အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပြည်ပပို့ကုန် စံချိန်မီ ပဲတီစိမ်း၊ မတ်ပဲ စိုက်ပျိုးနည်းသင်တန်း

ပြည်ပပို့ကုန် စံချိန်မီ ပဲတီစိမ်း၊ မတ်ပဲ စိုက်ပျိုးနည်းသင်တန်း

Green Way
Green Way • 20/10/2025

🫘 စပါးအပြီး လက်ကျန်မြေတွင်းအစိုဓာတ်နဲ့ ပဲစိုက်ပျိုးကြမယ့် ဦးကြီးတို့အတွက် 

စံချိန်မီတဲ့ ပို့ကုန်ဖြစ်ဖို့အတွက်နဲ့ အထွက်နှုန်းတွေတိုးကြစေဖို့ 

ခုတ်ဖုံးစိုက်ချိန်ကစလို့ ခူးဆွတ်ပြီး သိုလှောင်ချိန်ထိ 

_ အထွက်နှုန်းကောင်းတဲ့ မျိုးရွေးချယ်နည်း

_ အသုံးပြုရမယ့် မြေဩဇာ

_ အချိုးအစားမှန်မှန်နဲ့ ရောဂါနဲ့ ပိုး တည့်တွေ့ဆေးမယ့် လမ်းညွှန်ချက်များအပြင်

_ပိုးသတ်ဆေးဓာတ်ကြွင်းများလို့ ပြန်ပို့ခံရတာမျိုး နောက်တစ်ကြိမ်ထပ်မဖြစ်ရအောင် သတိပြုရမယ့် အချက်များကိုပါ ၅ရက်ကြာ သင်ကြားပေးသွားမယ့် 

အစိမ်းရောင်လမ်းရဲ့ မတ်ပဲ၊ ပဲတီစိမ်း သင်တန်းဟာ နိုဝင်ဘာလ ၃ ရက်နေ့မှာ စတင်တော့မှာပဲ ဖြစ်ပါတယ်။

သင်ကြားပေးမယ့် ပညာရှင်တွေကတော့ 

🧑‍🏫 မေးသမျှကို စိတ်ရှည်ရှည်နဲ့ အမြဲသင်ကြားဖြေကြားပေးလေ့ရှိတဲ့ ဆရာဒို့ဦးလေးနဲ့ 

🧑‍🏫 အစားအစာနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်တဲ့ GAP guideline များကို သင်တန်းကျောင်းတွေကစလို့ စိုက်ခင်းတွေအထိ လိုက်လံပို့ချသင်ကြားပေးနေသည်သာမက စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတများကို အွန်လိုင်းပလက်ဖောင်းများမှ တဆင့် မျှဝေပေးနေတဲ့ ဒေါက်တာဝဏ္ဏထွန်းတို့က 

⏰ နိုဝင်ဘာ ၃၊ ၄၊ ၅၊ ၆၊ ၇ ရက်နေ့များရဲ့ မြန်မာစံတော်ချိန် ည ၇ နာရီတိုင်းမှာ Zoom Platform ကို အသုံးပြုပြီး သင်ကြားပြသ ပေးသွားမှာပဲ ဖြစ်ပါတယ်။ 

‼ သင်တန်းကြေးအနေနဲ့ မြန်မာကျပ်ငွေ ၅၅၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီးတော့ အောက်တိုဘာ ၃၁ ရက်နေ့မတိုင်ခင် အပ်နှံထားတဲ့တောင်သူများကတော့ ၄၉၀၀၀ ကျပ် Discount နဲ့ သင်ကြားခွင့်ရရှိမှာမို့လို့..

စိတ်ဝင်စားတဲ့ မိတ်ဆွေတောင်သူများအနေနဲ့ အစိမ်းရောင်လမ်း Fb Page Messenger ဒါမှမဟုတ် Viber Number 095053570 သို့ ဆက်သွယ်ကာ စာရင်းပေးသွင်းနိုင်ပါပြီရှင့်

 

 

8
ကိုနို်င

ကိုနို်င

လွန်ခဲ့သော ၁၀ လ က

ထောပတ်ပဲ ပွင့်ထွေးနဲ့သီးလုံးဖေါက်ပိုးမနိုင်လို့ဘယ်လိုဆေးအုပ်စုရွှေးခြယ်ရလဲ ဖြေပေးပါ

kyaw kyaw

kyaw kyaw

လွန်ခဲ့သော ၁၀ လ က

ဟုပ်

U Saw

U Saw

လွန်ခဲ့သော ၁၀ လ က

ကွန်မန့်တွေ မမြင်ရပါ။ noti အနေနဲ့ တခြားသူကွန်မန့်တွေ ပေါ်လာ ပေမယ့် ဝင်ဖတ်လို့ မရပါ

myo myint myat kyaw

myo myint myat kyaw

လွန်ခဲ့သော ၁၀ လ က

သင်တန်းအပ်နှံရင်သင်ကြားတဲ့vdဖိုင်ကိုပို့ပေးတာလားတိုက်ရိုတ်ကြည့်ရှုရမှာလားခင်ဗျ

U Minn Htaik

U Minn Htaik

လွန်ခဲ့သော ၁၁ လ က

အားအားရှိ တောင်သူတွေကြောင့် တောင်သူတွေကြောင့် ဆိုတာထက် ဒီ ကွင်းဆက်ကြီး တခုလုံးမှာပါတဲ့ စိုက်/ဆေး ရောင်းသူမှ စ၍ စိုက်ပျိုး ---- သိုလှောင် ရောင်းဝယ် သူ အားလုံး သက် ဆိုင် လုပ်ဆောင်ကြရမှာပါ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။