ကြက်သားဈေးတွေ ဘာကြောင့်ကျ...
ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းတုန်းက ရန်ကုန်မြို့ဝန်းကျင်တွင်ပင် ခြံဖမ်းဈေး တစ်ပိဿာ ကျပ် ၇၅၀၀ ခန့်ထိ ရောက်သွားခဲ့သည့် အသားတိုးကြက်ဈေးမှာ လက်ရှိတွင်တော့ ကျပ် ၄၀၀၀ ကျော်ခန့်သာရှိတော့သည်အထိ ကျ ဆင်းသွားသည်။
ရန်ကုန်မြို့ရှိဈေးများတွင်လည်း ကြက်သားခုတ်သားဈေးများ ကျပ် ၃၀၀၀ ကျော်လောက် ပြန်ကျသွားသည်ဟု သင်္ဃန်းကျွန်းဈေးတွင် ကြက်သားရောင်းချနေသူတစ်ဦးထံမှ သိရသည်။ ဈေးတက်ချိန်တုန်းက တစ်ပိဿာ ကျပ် ၁၂၀၀၀ ခန့်ထိ ဖြစ်သွားခဲ့ရာမှ လက်ရှိတွင်တော့ ကျပ် ၉၀၀၀ ဝန်းကျင်သာ ရှိတော့ခြင်းဖြစ်သည်။
ဆိုတော့ ကြက်သားဈေးတွေ ဘာကြောင့်ကျသွားတာလဲ? လက်ရှိကြက်သားဈေးနှင့် ကြက်မွေးမြူရေးသမား တွေ အခြေအနေ ဘယ်လိုရှိနေသလဲ?
မှော်ဘီမြို့နယ်တွင် ကိုယ်တိုင်ကြက်မွေးမြူသူလည်းဖြစ်၊ တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးလည်းဖြစ်သည့် ဒေါက်တာညွန့်ရွှေကို မေးကြည့်ရာတွင်တော့ လက်ရှိအချိန်ထိ ဈေးနှုန်းများအရ ထုတ်လုပ်မှုကုန်ကျစရိတ်မှာ တစ်ပိဿာ ကျပ် ၅၀၀၀ ကျော် ရှိနေချိန်မျိုးတွင် ခြံဖမ်းဈေးမှာ တစ်ပိဿာ ၄၀၀၀ ကျော်သာ ရှိနေသည့်အတွက် အသားတိုးကြက်မွေးမြူရေးခြံပိုင်ရှင်များ အရှုံး အတော်များနေသည်ဟု ပြောသည်။

“ကျိန်းသေပေါက်ရှုံးတယ်။ ဟိုတစ်နေ့က ကျွန်တော်ကြည့်ခဲ့တဲ့ခြံဆိုရင် ကြက်တွေတအားကောင်းတာတောင် သိန်း ၃၀၀ လောက်ရှုံးသွားတယ်ပြောတယ်။ သေနှုန်းတွေပါထည့်ရင် ထုတ်လုပ်ကုန်ကျစရိတ်ကတင် တစ်ပိဿာ ၅၅၀၀၊ ၅၆၀၀ လောက်ရှိတယ်”
ကြက်သားဈေးကျသွားရခြင်းအကြောင်းများတွင် ခရစ္စမတ်၊ နှစ်သစ်ကူး (New Year) များတွင် ထွက်နိုင် ချိန်နှင့်ကိုက်ပြီး မွေးမြူကြသူများ အကြံတူပြီး ထုတ်လုပ်မှုများသွားခြင်းကြောင့်လည်း ပါသည်ဟု ဒေါက်တာ ညွန့်ရွှေက သုံးသပ်သည်။
ယင်းကဲ့သို့ စုပြုံထွက်သည့် အခြေအနေမျိုးကို ရှောင်ရှားနိုင်ရန်ဆိုပါက ကြက်ပေါက် ဘယ်လောက်ရောင်းအား ရှိနေသလဲဆိုသည့် အခြေအနေမျိုးကို သိရှိနိုင်မည့် Data base မျိုး လိုအပ်သည်ဟု ဒေါက်တာညွန့်ရွှေက အကြံပြုသည်။ ထို့ပြင် ကြက်သားဈေးနှုန်းနှင့် ဝယ်လိုအားမှာ စားသုံးသူ၏ စားသုံးနိုင်မှု စီးပွားရေး အခြေအနေ ပေါ်တွင် မူတည်နေသည်ဟုလည်း ၎င်းက ဆိုသည်။
ကြက်မွေးမြူရေး လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်၊ လှည်းကူးမြို့နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌလည်း ဖြစ်သည့် ဦးမြင့်အောင်ကတော့ ကြက်သားဈေးများကျခြင်းမှာ ထုတ်လုပ်မှုတွင် သိသိသာသာ တက်ခြင်းကြောင့် မဟုတ်ဘဲ ဝယ်လိုအား နည်းသွားခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်သည်။
“ဈေးကွက်ထဲမှာ ရောင်းအားကျသွားတာ။ ဆိုတော့ ရောင်းမရတဲ့အကြောင်းဆိုတော့ ဘာကြောင့်လဲဆိုတာ ပြောရခက်တယ်။ စားသုံးမှုက နည်းသွားတာ။ ဥပမာ ပုံမှန်ဆိုင်တစ်ဆိုင်က တစ်ရက်ကို ကုန်ချိန် ၁၀၀၀ လောက်ရောင်းနေရတာကနေ ကုန်ချိန် ၅၀၀ လောက်ပဲ ရောင်းရတော့တယ်ဆိုတော့ နောက်ရက်ကျ လျှော့ဖမ်းတယ်လေ။ ဆိုတော့ ဈေးကိုလည်း လျှော့ဖမ်းတော့တာပေါ့။ ဆိုတော့ ဝယ်လိုအားနည်းသွား တာကြောင့် ဒီလိုဖြစ်တာပေါ့။ အဓိကက ရောင်းအားကျသွားတာ”
ထုတ်လုပ်မှုကုန်ကျစရိတ်နှင့်တွက်ပါက တစ်ပိဿာ ကျပ် ၁၅၀၀ ခန့် အရှုံးပေါ်နေ၍ ကြက်ခြံလုပ်ငန်းရှင်အငယ် များ ပြုတ်သည်အထိ ဖြစ်ကုန်ပြီး လုပ်ငန်းရှင်အကြီးသမားများကတော့ အကြွေးပိုတင်ကုန်ပြီဟု ဦးမြင့်အောင် က ဆိုသည်။
“အရှုံးက မတရားပေါ်တာ။ နည်းနည်းပေါ်တာမဟုတ်ဘူး။ တချို့ဆို ပြုတ်တောင်ပြုတ်ကုန်ပြီ။ ဘယ်လို အကူအညီမျိုးမှလည်း မရဘူး”
ကြက်ပေါက်ဈေးနှုန်းများကတော့ အမြင့်ဆုံး ကျပ် ၂၂၀၀ ခန့်အထိ တက်သွားရာကနေ လက်ရှိတွင် ကျပ် ၁၄၀၀ ခန့်လောက်ထိ ကျလာသည်ဟု သိရသည်။ အစာဈေးကလည်း အနည်းငယ်ကျရိပ်ပြလာသည်ဟု သိရသည်။ သို့သော် အဆိုပါကျနှုန်းများမှာ ကြက်သားဈေးကျသွားသည့်နှုန်းနှင့် နှိုင်းယှဉ်လျှင်တော့ မွေးမြူသူများအတွက် မကိုက်နိုင်ဟု ဆိုသည်။
“ အစာဈေးကျရင်တော့ ထုတ်လုပ်မှုစရိတ်တော့ နည်းနည်းလျော့သွားမှာပေါ့။ ဒါပေမဲ့ ခြံဖမ်းဈေးနှုန်းက တအားကျရင်တော့ မကိုက်နိုင်ဘူး” ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တွင် ပြန်ကြားရေးတာဝန် ယူထားသူ ဒေါက်တာသက်ခိုင်က သုံးသပ်သည်။
ဈေးကွက်ကောင်းတဲ့အချိန်တုန်းက ဈေးကိုက်သည်ဟုယူဆကာ အပြိုင်တိုးပြီးမွေးမြူကြခြင်းကြောင့် ထွက်ရှိချိန်တွင် ဝယ်လိုအားထက် ရောင်းလိုအားများသွားသည့်အချိန်မျိုး၊ ထိုင်းဘက်တွင် မျိုးခြံများဖြုတ်သည့် ကာလမျိုးတွင် မှောင်ခိုလမ်းကြောင်းမှ ဥတုံးကြက်သားများဝင်လာခြင်းကြောင့် ဈေးကွက်ထဲတွင် လျှံသွား ချိန်မျိုး၊ ဈေးကွက်ထဲတွင် ငါး၊ ပုစွန် ပေါသည့် အချိန်မျိုး စသည့်အချိန်မျိုးများတွင် ကြက်သားဈေး ကျလေ့ရှိသည်ဟု သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သန်းဝင်းဇော်
လွန်ခဲ့သော ၃ နှစ် ကcp ရဲ့ control ပါပဲ ပြိုင် ဘက် မရှိလေတော့ 🤫 ဟိုအဖွဲ့ချုပ်ဆိုတာကလည်း 🤭🤗
ko tin tun
လွန်ခဲ့သော ၃ နှစ် ကကျနောလဲ ကြက်မွေးသူ တစ်ဦးပါ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 0 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026