန်းဆိုတာ ငါး၊ ပုစွန်တွေလို ဖောက်လို့မရတဲ့အတွက် သဘာ၀ကဏာန်းတွေကိုပဲ ယူပြီးမွေးရတယ်။ ဂရမ် ၁၀၀ လောက်ရှိတဲ့ ကဏာန်းတွေကို မွေးတယ်။ ပျော့နေတဲ့အချိန်မှာ အေးခဲပြီး ပြည်ပကိုတင်ပို့တယ်။ ဒီဈေးကွက်က အရမ်းကိုကျယ်ပြန့်နေပြီ။" ဟု ဦးဝင်းကြိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် မွေးမြူထုတ်လုပ်နေသည့် ကဏာန်းများကို နိုင်ငံအနှံ့အပြားသို့ တင်ပို့နိုင်သည့်အတွက် ဈေးကောင်းရရှိနေပြီး ယခုနှစ်ပိုင်းအတွင်း အရောင်းအမြင့်ဆုံး ထုတ်ကုန်တစ်ခုဖြစ်လာကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကဏာန်းပျော့မွေးမြူခြင်းအား တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့၊ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူ ၊ သံတွဲ အစရှိသည့် မြို့နယ်များ၌ မွေးမြူရေးဇုန်အဖြစ် ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်လျက်ရှိပြီး ဥရောပနိုင်ငံများအပြင် အရှေ့တောင်အာရှနိုင်ငံများသို့လည်း တင်ပို့ရောင်းချနေမှုများရှိကြောင်း သိရသည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....