အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
"အလွယ်ဆုံး သဘာဝမြေသြဇာအရည်ပြုလုပ်နည်း"

"အလွယ်ဆုံး သဘာဝမြေသြဇာအရည်ပြုလုပ်နည်း"

Ye Naing Win
Ye Naing Win • Greenovator • 19/11/2019

စိုက်ပျိုးရေးက မည်သူမဆို ငွေကုန်ခံနိုင်ရင် အောင်မြင်အောင်လုပ်နိုင်ပါတယ်။ သွင်းအားစုများများ ကောင်းကောင်းသုံးရင်ပေါ့။ ဒါပေမယ့် ကိုက်အောင်၊ အကျိုးရှိ အမြတ်ရအောင်လုပ်ဖို့ကတော့ တော်တော်ခက်လှပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်နည်းနည်းနဲ့ အကျိုးရှိမယ့် မြေသြဇာလုပ်နည်းတွေ ရှိထား သိထားသင့်လှပါတယ်။ 

"အလွယ်ဆုံး သဘာဝမြေသြဇာအရည်ပြုလုပ်နည်း"

- နွားချေး တစ်ပိဿာနဲ့ ကြက်ချေးတစ်ပိဿာ (လင်းနို့ချေးပိုကောင်း)ကို အဝတ်ပါးပါး (သို့) ငါးဖမ်းတဲ့ ဇန်ပိုက်စိပ်ထဲကိုထည့်ပြီး ထုပ်ပါ။

- အဲဒီအထုပ်ကို စဉ့်အိုး၊ မြေအိုး၊ ပလက်စတစ်ပုံးထဲသို့ ရေ(၈)ဂါလံဖြင့် ထည့်စိမ်ပါ။

- (၃) ရက်ကြာစိမ်ပြီးတဲ့အခါ နွားချေး၊ ကြက်ချေးအထုပ်ကို ဆယ်ယူလိုက်ပါ။ ကျန်နေတဲ့အရည်ဟာ သဘာဝမြေသြဇာတွေဖြစ်ပါတယ်။ စိုက်ခင်းထဲတွင် အပင်များလောင်းပေးပါ။

အရွက်စားအပင်များ (ဥပမာ - ဆလပ်ရွက်၊ မုံလာရွက်)တွင် သုံးမယ်ဆိုရင် နွားချေးတစ်မျိုးတည်းအသုံးပြု၍ မြေသြဇာအရည်ပြုလုပ်ပါ။

စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ မိတ်ဆွေများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အဆင်ပြေအောင်မြင်နိုင်ပါစေ... 

ရဲနိုင်ဝင်း

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

နော်တာမလာသဂေါ်ဖော

နော်တာမလာသဂေါ်ဖော

လွန်ခဲ့သော ၃ နှစ် က

နွားချေးနဲ့ပြုလုပ်တဲ့မြေသြဇာအရည်ကို ရေနဲ့ဘယ်အချိုးအစားရောရပါလဲ။ ကျေးဇူးပါ

ဦးအေးမျိုးထက်

ဦးအေးမျိုးထက်

လွန်ခဲ့သော ၃ နှစ် က

ဆေးရည် ဘယ်လောက်ကို ရေဘယ်နှဆနဲ့သုံးရမလဲသိချင်ပါတယ်ဗျ

zawmintun

zawmintun

လွန်ခဲ့သော ၄ နှစ် က

စပါးသုံးလို့ရလား

zin zin

zin zin

လွန်ခဲ့သော ၄ နှစ် က

နွားချေးကြက်‌ချေး ရည် အပင်လောင်းဖို့တွက်ဆို ဆေးရည်တစ်ဆ ရေအဆနှစ်ဆယ် အပင်ဖြန်းဖို့တွက်ဆို နှစ်ဆယ်လီတာဆေးဖြန်းပုံးတစ်ပုံးကို ဆေးရည်ကထမင်းစားဇွန်းဆယ်ငါးဇွန်းပါရှင့် သိသလောက်မျှဝေပေးတာပါ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၄ နှစ် က

နွားချေး+ရေ အချိုး စား သိချင်ပါတယ်

You

ဆက်စပ်မေးခွန်းများ

ပန်းပွင့်တေဒီလိုဖစ်သွားပါဗျာ

ကိုချမ်း • ဖြေကြားချက် 2 ခု

မိုးရွာနေတာ ၄ရက်မြောက်​ေန့ပါခါးရိ မြစ်ပုပ် လည်လိမ်စပီးတွေ့နေရပါပီဆရာ ဆေးက၃ကြိမ်၄ကြိမ်လောက်လိုက်ရတော့မှာပါ သိချင်တာက ဘယ်ဆေးအတွဲတေကို ဘယ်နှစ်ရက်ခြားလိုက်ရမလဲ ပီးတော့ တွဲလိုက်လို့ရမည့်ဆေးတေကိုတွဲပေးပါ မိုးကရပ်ဖို့မမြင်သေးလို့ပါဆေးတွေက ကော့ပါးကာဆူမင်အတွဲ ဖိုစ့်တိုင်းအလူမီနီယမ် မက်တယ်လဇီး ပါရာကိုစတိုဗင် အဲ့တာတေရှိပါတယ်ဘယ်ကနေစဖျန်းရမယ်ကိုမသိတော့လို့ပါ

sithuaung • ဖြေကြားချက် 1 ခု

မိုးများ အောက်တက်များပြီး အပင်ကစိမ့်စွဲနေသလိုဖြစ်နေတာ အပင်အကြီးမြန်စေချင်တာပါ TBI 9 မိုလို့ပါ အဲ့တာဘာဆေးသုံးရမလဲ ခင်ဗျာ။တစ်ချို့အပင်တွေကလဲ အညွှန့်တွေလိပ်ပြီးမတက်ဘူးဖြစ်နေတယ်ဗျာ။ဆေးနည်းကောင်းလေးညွန်ပေးပါ။

ကိုနိုင်လင်းထက် • ဖြေကြားချက် 1 ခု

စပါးပင်များကိုနွားသေးနင့်စပါးခွံပေါင်းခံရေရောသုံးရင်ရမလားပေါင်းခံရေမရင်စက်ဖွဲပြာကိုရေစိမ်ပြီးရလာတဲ့စစ်ရေနဲ့ရောသုံးရင်အဆင်ပြေမဘးလားဆရာ။

U Win Zaw • ဖြေကြားချက် 1 ခု

မတ်ပဲ စိုက်ပီးသား ၁လခွဲလောက်ရှိပီး မိုးရွာတော့ အားဆေး မထိုးတတ်ဘူး ဖစ်နေတယ် ဓာတ်ဆား ပတ်လို့ အဆင်ပြေပါ့မလားဗျ

Sa Paing Ko Ko Win • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။