အယ်လ်နီညိုဖြစ်ဖူးသောနှစ်များနှင့် မုတ်သုံလေဆက်စပ်မှု
တောင်အမေရိကတိုက်နဲ့ ဩစတေးလျတိုက်တို့ကို ဆက်စပ်ထားသောတောင်ပိုင်းလေထုလည်ပတ်မှု(Southern Oscillation) သည် အယ်လ်နီညိုဖြစ်သည့်အချိန်နှင့် ဆက်စပ်သည့်အခါ "တောင်ပိုင်းလေထုလည်ပတ်မှုပုံစံပျက်စီးခြင်း"ဖြစ်သည်။ ဤအခြေအနေကို လေ့လာမှတ်တမ်းယူပြီး ကမ္ဘာ့ရာသီဥတုဖြစ်ပေါ်ပြောင်းလဲမှုများကို ရက်နီး/ရက်ဝေးခန့်မှန်းများဆောင်ရွက်ရာ အယ်လ်နီညိုနှင့် တောင်ပိုင်လေထုဆက်စပ်မှုများကို လေ့လာရာတွင် El Nino + Southern Oscillation => El Nino Southern Oscillation - ENSO ဟု ခေါ်ကြကာ၊ အယ်လ်နီညို ဖြစ်သောနှစ်များကို "ENSO YEAR"ဟုပင် အမည်ပေးထားကြသည်။
အယ်လ်နီညိုနှင့် မြန်မာ့မိုးရာသီဆက်စပ်ပုံ
၁၉၈၂ ခုနှစ်က ဖြစ်ခဲ့သော အားအလွန်ကောင်းသည့် အယ်လ်နီညိုသက်ရောက်မှုကြောင့် ကမ္ဘာတဝှမ်းလုံးတွင် ရာသီဥတုများ ကမောက်ကမဖြစ်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ၁၉၈၂ ခုနှစ်မှ ၁၉၉၈ ခုနှစ် အထိ မိုးဆက်တိုက်လျော့နည်းခဲ့သည်။
ဖေဖော်ဝါရီလတွင် ဥရောပအလယ်ပိုင်း၌ရေကြီးပါက မေလအတွင်း မြန်မာနိုင်ငံသို့ မုတ်သုံဝင်ရောက်ခြင်း နောက်ကျတတ်သည်။ မုတ်သုံအားလည်းနည်းနေတတ်သည်။ မိုးရွာသွန်းမှုလည်း နည်းနေတတ်၏။ ထို့အပြင် ဒီဇင်ဘာလတွင် တောင်အမေရိကတိုက်နိုင်ငံများ၌ မိုးများပြီး ရေကြီးပါက အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံသို့အဝင်နောက်ကျပြီး၊ ဆောင်းရာသီကာလအတွင်း အိန္ဒိယနိုင်ငံအနောက်မြောက်ဒေသများ၌ အအေးပေါ့နေခဲ့လျှင် နောက်နှစ်မိုးရာသီအတွင်း မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေအဝင်စောကာ မိုးဦးလည်းကောင်းတတ်လေသည်။
၂၀၂၄ ခုနှစ် ဥရောပတခွင်တွင် အယ်လ်နီညိုသက်ရောက်မှုကြောင့် ရေနှင့်ပတ်သက်သည့် သဘာဝဘေးများဖြစ်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းက အယ်လ်နီညို၏သက်ရောက်မှုကြောင့် ပင်လယ်ရေမျက်နှာပြင်အပူချိန်မြင့်တက်မှုဖြစ်ပြီး ဥရောပနိုင်ငံများတွင် ဆိုးရွားသောရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့၏။
အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းတွင်လည်း ၂၀၂၄ ဆောင်းရာသီတွင် အအေးပေါ့ခြင်းမရှိခဲ့ပေ။
ထို့ကြောင့် "ဖေဖော်ဝါရီလတွင် ဥရောပအလယ်ပိုင်း၌ရေကြီးပါက မေလအတွင်း မြန်မာနိုင်ငံသို့ မုတ်သုံဝင်ရောက်ခြင်း နောက်ကျတတ်သည်။ မုတ်သုံအားလည်းနည်းနေတတ်သည်။ မိုးရွာသွန်းမှုလည်း နည်းနေတတ်၏" ဆိုသည်ကို ပြန်ကောက်ရလျှင် ၂၀၂၄ ခုနှစ် မုတ်သုံရာသီအတွင်း မုတ်သုံလေအားကောင်းပြီး မိုးကောင်းနိုင်မည့်ပုံမပေါ်ချေ။
အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့၏ ဆက်စပ်ပုံ
ဤပင်လယ် ၃ ခုသည် မိုးလေဝသဖြစ်စဉ်များနှင့် ကိုင်းကျွန်းမီ-ကျွန်းကိုင်းမီဖြစ်နေကြသည်။
ကမ္ဘာ့တောင်ဘက်ခြမ်းမှ မာဒါဂတ်စကာကျွန်းအနီး လေဖိအားများရပ်ဝန်း(H)ဖြစ်ပြီး အားကောင်းလာသည့်အခါ ကမ္ဘာ့တောင်ဘက်ခြမ်းမှ မြောက်ဘက်သို့ အီကွေတာဖြတ်လေစီးကြောင်းများလည်းအားကောင်းလာသည်။ ထိုအခါ အိန္ဒိယအနောက်ဘက်ကမ်းခြေဒေသများတွင် မုတ်သုံလေအားကောင်းလာပြီးနောက် ထိုလေများ အနောက်ဘက်မှအရှေ့ဘက်သို့ ဆက်လက်ရွေ့လျားဝင်ရောက်လာသည့်အခါ ဘင်္ဂလားပင်လယ်အော်မှ အနောက်တောင်မုတ်သုံလေကို အားကောင်းလာစေ၏ - (အောက်ပုံတွင် ကြည့်ပါ)။ အနောက်တောင်လေစီးကြောင်းများ အားအလွန်ကောင်းလာသည့်အခါ တောင်တရုတ်ပင်လယ်မှ မုန်တိုင်းများကို အရှေ့ဘက်သို့တွန်းထုတ်လိုက်သဖြင့် တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်းများ မြန်မာနိုင်ငံဘက်သို့ဝင်ရောက်မှုကျဲသွားသည်။

တောင်တရုတ်ပင်လယ်တွင် အရှေ့ဘက်(ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပင်လယ်)မှ မုန်တိုင်းများဝင်ရောက်လာသည့်အခါတွင် ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားကျပြီး မုတ်သုံလေအားကောင်းလာကာ မြန်မာ့ကမ်းရိုးတန်းဒေသများတွင်မိုးရွာစေ၏။ အရှေ့ဘက်မှ တိုင်ဖွန်းမုန်တိုင်းသည် အင်ဒိုချိုင်းနားကျွန်းဆွယ် - ထိုင်းနှင့် မလေးရှားနိုင်ငံတို့ကို မြောက်လတ္တီဒ် ၁၂ ဒီဂရီအောက်မှ ဖြတ်လျှင် မြန်မာ့ကမ်းရိုးတန်းတလျှောက်မိုးများရွာစေ၏။ မုန်တိုင်း အင်ဒိုချိုင်းနားကျွန်းဆွယ်ကမ်းကို ကျော်လာပြီး ရက်သတ္တပတ် ၁ ပတ်အကြာတွင် ဘင်္ဂလားပင်လယ်၌ မုန်တိုင်းဖြစ်တတ်သည်။ မိုးနှောင်းကာလနှင့် မိုးလွန်ကာလများအတွင်း ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်သည့် မုန်တိုင်းများ၏ ၈၀% သည် တောင်တရုတ်ပင်လယ်မှ ဆက်လက်ရွေ့လျားလာသော မုန်တိုင်းအကြွင်းအကျန်များကြောင့် အားပြန်ပျိုးပြီးဖြစ်လာခြင်းဖြစ်၏။
၂၀၂၄ ခုနှစ်သည် အားအသင့်အတင့်ရှိသော အယ်လ်နီညိုနှစ်အဖြစ်သတ်မှတ်ထားပြီး ၂၀၂၄ ခုနှစ်အစပိုင်းတွင် ဥရောပတခွင်၌ ရေကြီးရေလျှံခြင်းများဆိုးရွားစွာဖြစ်ခဲ့သည်။ အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းတွင်လည်း ၂၀၂၄ ဆောင်းရာသီတွင် အအေးပေါ့ခြင်းမရှိခဲ့ပေ - ထို့ကြောင့် ၂၀၂၄ ခုနှစ်မိုးရာသီတွင် မိုးဦးမိုးလယ် မကောင်း၊ မုတ်သုံအားနည်း၊ မိုးနည်းနိုင်မည်ဟု သုံးသပ်ခန့်မှန်းရပေသည်။
References:
=========
မိုးလေဝသပညာရှင် ဆရာကြီး ဒေါက်တာ ဦးထွန်းလွင်၏ ၂၅-၁၁-၉၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ "အေ-ဘီ-စီ ဆက်စပ်မှု" ဆောင်းပါး
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026