စပါးစိုက်ပျိုးရာတွင် တွေ့ရများသော အာဟာရဓာတ်ချို့တဲ့မှုလက္ခဏာများ(၁)
ဦးကြီးတို့မင်္ဂလာပါဗျ။
မြန်မာနိုင်ငံတွင်ရှိသော တောင်သူဦးကြီးတို့၏ စိုက်ပျိုးမြေများတွင် မည်သည့် အာဟာရဓာတ်များချို့တဲ့၍ မည်သည့်အာဟာရဓာတ်များပေါများနေသည်ကို ဓာတ်ခွဲစမ်းသပ်ရန် ဓာတ်ခွဲခန်းများ နည်းပါးနေပါသည်။ ထို့ကြောင့် စိုက်ပျိုးမြေများတွင် ချိူ့တဲ့နေသော အာဟာရဓာတ်များကို စိုက်ပျိုးသီးနှံများတွင် အာဟာရချို့တဲ့မှုလက္ခဏာများကို တွေ့ရပါသည်။ ဦးကြီးတို့ စပါးစိုက်ခင်းထဲမှာ ရောဂါကျရောက်မှုလက္ခဏာလား၊ အာဟာရချို့တဲ့မှု လက္ခဏာလားဆိုတာ ခွဲခြားရခက်နေသည်များကို တွေ့ရပါသည်။ ထို့ကြောင့် စပါးတွင် အာဟာရချို့တဲ့မှုလက္ခဏာများကို ဆက်လက်လေ့လာကြရအောင်။
အပင်တိုင်းအတွက် လိုအပ်သော အာဟာရဓာတ်များတွင် အများလိုအာဟာရဓာတ်များနှင့် အနည်းလိုအာဟာရဓာတ်များဟူ၍ ရှိပါသည်။ ထိုအာဟာရဓာတ်များကို အပင် အတွင်း ရွေ့လျားနိုင်သော အာဟာရဓာတ်များနှင့် မရွေ့လျားနိုင်သော အာဟာရဓာတ်များ ဟူ၍ ခွဲခြားနိုင်ပါသည်။ အပင်အတွင်းရွေ့လျားနိုင်သော အာဟာရဓာတ်များသည် အရွက်အနု များအတွက် လိုအပ်သော အာဟာရဓာတ်များကို အောက်အရွက်များမှ ပို့ဆောင်ပေးပါသည်။ ထို့ကြောင့် အပင်အတွင်းရွေ့လျားနိုင်သော အာဟာရဓာတ်များ ချို့တဲ့သောအခါ အောက် အရွက်အရင့်များတွင် ချို့တဲ့မှုလက္ခဏာများကို စတင်ဖော်ပြပါသည်။ အပင်အတွင်း မရွေ့လျားနိုင်သော အာဟာရဓာတ်များသည် အရွက်အနုများအတွက် လိုအပ်သောအာဟာ ရဓာတ်များကို မပို့ဆောင်ပေးနိုင်ပါ။ ထို့ကြောင့် အပင်အတွင်းမရွေ့လျားနိုင်သော အာဟာရ ဓာတ်များ ချို့တဲ့သောအခါ ချို့တဲ့မှုလက္ခဏာများကို အရွက်နုများတွင် စတင်ဖော်ပြပါသည်။
စပါးအပင်အတွက် အဓိကလိုအပ်သော အာဟာရဓာတ်များမှာ-

နိုက်ထရိုဂျင်(N)
Nသည် အပင်အတွင်းရွေ့လျားနိုင်သော အာဟာရဓာတ်ဖြစ်ပါသည်။ ထို့ကြောင့် ချို့တဲ့မှုလက္ခဏာများကို စပါးအောက်အရွက်များတွင် တွေ့ရပါသည်။ ချို့တဲ့မှုလက္ခဏာများမှာ စပါးအောက်အရွက်များစပြီးဝါလာပါသည်။ ထို့နောက် တဖြည်းဖြည်း တစ်ပင်လုံး နီးပါး စိမ်းဝါရောင်ပြောင်းသွားပါသည်။ အရွက်ထိပ်ဖျားပိုင်းတွင် ဆဲလ်သေကွက်များလည်း တွေ့ရတက်ပါသည်။ ထို့အပြင် စပါးပင်များပုသွားခြင်း၊ အရွက်များကျဥ်းသွား၍ ထောင်မတ်နေခြင်းများ တွေ့ပါသည်။ N ချို့တဲ့မှုများကို စပါးပင်သက်တမ်းတစ်လျှောက်လုံး တွင် Nလိုအပ်မှုအများဆုံးဖြစ်သော အပင်ပွားထွက်သောအချိန်နှင့် ဖုံးတုံးလုံးတုံးအချိန်များ တွင် အများဆုံးတွေ့ရပါသည်။

ဖော့စဖောရပ်စ်(P)
Pကို ပင်ပွားထွက်ချိန်တွင် အများဆုံးလိုအပ်ပါသည်။ Pသည် ပင်ပွားထွက်ရှိမှုကို အားပေးခြင်း၊ အမြစ်ဖွံ့ဖြိုးမှုကိုအားပေးခြင်းနှင့် ပန်းစောစောပွင့်စေခြင်း စသည့်လုပ်ငန်း များကို လုပ်ဆောင်ပေးပါသည်။ Pချို့တဲ့လျှင် အပင်များပုသွားခြင်း၊ အရွက်များအစိမ်းရင့် ရောင်ပြောင်းသွာခြင်း၊ အရွက်များသေးသွယ်၍ ထောင်မတ်နေခြင်း၊ ပင်ပွားထွက်မှုနည်းခြင်း၊ အရွက်အရေ အတွက်နည်းသွားခြင်း၊ အနှံအရေအတွက်များ နည်းသွားခြင်း၊ တစ်နှံပါအစေ့ အရေအတွက် နည်းသွားခြင်း စသည့်လက္ခဏာများ တွေ့ရပါသည်။ N နှင့်Pရောတပြိုင်နက် ချို့တဲ့ခဲ့ပါက စပါးအရွက်များ အစိမ်းရောင်ဖျော့သွားပါလိမ့်မည်။

ပိုတက်ဆီယမ် (K)
Kသည် အပင်များ၏ လုပ်ဆောင်ချက်များတွင်အဓိက အရေးပါသော အာဟာရဓာတ် တစ်ခုဖြစ်ပါသည်။ Kသည် ဆဲလ်များကိုတောင့်တင်းခိုင်မာစေပြီး ပိုးမွှားရောဂါများကို ခံနိုင်ရည်ရှိစေခြင်း၊ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိစေခြင်း၊ စပါးပင်များ ယိုင်လဲမှုဒဏ်ကို ခံနိုင်ရည် ရှိစေပါသည်။ Kသည် အပင်အတွင်းရွေ့လျားနိုင်သော အာဟာရဓာတ်ဖြစ်သော ကြောင့် ချို့တဲ့မှုလက္ခဏာများကို စပါးအောက်အရွက်များတွင် စတင်တွေ့ရပါသည်။ Kချို့တဲ့ ပါက စပါးအရွက်များ၏ ထိပ်ဖျားပိုင်းတွင် အညိုရင့်ရောင် ဆဲလ်သေကွက်များ တွေ့ရပြီး အရွက်၏ အနားသတ်များတွင် ဝါညိုရောင်အကွက်များ တွေ့ရပါသည်။ ပထမပိုင်းတွင် အရွက်၏ ထိပ်ဖျားပိုင်းတွင် ချို့တဲ့မှုလက္ခဏာများ စတင်ဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် အရွက်၏အနားသတ်များထိ ဖြစ််ပေါ်လာပါသည်။ နောက်ဆုံးတွင် စပါးရွက်၏အခြေအထိ ရောက်သွားပါမည်။ ထို့အပြင် အပေါ်အရွက်များသည်လည်း တိုလာခြင်း၊ ငိုက်ကျလာခြင်း၊ အောက်အရွက်များသည် အဝါရောင်မှ အညိုရောင်သို့ပြောင်းသွားပါသည်။
ချမ်းသာဦး
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးပင်နှင့်အာဟာရ
တင်မျိုးအောင်
လွန်ခဲ့သော ၃ လ ကပုလဲကိုစပါးတစ်လသားမှာတစ်ဧကဘယ်လောက်ကျွေးရမလည်းခဗျ
Thein Soe Min
လွန်ခဲ့သော ၆ နှစ် က@ကောက်းမြတ်ဇော် မေးခွန်းတွေကို အမေးအဖြေကဏ္ဍမှာ တိုက်ရိုက်မေးပေးပါဗျ။ ဓာတ်ပုံလေးနဲ့ပါ မေးပေးပါ
ကောက်းမြတ်ဇော်
လွန်ခဲ့သော ၆ နှစ် ကပါဆေးသုံးရရင်ကောင်းမလဲမသိဘူးဗျာ
ကောက်းမြတ်ဇော်
လွန်ခဲ့သော ၆ နှစ် ကကျွန်တော်လယ်ကအားဆေးကိုသုံးစွဲချင်ပါတယ်ဗျာ
ဦးတင်ဝင်း
လွန်ခဲ့သော ၆ နှစ် ကကျေးဇူးတင်ပါတယ် ခင်ဗျ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 4 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ
Khing Hein • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from မောင်ချမ်းသာဦး
အားလုံး
ဥယျာဥ်မှူးများအတွက် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း
08/01/2021
မြေအောက်ရေထုတ်ယူသုံးစွဲမှု လျော့ချ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့
23/12/2020
ကောက်ရိုးများကို မီးမရှို့ဘဲ အကျိုးရှိရှိအသုံးချနည်း
16/12/2020
ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များ
03/12/2020
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများအသုံးပြုမှု
18/11/2020