မြေပဲပင်တွင် ကျရောက်သော ရွက်ညိုပြောက်ရောဂါများနှင့် ပင်စည်/ပင်ရင်းပုပ်ရောဂါ
စောရွက်ညိုပြောက် ရောဂါ (Early Leaf Spot)
ရောဂါဖြစ်စေနိုင်သော သက်ရှိအမည်နှင့် အမျိုးအစား - Cercospora arachidicola ၊ မှိုကြောင့် ဖြစ်ပွားသည်။
ရာသီဥတုအခြေအနေ - ပူနွေးစိုစွတ်သော အခြေအနေ (အပူချိန် ၂၅-၃၀ဒီဂရီကြား)
ရောဂါ လက္ခဏာများ - ထင်ရှားသော အဝါရောင် အနားသတ်စက်ဝန်းများရှိသည့် အညိုရောင် အစက်အပျောက်များ ကို အရွက်အပေါ်ဖက်တွင် တွေ့ရပြီး အောက်ဖက်မျက်နှာပြင်တွင် အညိုဖျော့ရောင် အစက်အပြောက်များကို တွေ့ရတတ်ပါသည်။
ကူးစက်ပျံ့နှံ့ခြင်း - မျိုးပွားအင်္ဂါများဖြစ်သည့် မှိုစပိုးများမှ တစ်ဆင့်ကူးစက်ပျံ့နှံ့ပါသည်။ အရွက်၏ အပေါ်ဖက်မျက်နှာပြင်ပေါ်တွင် ရှိတတ်ပါသည်။

ပုံ -စောရွက်ညိုပြောက် ရောဂါ (Early Leaf Spot)
နှောင်းရွက်နက်ပြောက် ရောဂါ (Late leaf spot)
ရောဂါဖြစ်စေနိုင်သော သက်ရှိအမည်နှင့် အမျိုးအစား - Phaeoisariopsis personata ၊ မှိုကြောင့် ဖြစ်ပွားသည်။
ရာသီဥတု အခြေအနေ - စိုထိုင်းဆ မြင့်မား (၉၀ ရာနှုန်းနဲ့အထက်) ရှိပြီး မိုးများပါက ကျရောက်တတ်သည်။
ရောဂါ လက္ခဏာများ - အညိုရောင် ပိုရင့်ပြီး အနက်ရောင်အထိ ရှိသည့် အစက်အပြောက်များကို အရွက်မျက်နှာပြင်ပေါ်တွင် မြင်ရတတ်ပြီး များသောအားဖြင့် အဝါရောင် အနားသတ် စက်ဝန်းမပါရှိပါ။ အရွက်အောက်ဖက် မျက်နှာပြင်တွင် အနက်ရောင် ကြမ်းတမ်းသည့် အစက်အပျောက်များရှိပါသည်။
ကူးစက်ပျံ့နှံ့ခြင်း - မျိုးပွားအင်္ဂါများဖြစ်သည့် မှိုစပိုးများမှ တစ်ဆင့်ကူးစက်ပျံ့နှံ့ပါသည်။ မှိုစပိုးများသည် အရွက်၏ အောက်ဖက်မျက်နှာပြင်တွင် ရှိတတ်ပါသည်။

ပုံ -နှောင်းရွက်နက်ပြောက် ရောဂါ (Late leaf spot)
ရွက်ပြောက်ရောဂါ နှစ်မျိုးလုံးအတွက် ကြိုတင်ကာကွယ်ခြင်း
- သဘာဝအော်ဂဲနစ် နည်းအရ ပြောင်း၊ နှံစားပြောင်းတို့နှင့် အလှည့်ကျ သီးလှည့်စိုက်ပျိုးခြင်း၊ ထရိုင်ကိုဒါးမား မှိုသုံးစွဲခြင်းနှင့် တမာသီးစေ့ စစ်ထုတ်ရည်ကို ဖြန်းပြီးတော့ ကာကွယ်နှိမ်နင်းလို့ရပါတယ်။
- ဓာတုနည်းအားဖြင့် Cabendazim နဲ့ မျိုးစေ့ လူးနယ်ခြင်း၊ ကလိုရိုသာရိုနေလ်း သို့မဟုတ် Cabendazim+Mancozeb တို့ကို စိုက်ပျိုးပြီး (၄၅) ရက်မှ ရက် (၆၀) အတွင်း ဖျန်းထားပေးနိုင်ပါတယ်။
ပင်စည်ပုပ်/ပင်ရင်းပုပ် ရောဂါ (Stem Rot/ Sclerotium Rot/White Mold)
ရောဂါဖြစ်စေနိုင်သော သက်ရှိအမည်နှင့် အမျိုးအစား - Sclerotium rolfsii မြေဆောင်မှို ဖြစ်သည်။
ရာသီဥတု အခြေအနေ - မြေအစိုဓာတ်များပြီး ပူနွေးသည့် အပူချိန် (၃၀ ဒီဂရီဆဲလ်စီးယပ် အထက်)ရှိနေသည့်အချိန်တွင် အပင်များ ကြပ်သိပ်နေပါက ပိုမို ဖြစ်ပွားလွယ်ပါသည်။
ရောဂါ လက္ခဏာများ - ကိုင်းတစ်ခု ချင်းမှသည် အပင်တစ်ခုလုံး ရုတ်တရက်ညိုးကျသွားတတ်ပါသည်။ အဖြူရောင် ချည်မျှင်ကဲ့သို့ မှိုအစုအဝေးကို မြေကြီးနှင့်နီးသော ပင်စည်နားတွင် မြင်ရတတ်ပြီး မှိုမျှင်များ ရင့်ပါက အညိုရောင် မုန်ညှင်းစေ့ကဲ့သို့ သေးငယ်သည့် မှိုအစုအဝေးကို မြင်ရမှာဖြစ်ပါတယ်။
ကူးစက်ပျံ့နှံ့ခြင်း - မြေဆောင်ရောဂါဖြစ်သောကြောင့် မြေကြီးတွင် ရောဂါဖြစ်စေနိုင်သောမှို ရှိခြင်းအားဖြင့်လည်းကောင်း၊ မှိုမျှင်များမှ တစ်ဆင့်လည်းကောင်း ကူးစက်နိုင်ပါသည်။

ပုံ - ပင်စည်ပုပ်/ပင်ရင်းပုပ်ရောဂါ
ကြိုတင်ကာကွယ်ခြင်း
သဘာဝနည်းအားဖြင့် ထယ်နက်နက်ထိုးပြီး ရောဂါဖြစ်စေနိုင်သည့် မှိုများကို ထိခိုက်စေနိုင်ပါသည်။ မြေပြင်စဉ်အတွင်း တမာကြိတ်ဖတ်များ ထည့်ပေးခြင်း၊ ထရိုင်ကိုဒါးမားများ ပါဝင်သည့် မြေဆွေးများ သုံးပေးခြင်းအားဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။
ဓာတုနည်းအားဖြင့် - Tebuconazole ဖြင့် မျိုးစေ့ကို လူးနယ်ပေးခြင်း၊ ရောဂါလက္ခဏာများ စတင်ပေါ်ချိန်တွင် Hexaconazole ဖြင့် မြောင်းတိုက် ထည့်ပေးခြင်းအားဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မြေပဲရွက်ပြောက်ရောဂါ
အကြောင်းအရာ 2
မြေပဲပင်ရင်းပုပ်ရောဂါ
အကြောင်းအရာ 3
မြေပဲပင်တွင်ကျရောက်တတ်သောရောဂါများ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ချစ်မင်းလူ
လွန်ခဲ့သော ၆ လ ကmenuကိုနှိပ်ရင်ဆော့ဝဲကပြန်ထွက်နေတယ့်
ဆက်စပ်မေးခွန်းများ
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
မြေပဲအပင်လေတွေမှာ အလိုတွေတွေနေရလို ဘာရောဂါဖြစ်တာလည်ခင်များပြောပြပေပါအုံခင်များ
မင်းမင်း • ဖြေကြားချက် 2 ခု
ငရုတ်ပင်မှာ ခါးရိတဲ့ရောဂါအတွက် ဘာဆေးဖျန်းရမလဲ နှင့် ငရုတ်ပင် အမြစ်တွေ ခြောက်ပြီး သေတဲ့ ရောဂါအတွက် ဘာဆေးဖျန်းရမလဲ ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 5 ခု
ဂေါ်ဖီထုပ်ပျိုးပင်တွေအခုလိုအဝိုင်းလိုက်သေနေလို့ဘယ်လိုလုပ်ရမလဲသိတဲ့သူများရှိရင်ပြောပြပေးကြပါဗျအပင်သက်တန်းကရက်ပေါင်း20လောက်ရှိသေးတယ်ပိုးသတ်ဆေးရော့မြေသြဇာရော့မကျွေးထားဘူးဗျ
kyaw kyaw • ဖြေကြားချက် 1 ခု
စပါးခင်း ယခုလိုပိုးကျတာဘာဆေးဖျန်းသင့်လဲဗျ
zaw winnaing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026