ပြောင်းတွင်ကျရောက်သော ဖောငမြှောင်တောင်အား ကြိုတင်ကာကွယ်နှိမ်နင်းနည်း
မြန်မာအမည် - ဖောငမြှောင်တောင်
ကျရောက်ဖျက်စီးတတ်သည့် အဆင့်များ - အပင်ပေါက်နှင့် ပင်ပိုင်းကြီးထွားမှုအဆင့်၊ ကတော့ထိုးအဆင့်၊ အနှံထွက်အဆင့်၊ ပြောင်းဖူးသားကပ်အဆင့်။
လောက်ကောင်အဆင့် - လောက်ကောင်၏ မျက်လုံးနှစ်ခုကြား ဦးခေါင်းခွံသည် “Y” အက္ခရာပြောင်းပြန် အနေအထားပုံစံဖြစ်သည်။ ခန္ဓာကိုယ်အဆစ်များ၏ ဒုတိယနောက်ဆုံးအဆစ်တွင် ပါရှိသော အစက်အပြောက် (၄)ခုသည် စတုရန်းသဏ္ဍာန် ဖြစ်သည်။ ပန်းရောင်မှ အညိုရောင်ရင့်ရင့်ရှိကြပြီး ၄၀ မီလီမီတာထိ ကြီးထွားကြသည်။
ရုပ်ဖုံးအဆင့် - တောက်ပသည့် အညိုရောင်ရှိပြီး ၁၃-၁၇ မီလီမီတာ ရှည်လျားသည်။ လက်ခံပင်ဝန်းကျင်ရှိ မြေကြီးအတွင်း ရှိကြသည်။
အကောင်ကြီးဖလံအဆင့် - ညအချိန်မှ လှုပ်ရှားလေ့ရှိပြီး အတောင်အရှည် ၃၂-၄၀ မီလီမီတာခန့် ရှိသည်။ အရှေ့အတောင်-မီးခိုးညိုရောင် နှင့် အနောက်အတောင်-မိတ်ကပ်ရောင် ရှိသည်။ အထီးတို့တွင် အရှေ့အတောင် ထိပ်ဖျား၌ အဖြူရောင်အစက် ပါရှိသည်။
ဖောငမြှောင်တောင် ကြိုက်နှစ်သက်သော အခြေအနေများ -
အပူချိန် - ၂၈ ဒီဂရီတွင် အကောင်းဆုံး ဖွံ့ဖြိုးသည်။ ၁၁ ဒီဂရီနှင့် ၃၀ ဒီဂရီအတွင်း ရှင်သန်ကြသည်။ ရာသီဥတုအေးလျှင် သားဆက်အရေအတွက် နည်းသွားသည်။
မိုးရွာသွန်းမှု - မကြာခဏ မိုးရွာသွန်းခြင်းသည် ပြောင်းခင်းများအား စိမ်းလန်းစေပြီး ငမြှောင်တောင်များအား ဥ အုချရန်နှင့် လောက်ကောင်များ အသက်ရှင်သန်ရန် အခြေအနေပေးသည်။
တိမ်ထူထပ်ခြင်း - ဖောငမြှောင်တောင် ဦးရေ လျှင်မြန်စွာ တိုးပွားမှုအား သက်ရောက်သည်။
မြေသားအစိုဓာတ် - ဥ အုချခြင်းဖြစ်စဥ်အား လွယ်ကူစေသည်။

ကာကွယ်နှိမ်နင်းနည်း
မျိုးစေ့လူးနှယ်စိုက်ပျိုးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ အစာအဆိပ်အသုံးပြုခြင်း၊ လက်ဖြင့်ကောက်ယူခြင်း၊ စိုက်ပျိုးပြုစုခြင်းနည်းစနစ်များ၊ ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း၊ ရေရှည်တည်တံ့သည့် စိုက်ပျိုးရေးနည်းစနစ်များ၊ ခံနိုင်ရည်မျိုးများဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။
သဘာဝပိုးသတ်ဆေးဖြင့် ကာကွယ်နည်း
တမာပိုးသတ်ဆေးဆီနှင့် ဆေးရွက်ကြီးပိုးသတ်ဆေးရည်တို့အား ပြောင်းပင်၏ ကတော့အတွင်း ထည့်သွင်းအသုံးပြုခြင်း၊ တမာဆီနှင့် ဆပ်ပြာရည်အား ရောစပ်ပက်ဖျန်းခြင်း၊ ကြက်သွန်ဖြူပိုးသတ်ဆေးရည် အသုံးပြုခြင်း၊ ပြာနှင့် ငရုတ်သီးမှုန့် ရောစပ်အသုံးပြုခြင်း၊ ဥမြုံများနှင့် လောက်ကောင်များအား လက်ဖြင့် ကောက်ယူစွန့်ပစ်ခြင်း၊ Bacillus thuringiensis အခြေခံ ဇီဝပိုးသတ်ဆေး၊ စိုက်ချိန်မညီညာခြင်းနှင့် နောက်ကျစိုက်ပျိုးခြင်းတို့အား ရှောင်ခြင်း၊ သီးညှပ်စိုက်ပျိုးခြင်း၊ ထယ်ရေးနက်နက် ထွန်ယက်ခြင်း၊ သီးနှံအကြွင်းအကျန် များအား မီးရှို့ဖျက်ဆီးခြင်းစသည့် နည်းလမ်းများအားအသုံးပြုနိုင်သည်။
ဓာတုနည်းဖြင့် နှိမ်နင်းရာတွင် ရွေးချယ်အာနိသင်ရှိ ပိုးသတ်ဆေးများဖြစ်သည့် စပီနိုဆန်၊ အီမာမက်တင်ဘန်ဇိုရိတ်၊ ကလိုရန်ထရန်နီလီပရိုးလ် တို့အား အသုံးပြုနိုင်သည်။ အာနိသင်ကောင်းမွန်စေရန် နံနက်စောစော သို့မဟုတ် ညနေခင်းအချိန်များတွင် ပက်ဖျန်းပါ။
ကာကွယ်မှုအနေဖြင့် ကင်းထောက်စစ်ဆေးခြင်း၊ စောစောစိုက်ပျိုးခြင်း၊ လက်ဖြင့်ကောက်ယူခြင်း၊ ထယ်ရေးနက်နက် ထွန်ယက်ခြင်းကို ပြုလုပ်ရမည်။
ငမြှောင်တောင်ကျရောက်တတ်သော သီးနှံများ - ပြောင်း၊ စပါး၊ နှံစားပြောင်း၊ ကြံ၊ ဂေါ်ဖီ၊ ကြက်သွန်၊ ခရမ်းချဥ်၊ အာလူး၊ မြေပဲ၊ ပဲပုပ်၊ ဝါနှင့် စားကျက်များ။
အသုံးပြုနိုင်သော ဆေးAI များမှာ - Lambda cyhalothrin၊ Carbaryl Spinetoram၊ Chlorantraniliprole၊ Emamectin benzoate နှင့် Flubendiamide တို့ဖြစ်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြောင်းငမြှောင်တောင်ပိုး
အကြောင်းအရာ 2
ပြောင်းFAWငမြှောင်တောင်
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ဆက်စပ်မေးခွန်းများ
ဆရာကြီးခင်ဗျ ဒီနှစ်မှမကြုံစဖူး နောက်ကျထွန်ပဲခင်းတေ ငမြောင်တောင်တီးတာ အပင်ငုတ်ပဲကျန်ပါတော့တယ်ဗျ ပဲပင်က 10ရက်သားတောင်မပြည့်သေး ပါဘူး ရေဦးပဲတေက ငမြောင်တောင်အနည်းငယ်ပဲ ကျပြီး ဘာလို့ထွန်ပဲကျမှအဲ့လောက်တောင်ဆိုးရတာလဲရှင်းပြပါဦး ဘယ်လိုထိေရာက်ေအာင် နိမ်နှင်းရမလဲ ကျန်တဲ့အခုမှစပေါက်မဲ့ပဲလေးတေကိုလည်း ဘယ်လိုကာကွယ်ထားရမလဲ ဆရာခင်ဗျ လေးစားလျက်ပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 2 ခု
၁/မန်ကိုဇက်+ဆိုင်မိုစနေးလ် ၂/မန်ကိုဇက်+မက်တယ်လက်ဇီး ၃/မန်ကိုဇက်+ဒိုင်မီသိုမော့ ၄/မန်ကိုဇက်+ကာဗင်ဒါဇင်။ ဆေးတွဲဖျန်းသည့်အခါ ရောစပ်ရမည့် ဆေးနုန်းထားလေးတွေကို သိချင်ပါတယ်။
ဦးသန့်ဇင်ထွန်း • ဖြေကြားချက် 1 ခု
ကြက်သွန်နီက ပုံပါအတိုင်းလိမ်နေလို့ mancozeb နဲ့ cymoxanil အရော အရင်ဖြန်းထားပါတယ်၊ ေရာဂါက တိုးလာတဲ့အတွက် 2ရက်နေတော့ copper oxychloride 85%နဲ့ မြန်မာ့ဩဘာမှ ယူနတီ မှိုသတ်ဆေးရောဖြန်းထားပါတယ် အဲ့ဒါလဲ ထပ်တိုးသလိုဖြစ်နေလို့ဗျ ဖြန်းထားတာ၂ရက်ရှိပါပြီ ဘယ်လိုကုသလို့ရမလဲဗျ
andrich • ဖြေကြားချက် 3 ခု
ဖော ငမြောင်ကြီး တွေ က ဘယ် ai အထိရောက်ဆုံးလဲ သူက ညဘက်မှကျ တာပါ ထိရောက်တဲ့ ai ပြောပြပေးပါ
ကျော်ထွေး • ဖြေကြားချက် 1 ခု
စပါးဂုတ်ကျိုးရောဂါ.ဖြန်းတဲ့ဆေး ပိုနေလို့ မတ်ပဲမှာရောသုံးလို့ရလားဗျ ဘယ်လိုအခြေအနေမှာသုံးသင့်လဲခင်ဗျ
အေးကျော်ဖြိုး • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
ပင်လယ်စပျစ်သီး၏ ထူးခြားသောသဘာဝနှင့် ဂေဟစနစ်အတွက် အကျိုးပြုပုံ
25/11/2026
၂၀၂၇ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ ပြင်းထန်သော အပူချိန် စံချိန်တင်နိုင်ခြေရှိ
24/11/2026
ဝါးစိုက်ပျိုးရေးနှင့်ကာဘွန်ခရက်ဒစ် (အပိုင်း - ၁)
24/11/2026
အသီးမှည့်ခြင်းကို ထိန်းချုပ်နေတဲ့ မမြင်ရတဲ့ ဓာတ်ငွေ့ အီသိုင်လင်း
23/11/2026
အသံ
နိုဝင်ဘာ ၂၄ မှ ၃၀ ရက်နေ့အထိ တစ်ပတ်စာ မိုးလေဝသ သုံးသပ်ချက်
23/11/2026
More from မဟော် (သုတေသီ)
အားလုံး